Xinhua Myanmar

တရုတ်ရေတပ်၏ “Auspicious Ark” ဆေးရုံသင်္ဘော အီကွေတာဂီနီနိုင်ငံသို့ ရောက်ရှိ

တရုတ်ရေတပ်၏ “Auspicious Ark” ဆေးရုံသင်္ဘော တိုဂိုနိုင်ငံ လုန်းမ်ဆိပ်ကမ်းသို့ ၂၀၂၆ ခုနှစ် နိုဝင်ဘာ ၁ ရက်က ရောက်ရှိလာစဉ် (ဆင်ဟွာ)

ယောင်အွန်ဒေး၊ နိုဝင်ဘာ ၂၀ ရက် (ဆင်ဟွာ)

Mission Harmony-2026 မစ်ရှင်အား ထမ်းဆောင်လျက်ရှိသော တရုတ်နိုင်ငံရေတပ်၏ “Auspicious Ark” ဆေးရုံသင်္ဘောသည် ဒေသစံတော်ချိန် နိုဝင်ဘာ ၁၉ ရက်တွင် အီကွေတာဂီနီနိုင်ငံ ဘာတာဆိပ်ကမ်းသို့ ရောက်ရှိခဲ့ပြီး ချစ်ကြည်ရေးခရီးစဉ် စတင်ကာ ဆေးကုသရေးဆိုင်ရာ ဝန်ဆောင်မှုများ ပံ့ပိုးပေးသွားမည်ဖြစ်သည်။ ယင်းသည် တရုတ်ရေတပ် ဆေးရုံသင်္ဘော ပထမဆုံးအကြိမ်အဖြစ် အီကွေတာဂီနီနိုင်ငံသို့ ရောက်ရှိခြင်းဖြစ်သည်။

နံနက် ၁၀ နာရီခန့်တွင် “Auspicious Ark” ဆေးရုံသင်္ဘောသည် ဘာတာဆိပ်ကမ်းသို့ ဖြည်းညင်းစွာ ဆိုက်ကပ်လာခဲ့ပြီး အလံတိုင်ထိပ်တွင် တရုတ်နှင့် အီကွေတာဂီနီ နှစ်နိုင်ငံအလံများ တလူလူ လွှင့်ထူထားသည်။ ဆေးရုံသင်္ဘောပေါ်တွင် တာဝန်ကျစစ်သည်အရာရှိများက အဖွဲ့လိုက် တန်းစီကာ လာရောက်ကြိုဆိုသူများအား လက်ပြနှုတ်ဆက်ခဲ့သည်။ ဆိပ်ကမ်းတွင် လာရောက်ကြိုဆိုသူများက ဆိုင်းဘုတ်ချိတ်ဆွဲပြီး ဆေးရုံသင်္ဘောအား လှိုက်လှဲစွာ ကြိုဆိုခဲ့သည်။ အီကွေတာဂီနီနိုင်ငံ အစိုးရနှင့် တပ်မတော် အထင်ကရအရာရှိများ၊ အီကွေတာဂီနီနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး၊ စစ်သံမှူးနှင့် သံရုံးဝန်ထမ်းများ၊ ဒေသတွင်းပြည်သူများ၊ တရုတ်နွယ်ဖွား၊ တရုတ်လူမျိုးများနှင့် တရုတ်ရင်းနှီးမြှုပ်နှံမှု အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များက ဆိပ်ကမ်းတွင် လာရောက် ကြိုဆိုခဲ့ကြသည်။

ခရီးစဉ်သွားရောက်သည့် ကာလအတွင်း မစ်ရှင်တပ်ဖွဲ့ ကွပ်ကဲရေးမှူးသည် အီကွေတာဂီနီနိုင်ငံ စစ်တပ်နှင့်အစိုးရ ခေါင်းဆောင်ပိုင်းမှ ပုဂ္ဂိုလ်များအား သွားရောက်တွေ့ဆုံမည်ဖြစ်သည်။ ဆေးရုံသင်္ဘောသည် ပင်မပလက်ဖောင်းကို အသုံးပြုကာ ဆေးကုသရေးဝန်ဆောင်မှုများ လုပ်ဆောင်သွားမည်ဖြစ်ပြီး ပညာရပ်ဆိုင်ရာဖလှယ်မှုများ လုပ်ဆောင်ရန် ဒေသတွင်းဆေးရုံသို့ ဆေးကုသရေးဆိုင်ရာအဖွဲ့ခွဲတစ်ဖွဲ့ကို စေလွှတ်မည်ဖြစ်သည်။ ထို့ပြင် မစ်ရှင်တပ်ဖွဲ့က ကုန်းပတ်ဧည့်ခံပွဲကျင်းပခြင်း၊ အီကွေတာဂီနီနိုင်ငံ အစိုးရတက္ကသိုလ်သို့ သွားရောက်၍ ကျန်းမာရေးအသိပညာပေးမှုနှင့် ယဉ်ကျေးမှုဖလှယ်မှုများ လုပ်ဆောင်သွားမည်ဖြစ်ကြောင်း သိရသည်။

တရုတ်နိုင်ငံနှင့် အီကွေတာဂီနီနိုင်ငံသည် ၁၉၇၀ ပြည့်နှစ်တွင် သံတမန်ဆက်ဆံရေးတည်ထောင်ပြီးနောက် နှစ်ဖက်ဆက်ဆံရေးသည် အစဉ်တစိုက် အဆင်ပြေချောမွေ့စွာ တိုးတက်ကောင်းမွန်ခဲ့သည်။ ၂၀၂၄ ခုနှစ် မေလတွင် နှစ်နိုင်ငံဆက်ဆံရေးကို ဘက်စုံမဟာဗျူဟာမြောက် မိတ်ဖက်ဆက်ဆံရေးအဖြစ် အဆင့်မြှင့်တင်ခဲ့သည်။ (Xinhua)

---------------------

(Chinese Version)

中国海军“吉祥方舟”号医院船抵达赤道几内亚

新华社雅温得11月19日电(记者李玥)巴塔消息:当地时间19日,执行“和谐使命-2026”任务的中国海军“吉祥方舟”号医院船抵达赤道几内亚巴塔港,开始友好访问并提供医疗服务。这是中国海军舰艇首次访问赤道几内亚。

上午10时许,“吉祥方舟”号医院船缓缓靠泊巴塔港,桅杆上中赤几两国国旗迎风飘扬。医院船上,任务人员分区列队,向欢迎人群挥手致意。码头上,欢迎人群拉起横幅,热情迎接医院船到访。赤道几内亚军政要员,中国驻赤道几内亚大使、武官和使馆工作人员,以及当地民众、华侨和中资机构代表等在码头迎接。

访问期间,任务部队指挥员将拜会赤几军政要员,医院船将利用主平台开展医疗服务并派出医疗分队赴当地医院进行学术交流。此外,任务部队还将组织甲板招待会、赴赤道几内亚国立大学开展健康宣教和文化交流。

中国与赤道几内亚自1970年10月建交以来,双边关系发展顺利。2024年5月,两国关系提升为全面战略合作伙伴关系。(完)

图说:11月1日,中国海军“吉祥方舟”号医院船抵达多哥洛美港。新华社记者 黄伟 摄

မူရင်းသတင်း — Xinhua Myanmar