Voice of Myanmar

အဂတိလိုက်စားတာတွေ ဘယ်လိုတိုက်ဖျက်မလဲ

နိုင်ငံ​တော်သမ္မတရုံးရဲ့ ဒုတိယအကြိမ် သတင်းစာရှင်းလင်းပွဲကို ဒီ​နေ့ ၂၀-၁၁-၂၀၆​နေ့မှာ နေပြည်​တော်က သမ္မတရုံး ရှင်းလင်းပွဲခန်းမ​ဆောင်မှာ ကျင်းပခဲ့ပါတယ်။

ဒီ​နေ့ သတင်းစာရှင်းလင်းပွဲမှာ VOM ရဲ့ အယ်ဒီတာချုပ် ကို​နေလင်းက နိုင်ငံရဲ့​နေရာအ​တော်များများမှာ တိုက်ပွဲ​​တွေကြောင့် ငြိမ်းချမ်း​ရေးလုပ်ငန်းစဥ်က ​နောက်ပြန်သွားသလိုဖြစ်​နေပြီး မငြိမ်းချမ်း​ခြင်းရဲ့အကျိုးဆက် စီးပွား​ရေးမတည်ငြိမ် ကျဆင်းတာ ပြည်သူဘဝကျပ်တည်းတာခံစား​နေရတဲ့ အ​ခြေအ​နေ​မှာ သမ္မတကြီးရဲ့ မူဝါဒ​တွေ​ကောင်း​ပေမယ့် ​အောက်​ခြေမှာ ဖြစ်ချင်သလိုဖြစ် အဂတိလိုက်စားတာများ​​တော့ လူထုမ​ပြေလည်ဖြစ်​နေပြီး အ​ပေါ်က လက်နဲ့​ရေး​တာကို ​​အောက်​က ဝန်ထမ်း​​တွေ ​ခြေနဲ့ဖျက်သလိုဖြစ်​နေတဲ့ အ​ခြေအ​နေ​တွေကို ​ဘယ်လိုစီစဥ်မလဲလို့ မေးမြန်းခဲ့ပါတယ်။

ဒီ​မေးခွန်းကို နိုင်ငံ​တော်သမ္မတရုံး ဒုတိယဝန်ကြီး ​ဒေါက်တာခိုင်ခိုင်စိုး နဲ့ အဂတိ လိုက်စားမှုတိုက်ဖျက်​ရေး​ကော်မရှင် တာဝန်ရှိသူတဦးက ​ဖြေကြားထားတာကို တင်ပြလိုက်ပါတယ်။

ရိုက်ကူး တည်းဖြတ် ရှိုင်း​အောင်

မူရင်းသတင်း — Voice of Myanmar