ဂမ်ဘီယာနိုင်ငံက မြန်မာနိုင်ငံသည် လူမျိုးသုဉ်းစေမှုကိုတားဆီးရေးနှင့် ပြစ်ဒဏ်ပေးရေးဆိုင်ရာ သဘောတူစာချုပ် (Genocide Convention) ပါ တာဝန်ဝတ္တရားများကို ချိုးဖောက်သည်ဟု စွပ်စွဲတင်သွင်းလာသည့် အမှုအပေါ် အပြည်ပြည်ဆိုင်ရာတရားရုံးက ၂၀၂၆ ခုနှစ်၊ နိုဝင်ဘာလ ၁၉ ရက်တွင် စီရင်ချက်ချမှတ်ခဲ့သည်။
ယင်းသို့သော စွပ်စွဲချက်များသည် ကြီးလေးသောစွပ်စွဲမှုဖြစ်သဖြင့် မြန်မာနိုင်ငံအစိုးရက အထူးအလေးထား၍ ကိုင်တွယ်ဆောင်ရွက်ခဲ့သည်။ တရားရုံးတွင် အမှုစတင်တင်သွင်းသည့် ၂၀၁၉ ခုနှစ် နိုဝင်ဘာလမှစ၍ (၇)နှစ်တာကာလအတွင်း မြန်မာနိုင်ငံအနေဖြင့် တရားရင်ဆိုင်မှုတွင် ရိုးဖြောင့်စွာဖြင့် ပါဝင်ခဲ့ပြီး၊ တရားရုံး၏ ကြားဖြတ်စီမံဆောင်ရွက်ချက် အစီရင်ခံစာတင်သွင်းရန် အမိန့်နှင့်အညီ အစီရင်ခံစာ(၁၃)စောင် တင်သွင်းခဲ့သည်။
အမှု၏အဓိကအချက်ဖြစ်သော လူမျိုးသုဉ်းစေမှု ကျူးလွန်မှု ရှိ/မရှိ ကိစ္စအပေါ် ထောက်ခံမဲ (၉)မဲ၊ ကန့်ကွက်မဲ (၆)မဲ၊ အများစုမဲအသာဖြင့်ဆုံးဖြတ်ခဲ့သည့် တရားရုံး၏စီရင်ချက်အပေါ် မြန်မာနိုင်ငံအနေဖြင့် များစွာစိတ်ပျက်အားလျော့မိသည်။ တရားရုံးဒုတိယဥက္ကဋ္ဌနှင့် သက်တမ်းအရင့်ဆုံး တရားသူကြီးများပါဝင်သည့် တရားသူကြီး (၅)ဦး၊ စုစုပေါင်း တရားသူကြီး (၆)ဦး၏ သဘောထားကွဲလွဲမှု အမြင်အရ တရားရုံးသည် ရေရှည်ကြာမြင့်စွာ ကျင့်သုံးလာခဲ့သည့် အစဉ်အလာစီရင်ထုံးဖြစ်သော လူမျိုးသုဉ်းစေမှုကျူးလွန်သည်ဟု ဆုံးဖြတ်ရာတွင်ထားရှိ ရမြဲသက်သေ အဆင့်အတန်းများမှ သွေဖည်ခဲ့သည်။ တရားသူကြီးအများအပြားကလည်းတရားရုံးသို့ တင်ပြသည့် သက်သေအထောက်အထားများ၏ ခိုင်မာမှု၊ ယင်းသက်သေခံများအား လက်ခံခဲ့မှုများနှင့်ပတ်သက်၍ စိုးရိမ်ပူပန်ကြောင်း ဖော်ပြခဲ့ကြသည်။
စာမျက်နှာ စုစုပေါင်း (၁၈၆) မျက်နှာရှည်လျားသော တရားရုံး၏ဆုံးဖြတ်ချက်သည် ရှုပ်ထွေးလှသည်။ ထို့အပြင် စာမျက်နှာ စုစုပေါင်း (၂၆၉)မျက်နှာအထိရှိသည့် တရားသူကြီးများ၏ စီရင်ချက်အပေါ် သီးခြားအမြင်များ၊ သဘောထားကွဲလွဲသည့် အမြင်များမှာလည်း (၁၇)ခုအထိရှိခဲ့ရာ တရားသူကြီးများအကြား သဘောထားအမြင်ကွဲပြားမှုများကို ထင်ဟပ်နေသည်။
