ဖလမ်း နိုဝင်ဘာ ၂၁
ဖလမ်းမြို့၌ မြို့နယ်သာသနာရေး ဦးစီးဌာနရုံး အဆောက်အအုံ ပြုပြင်ပြီးစီးမှု၊ ပြည်တွင်းအခွန်များ ဦးစီးဌာန၊ မြို့နယ်အခွန်ဦးစီးဌာနမှူးရုံး အဆောက်အအုံပြုပြင်ပြီးစီးမှု အခြေအနေနှင့် ဆိုလာမီး တပ်ဆင်ထားရှိမှု၊ ရုံးလုပ်ငန်းများ ဆောင်ရွက်နေမှု၊ ဝန်ထမ်းအိမ်ရာများ ပြုပြင်ပြီးစီးမှုနှင့် ဝန်ထမ်းမိသားစုများ အခြေချနေထိုင်နေမှုများကို ယမန်နေ့နံနက်ပိုင်းတွင် ချင်းပြည်နယ်အတွင်း ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်ရန်ရောက်ရှိနေသည့် နယ်စပ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ် ကျော်ကျော်ဟန်သည် ချင်းပြည်နယ်လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ခင်မောင်ထွေး၊ ချင်းပြည်နယ်အတွင်း ပြန်လည်ထူထောင်ရေးနှင့် ပြန်လည်တည်ဆောက်ရေး ကော်မတီဝင်များနှင့်အတူ သွားရောက်ကြည့်ရှုစစ်ဆေးသည်။
ထိုမှတစ်ဆင့် လမ်းဦးစီးဌာန၊ ရိပ်သာဟောင်းပြုပြင်ပြီးစီးမှု၊ ဆိုလာမီးတပ်ဆင်ထားရှိမှုနှင့် ရိပ်သာအဟောင်းတွင် ယာယီရုံးဖွင့်လှစ်ကာ ရုံးလုပ်ငန်းများဆောင်ရွက်နေမှုကို ကြည့်ရှုစစ်ဆေးကာ ဝန်ထမ်းများအား နှုတ်ဆက်အားပေးစကား ပြောကြားသည်။
ဆက်လက်၍ ခရိုင်လမ်းဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူးရုံး (၃)ထပ်ဆောင် ရာနှုန်းပြည့် ပြုပြင်ပြီးစီးမှုနှင့် ယင်းအဆောက်အအုံတွင် ခရိုင်နှင့်မြို့နယ်တရားရုံး ယာယီဖွင့်လှစ်ထားရှိမှု၊ လမ်းဦးစီးဌာန ရိပ်သာအသစ် ရာနှုန်းပြည့်ပြုပြင်ပြီးစီးမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးရာ ချင်းပြည်နယ် ပြန်လည်ထူထောင်ရေးနှင့် ပြန်လည်တည်ဆောက်ရေးလုပ်ငန်းကော်မတီ ဥက္ကဋ္ဌက လုပ်ငန်းဆောင်ရွက်ပြီးစီးမှုနှင့် ဆက်လက်ဆောင်ရွက်မည့် အစီအမံများကို ရှင်းလင်းတင်ပြရာ ဒုတိယဝန်ကြီးက လိုအပ်ချက်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးကြောင်း သိရသည်။ ခရိုင်(ပြန်/ဆက်)