
ပေကျင်း၊ နိုဝင်ဘာ ၂၀ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံ ဒုတိယဝန်ကြီးချုပ် တင်းရွှဲရှန်သည် စင်ကာပူနိုင်ငံ ဒုတိယဝန်ကြီးချုပ် ဂန်ကင်မ်ယုံး၏ ဖိတ်ကြားချက်အရ နိုဝင်ဘာလ ၂၂ ရက်မှ ၂၃ ရက်အထိ စင်ကာပူနိုင်ငံသို့သွားရောက်မည်ဟု တရုတ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူက နိုဝင်ဘာ ၂၀ ရက်၌ သတင်းထုတ်ပြန်ပြောကြားခဲ့သည်။
တရုတ်ကွန်မြူနစ်ပါတီ (CPC) ဗဟိုကော်မတီ နိုင်ငံရေးဗျူရို အမြဲတမ်းကော်မတီဝင်တစ်ဦးလည်းဖြစ်သူ တင်းရွှဲရှန်သည် စင်ကာပူ ဒုတိယဝန်ကြီးချုပ် ဂန်ကင်မ်ယုံးနှင့်အတူ နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှု ယန္တရားဆိုင်ရာအစည်းအဝေးများကို ပူးတွဲကြီးမှူးကျင်းပသွားမည်ဟု ပြောရေးဆိုခွင့်ရှိသူက ပြောကြားသည်။
အဆိုပါ အစည်းအဝေးများတွင် တရုတ်-စင်ကာပူ နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာပူးတွဲကောင်စီ၏ ၂၂ ကြိမ်မြောက် အစည်းအဝေး၊ တရုတ်-စင်ကာပူ စူးကျိုးစက်မှုဥယျာဉ်ပူးတွဲဦးဆောင်ကောင်စီ၏ ၂၇ ကြိမ်မြောက်အစည်းအဝေး၊ တရုတ်-စင်ကာပူ ထျန်းကျင်း ဂေဟမြို့တော်ပူးတွဲဦးဆောင်ကောင်စီ၏ ၁၈ ကြိမ်မြောက်အစည်းအဝေးနှင့် တရုတ်-စင်ကာပူ(ချုံချင့်)မဟာဗျူဟာမြောက်ချိတ်ဆက်မှုဆိုင်ရာ စံပြစီမံကိန်းပူးတွဲဦးဆောင်ကောင်စီ၏ ၁၀ ကြိမ်မြောက်အစည်းအဝေးတို့လည်းပါဝင်ကြောင်း ပြောရေးဆိုခွင့်ရှိသူက ပြောကြားခဲ့သည်။ (Xinhua)
....................................
(English version)
Chinese vice premier to visit Singapore
BEIJING, Nov. 20 (Xinhua) Chinese Vice Premier Ding Xuexiang will visit Singapore from November 22 to 23 at the invitation of Deputy Prime Minister of Singapore Gan Kim Yong, a Chinese foreign ministry spokesperson announced on Friday.
Ding, member of the Standing Committee of the Political Bureau of the Communist Party of China (CPC) Central Committee, will co-chair with Gan bilateral cooperation mechanism meetings, the spokesperson said.
The meetings include the 22nd meeting of the China-Singapore Joint Council for Bilateral Cooperation, the 27th meeting of the China-Singapore Suzhou Industrial Park Joint Steering Council, the 18th meeting of the China-Singapore Tianjin Eco-City Joint Steering Council, and the 10th meeting of the China-Singapore (Chongqing) Demonstration Initiative on Strategic Connectivity Joint Steering Council, according to the spokesperson. ■
Photo caption: Chinese Vice Premier Ding Xuexiang, also a member of the Standing Committee of the Political Bureau of the Communist Party of China (CPC) Central Committee, addresses the opening ceremony of the 2026 Zhongguancun Forum (ZGC Forum) Annual Conference in Beijing, capital of China, March 25, 2026. (Xinhua/Gao Jie)