Genocide Convention ပါ တာဝန်ဝတ္တရားများကိုချိုးဖောက်သည်ဟု စွပ်စွဲထားခြင်းသည် ကြီးလေးသောပြစ်မှုဖြစ်သည်။ တရားရုံးအမိန့်ကို သဘောထားအမြင်ကွဲလွဲမှုများ (Dissenting Opinion)ဖြင့် ချမှတ်ခဲ့ခြင်းဖြစ်၍ တစ်ညီတစ်ညွတ်တည်း အတည်ပြုဆောင်ရွက်ခဲ့ခြင်း (Unanimous) မဟုတ်ကြောင်း တွေ့ရှိရပါသည်။ တရားသူကြီးများ၏ တူညီသောသဘောဆန္ဒများနှင့် အပြည်ပြည်ဆိုင်ရာဥပဒေအရ သက်သေပြရန်စံနှုန်းများ (Standard of Proof) ဖြစ်သော သံသယကင်းလွတ်သည် အထိသက်သေပြရန် (Beyond reasonable doubt) တာဝန်များသည် ယခုကဲ့သို့လူမျိုးသုဉ်း သတ်ဖြတ်မှု (Genocide) ကိုဆုံးဖြတ်ရာတွင် အထူးအလေးအနက်ထား ဆောင်ရွက်ရမည့် အချက်များဖြစ်ပါသည်။ ရုံးတော်သို့ တင်ပြထားသည့် FFM နှင့် NGOs တို့သည် တရားရုံးတင်စစ်ဆေးမှုများ၊ အထူးသဖြင့် ယခုကဲ့သို့ သက်သေပြရန် စံနှုန်းအမြင့်မားဆုံးကိစ္စများတွင် အသုံးပြုရန်သင့်လျော်သည့် အထောက်အထားများပြုစုရန်အတွက် ကျွမ်းကျင်မှု၊ အရင်းအမြစ်များနှင့် လုပ်ပိုင်ခွင့် သတ်မှတ်ပေးထားမှုမရှိပါ။ FFM နှင့် NGOs အစီရင်ခံစာများသည် တရားရုံးတွေ့မြင်နိုင်ခြင်းမရှိသည့် အခြားအချက်များကို တစ်ဆင့်ကြား ဖော်ပြရေးသားထားရုံမျှသာဖြစ်သည်။
မြန်မာနိုင်ငံအနေဖြင့်လည်း ဂမ်ဘီယာနိုင်ငံ၏စွပ်စွဲချက်များနှင့် ကိုးကားထားသော အစီရင်ခံစာများမှာ ပကတိအခြေအနေနှင့် ကင်းကွာနေပြီး မှားယွင်းစွာ စွပ်စွဲထားကြောင်း၊ ၂၀၁၆-၂၀၁၈ ခုနှစ်က ရခိုင်ပြည်နယ်မြောက်ပိုင်းတွင် ပြုလုပ်ခဲ့သော အကြမ်းဖက်ချေမှုန်းရေး ဆောင်ရွက်မှုများသည် လူမျိုးသုဉ်းစေရန်ရည်ရွယ်ချက် (Genocidal Intent) ဖြင့် ဆောင်ရွက်ခဲ့ခြင်းမဟုတ်ကြောင်း၊ ARSA အကြမ်းဖက်အဖွဲ့၏ ကျယ်ပြန့်သော အကြမ်းဖက်တိုက်ခိုက်မှုများကို တိုက်ရိုက်တုံ့ပြန်သည့် ရက်ပိုင်းမျှသာကြာမြင့်ပြီး ကန့်သတ်ထိန်းချုပ်၍ ဆောင်ရွက်ခဲ့သော စစ်ဆင်ရေးများသာဖြစ်ကြောင်း၊ ARSA ၏ ခြိမ်းခြောက်မှု၊ တိုက်ခိုက်မှု၊ ဖျက်ဆီးမှု၊ သတ်ဖြတ်မှု၊ အကြမ်းဖက်မှုများကြောင့် မြို့၊ ရွာများ ပျက်စီးခဲ့ရပြီး ဒေသခံနေထိုင်သူများနှင့် ဘင်္ဂါလီများ နေရပ်စွန့်ခွာထွက်ပြေးခဲ့ရခြင်း ဖြစ်ကြောင်းတို့ကို ဥပဒေကြောင်းအရ ခိုင်မာသည့်အချက်အလက်များ၊ သက်သေအထောက်အထား မှတ်တမ်းများကို တိကျသေချာစွာပြုစုပြီး စာဖြင့်ရေးသား၍လည်းကောင်း၊ နှုတ်ဖြင့်လည်းကောင်း လျှောက်လဲတင်ပြခဲ့သည်။
