Myanmar National Post

နာဂဒေသဦးစီးအဖွဲ့ဥက္ကဋ္ဌ ဦးလှထွန်းလဟယ်မြို့ပေါ် ရပ်ကွက် တိရစ္ဆာန်ကောင်ရေရှေ့ပြေး စာရင်းကောက်ယူနေမှုကြည့်ရှုအားပေး


လဟယ်  ၊   နိုဝင်ဘာ ၂၁

စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ လဟယ်မြို့တွင် ၂၀၂၆ ခုနှစ်၊ တိရစ္ဆာန်ကောင်ရေစာရင်းရှေ့ပြေးကောက်ယူခြင်းလုပ်ငန်းကို နိုဝင်ဘာလ ၂၀ ရက်နေ့မှစတင်၍ လဟယ်မြို့(တိုးချဲ့-၁) ရပ်ကွက်တွင်စတင်ကောက်ယူလျက်ရှိရာ ယမန်နေ့နံနက် ၉ နာရီက နာဂဒေသဦးစီးအဖွဲ့ဥက္ကဋ္ဌ ဦးလှထွန်းနှင့်အတွင်းရေးမှူး ဦးညီညီထွေးနှင့်ဦးစီးအဖွဲ့၀င်များ၊ ဒေသ/မြို့နယ်တိရစ္ဆာန်ကောင်ရေစာရင်းကောက်ယူရေးကော်မတီဝင်များလိုက်ပါ၍ ကြည့်ရှုအားပေးသည်။

အဆိုပါ တိရစ္ဆာန်ကောင်ရေစာရင်းကောက်ယူခြင်းလုပ်ငန်းကို တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ၂၀၂၆ ခုနှစ်၊ ဒီဇင်ဘာလအတွင်းအပြီး ကောက်ယူမည်ဖြစ်ပြီး တိရစ္ဆာန် ကောင်ရေစာရင်းကောက်ယူခြင်းဖြင့် ဒေသအလိုက်တိုးပွားမှု စံနှုန်းများကို မှန်ကန်စွာပြင်ဆင် တွက်ချက်နိုင်ပြီး၊ ဒေသတစ်ခုခြင်းစီ၏ ရာသီဥတုနှင့် မြေပြင်အခြေအနေအရ ဖြစ်ထွန်းအောင်မြင်နိုင်သည့်မွေးမြူရေးလုပ်ငန်းများကို အထူးပြုစနစ်တကျ ဖော်ဆောင်ပေးနိုင်မည်ဖြစ်ပြီး လဟယ်မြို့နယ်တွင် မြို့ပေါ်ရပ်ကွက်(၅) ရပ်ကွက်နှင့်ကျေးရွာ(၉၉)ရွာမှ အိမ်ခြေအိမ်ထောင်စု စုစုပေါင်း (၉၉၂၇)အား ကောက်ယူသွားမည်ဖြစ်ကြောင်း မြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဒေါက်တာအောင် ကျော်မင်း ထံမှသိရသည်။

https://t.me/MyanmarNationalPost

မူရင်းသတင်း — Myanmar National Post