မိတ္ထီလာ နိုဝင်ဘာ ၂၁
မြန်မာနိုင်ငံလူငယ်ရေးရာဗဟိုကော်မတီနှင့် မန္တလေးတိုင်းဒေသကြီး လူငယ်ရေးရာကော်မတီတို့ ပူးပေါင်းကျင်းပသည့် ကျေးလက်လူငယ် ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့နံနက် ၁၀ နာရီက မိတ္ထီလာခရိုင် စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီ အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အဆိုပါ လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် မြန်မာနိုင်ငံလူငယ်ရေးရာဗဟိုကော်မတီ ဒုတိယဥက္ကဋ္ဌ(၁)၊ လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမောင်သင်းနှင့် မန္တလေးတိုင်းဒေသကြီး လူငယ်ရေးရာကော်မတီ ဒုတိယဥက္ကဋ္ဌ၊ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ရှမ်းတိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး ဦးစိုင်းအောင်ကြည်တို့က အဖွင့်အမှာစကား ပြောကြားကြသည်။
အစည်းအဝေးတွင် လူငယ်ရေးရာမူဝါဒဆိုင်ရာ အမျိုးသားအဆင့်မဟာ ဗျူဟာစီမံချက်ပါ ကဏ္ဍများနှင့်ပတ်သက်၍ မိတ္ထီလာခရိုင် လူငယ်ရေးရာကော်တီဥက္ကဋ္ဌ၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးအောင်မြင့်ဦးက ပညာရေးကဏ္ဍ၊ ကျန်းမာရေးကဏ္ဍ၊ မူးယစ်ဆေးဝါးနှင့် အခြားဘေးဖြစ်စေတတ်သည့် အန္တရာယ်များကဏ္ဍ၊ အားကစားနှင့်အပန်းဖြေခြင်းကဏ္ဍ၊ သယံဇာတ သုံးစွဲမှုနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးကဏ္ဍ၊ အလုပ်အကိုင်အခွင့်အလမ်းကဏ္ဍ၊ စီးပွားရေးကဏ္ဍ၊ စာပေ၊ အနုပညာနှင့် ယဉ်ကျေးမှုကဏ္ဍများနှင့် ပတ်သက်၍လည်းကောင်း၊ ဗဟိုပို့ဆောင်ဆက်သွယ်ရေးကျောင်း၊ ဗဟိုစက်မှုလယ်ယာသင်တန်းကျောင်း၊ အစိုးရနည်းပညာအထက်တန်းကျောင်း၊ အစိုးရစက်မှုလက်မှုသိပ္ပံကျောင်း၊ ရက်ကန်းသင်တန်းကျောင်းနှင့် သူနာပြုသင်တန်းကျောင်းတို့မှ တာဝန်ရှိသူများက ကဏ္ဍများအလိုက် ကျေးလက်လူငယ်ဖွံ့ဖြိုး တိုးတက်ရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိသည့် အခြေအနေများကို လည်းကောင်း ဆွေးနွေးတင်ပြကြသည်။
ထို့ပြင် မြန်မာနိုင်ငံ လူငယ်ရေးရာဗဟိုကော်မတီ ဒုတိယဥက္ကဋ္ဌ(၁)၊ ပြည်ထောင်စုဝန်ကြီးက ဆွေးနွေးတင်ပြမှုများအပေါ် ထပ်ဆင့်ဆွေးနွေးပြီး လက်တွေ့အကောင်အထည် ဖော်ဆောင်နိုင်မည့် ကျေးလက်လူငယ် ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်း စီမံချက်ရေးဆွဲနိုင်ရေး မှာကြား၍ နိဂုံးချုပ်အမှာစကား ပြောကြားခဲ့ကြောင်း သိရသည်။ ခရိုင်(ပြန်/ဆက်)