Myanmar Digital News

ပုသိမ်မြို့၌ ကမ္ဘာ့ကလေးများနေ့အခမ်းအနားကျင်းပ

ပုသိမ် နိုဝင်ဘာ ၂၁

(၃၇)နှစ်မြောက် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကုလသမဂ္ဂကွန်ဗင်းရှင်း နှစ်ပတ်လည်အထိမ်းအမှတ် "ကမ္ဘာ့ကလေးများနေ့" အခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက ပုသိမ်မြို့ မြို့တော်ခန်းမ၌ ကျင်းပသည်။

တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးအေးကျော်က ကလေးများ၏ မွေးရာပါအခွင့်အရေးများ အပြည့်အဝရရှိစေရေးနှင့် မဆုံးရှုံးစေရေးအတွက်ဌာနဆိုင်ရာများ၊ မိဘများနှင့် ပြည်သူတစ်ရပ်လုံး သိရှိဖြည့်ဆည်းပေးပြီး ကလေးတိုင်း အကြားအလပ်မရှိ အခွင့်အရေးများ တန်းတူရရှိနိုင်ရန်အတွက် ကလေးသူငယ်အခွင့်အရေးများ ဆိုင်ရာကော်မတီအဖွဲ့ဝင်များ၊ အစိုးရမဟုတ်သော စေတနာ့ဝန်ထမ်းအဖွဲ့ အစည်းများအပါအဝင် သက်ဆိုင်ရာ ကဏ္ဍအသီးသီးမှ ပုဂ္ဂိုလ်များအနေဖြင့် စဉ်ဆက်မပြတ် ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ပေးကြရန်” ပြောကြားသည်။

ထို့နောက် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီး ဌာနကပေးပို့သည့် မှတ်တမ်းဗီဒီယိုနှင့် ရင်သွေးငယ်များ၏ ကပြဖျော်ဖြေမှုများကို ကြည့်ရှုအားပေးပြီး ကပြဖျော်ဖြေသည့် ရင်သွေးငယ်များကို ဂုဏ်ပြုလက်ဆောင်များ ပေးအပ်ကြသည်။

“ကုလသမဂ္ဂ အဖွဲ့ကြီးက ယခုနှစ်ပေးပို့လာသည့် ဆောင်ပုဒ်မှာ "My day. My rights. My future ကလေးများ အနာဂတ်လှပရေး နေ့စဉ်အခွင့်အရေးများမြှင့်တင်ပေး” ဖြစ်ပါကြောင်း၊ ကလေးသူငယ်များသည် နိုင်ငံ၏အနာဂတ်ကြယ်ပွင့်လေးများ ဖြစ်ကြသည့်အတွက် ကလေးများအားလုံး၏ အနာဂတ်လှပကောင်းမွန်စေရေးအတွက် တာဝန်ရှိသူ၊ ပါဝင်ပတ်သက်သူများအနေဖြင့် ကလေးသူငယ်များ၏ အခွင့်အရေးများကို ပြည့်ဝစွာရရှိစေရေး ဝိုင်းဝန်းမြှင့်တင်ပေးနိုင်ရန်နှင့် ကလေးများအရေးကို ကလေးတို့ ကိုယ်တိုင်ပါဝင် ဆောင်ရွက်ခွင့်ရရှိစေရန် နေ့စဉ်လုပ်ဆောင်မှုများ ဖန်တီးဆောင်ရွက်ပေးနိုင်ရန် ရည်ရွယ်ခြင်း ဖြစ်ကြောင်းသိရသည်။ တိုင်းဒေသကြီး(ပြန်/ဆက်)

မူရင်းသတင်း — Myanmar Digital News