ARSA ၏ နယ်စပ်လုံခြုံရေးစခန်းများကို တိုက်ခိုက်ရန်နှင့် မောင်တော၊ ဘူးသီးတောင်၊ ရသေ့တောင်တို့တွင် မတည်ငြိမ်မှုများ ဖြစ်ပွားစေရန်၊ ဖန်တီးရန်ကြံစည် ဆောင်ရွက်မှုများသည် မြန်မာနိုင်ငံရဲတပ်ဖွဲ့နှင့် လုံခြုံရေးတပ်ဖွဲ့များ၏ တုံ့ပြန်မှုကိုရရှိပြီး နိုင်ငံတကာ အသိုက်အဝန်း၏ စိတ်ဝင်စားမှုရယူရန် ကြိုးပမ်းမှုများဖြစ်ကြောင်းကိုလည်း တင်ပြခဲ့သည်။ လက်ရှိအချိန်ထိလည်း ARSA သည် ဘင်္ဂလားဒေ့ရှ်ဒုက္ခသည်စခန်းများတွင် အာဏာလွှမ်းမိုးမှု ရှိနေသေးကြောင်း သက်သေပြခဲ့သည်။ ယင်းသို့သော မြေပြင်အခြေအနေများ တင်ပြခဲ့လင့်ကစားတရားရုံး၏ ဆုံးဖြတ်ချက်သည် ယင်းအချက်များကို ထင်ဟပ်ခြင်းမရှိသည်မှာ ဝမ်းနည်းဖွယ် ဖြစ်သည်။
မြန်မာနိုင်ငံသည် ရခိုင်ပြည်နယ်မြောက်ပိုင်းတွင် လူသားချင်း စာနာထောက်ထားမှုနှင့် နေရပ်စွန့်ခွာသူများ ပြန်လည်ထူထောင်ရေးကိစ္စရပ်များကို ပြည်တွင်းဥပဒေ၊ နိုင်ငံတကာကျင့်သုံး ဆောင်ရွက်မှုများ၊ တည်ဆဲနှစ်နိုင်ငံသဘောတူစာချုပ်များ၊ ဆောင်ရွက်ဆဲအပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး လုပ်ငန်းစဉ်များနှင့်အညီ ဆက်လက်အကောင်အထည်ဖော်သွားမည် ဖြစ်သည်။ ထို့ပြင် နိုင်ငံ၏ နယ်နိမိတ်အတွင်း အမှန်တကယ်နေထိုင်ခဲ့ပြီး လက်ရှိတွင် ဘင်္ဂလားဒေ့ရှ် နိုင်ငံ၌ရောက်ရှိနေသော နေရပ်စွန့်ခွာသူများကို စိစစ်လက်ခံရေးနှင့် ဘေးကင်းလုံခြုံပြီး ၎င်းတို့၏ ဆန္ဒအလျောက် ဂုဏ်သိက္ခာရှိစွာ နေထိုင်နိုင်ရေးအတွက် ပြန်လည်လက်ခံရေးနှင့် နေရာချထားရေး လုပ်ငန်းစဉ်တို့ကိုလည်း အခြေအနေပေးသည်နှင့်အမျှ မြန်မာပြည်သူများ၏ အကျိုးစီးပွားနှင့် နိုင်ငံ့အချုပ်အခြာအာဏာကို မထိခိုက်စေဘဲ ဆက်လက်ဆောင်ရွက်သွားမည် ဖြစ်သည်။
ရခိုင်အရေးကိစ္စသည် ရှုပ်ထွေးသော သမိုင်းနောက်ခံအခြေအနေ၊ လူမျိုးရေးနှင့် ဘာသာရေး အခြေခံများရှိနေပြီး အထူးသဖြင့် ဤကိစ္စသည် မြန်မာနိုင်ငံ၏ ပြည်တွင်းရေးကိစ္စသက်သက်သာ ဖြစ်သည်။ နိုင်ငံတကာအသိုင်းအဝိုင်းအနေဖြင့် မြန်မာနိုင်ငံ၏ အချုပ်အခြာအာဏာ၊ လွတ်လပ်မှုနှင့် နယ်မြေတည်တံ့ခိုင်မြဲရေးကို လေးစားလျက် မြန်မာနိုင်ငံရင်ဆိုင်နေရသည့် အခက်အခဲနှင့် စိန်ခေါ်မှုများကို ဓမ္မဓိဋ္ဌာန်ကျကျရှုမြင်သင့်ပြီး အခြေအနေပိုမိုကောင်းမွန်စေရေးအတွက် အပြုသဘောဖြင့် ပူးပေါင်းပါဝင်သင့်ပါကြောင်းနှင့် မြန်မာနိုင်ငံအစိုးရအနေဖြင့် စီရင်ချက်ကိုအချိန်ယူ၍ အလေးထား လေ့လာသွားမည် ဖြစ်ပါကြောင်း ဖော်ပြအပ်သည်။
နိုင်ငံခြားရေးဝန်ကြီးဌာန
၂၀၂၆ ခုနှစ်၊ နိုဝင်ဘာလ ၂၀ ရက်