CarsDB

ကမ္ဘာ့ကံအဆိုးဆုံးလူသား (သို့မဟုတ်) သေမင်းကို ၇ ကြိမ် ကျီစယ်ခဲ့ပြီးနောက် ကျန်းမာ၊ ထီပေါက်၊ မယား ၅ ယောက်ရခဲ့သူ

ဖရိန်း ဆီလက်ခ်ကို ကမ္ဘာ့ကံအဆိုးဆုံးလူသားဟု ရည်ညွှန်းပြောဆိုကြသည်။

ဖရိန်း ဆီလက်ခ်၊ သူသည် ကမ္ဘာ့ ကံအဆိုးဆုံး လူသားဖြစ်သလို သူသည်ပင် ကမ္ဘာ့ကံအကောင်းဆုံး လူသားလည်း ဖြစ်သည်။

ဖရိန်းဆီလက်ခ် (မွေး ၁၉၂၉- ကွယ်လွန် ၂၀၁၆) သည် ခရိုအေးရှားနိုင်ငံသား ဂီတနည်းပြဆရာတစ်ဦး ဖြစ်သည်။

၁၉၆၅ ခုနှစ်၊ ဇန်နဝါရီလတွင် ဖရိန်းသည် အေးစိမ့်ကာ မိုးသည်းထန်သော ချောက်ကမ်းပါးတစ်ခုကို ရထားဖြင့် လိုက်ပါ ဖြတ်သန်းခဲ့သည်။

တစ်နေရာတွင် ရထားမှာ လမ်းချော်သွားပြီး မြစ်ထဲသို့ ထိုးကျတော့သည်။

ရထား၏ အဖြစ်ဆိုးကို မြင်လိုက်သော အနီးတွင် ရှိနေသူတစ်ဦးက လာရောက်ကယ်ဆယ်ခဲ့ရာ ဖရိန်းမှာ မြစ်ထဲမှ မသေမပျောက် ကမ်းပေါ် ပြန်ရောက်ခဲ့သည်။

ရထားထဲတွင် ပိတ်မိနေသူ ၁၇ ဦးမှာမူ ကံဆိုးစွာဖြင့်ပင် မြစ်ကြမ်းပြင်သို့ ရထားနှင့်အတူ နစ်မြုပ်သွားခဲ့သည်။

ဖရိန်းမှာ သေမင်းနှင့် လက်တစ်ကမ်းအလိုသို့ ရောက်ရှိခဲ့ခြင်း ဖြစ်သည်။

နောက်နှစ် ၁၉၆၆ သို့ ရောက်သောအခါတွင် ဖရိန်းမှာ လေယာဉ်ခရီးသွားခဲ့ပြန်သည်။ ထိုခရီးမှာ သူ၏ တသက်တာတွင် တစ်ကြိမ်တည်းသာ စီးဖူးသော လေကြောင်းခရီးစဉ်လည်း ဖြစ်သည်။

လေယာဉ်မှာ ပျံသန်းနေစဉ်အတွင်း ချွတ်ယွင်းမှုဖြစ်ပွားကာ ဖရိန်းမှာ လေယာဉ်ပေါ်မှ လွင့်စင် ပြုတ်ကျသွားခဲ့သည်။

သို့သော် ကောက်ရိုးပုံတစ်ခုပေါ်သို့ ပြုတ်ကျကာ သေကံမရောက် သက်မပျောက်ခဲ့ချေ။

ထိုလေယာဉ်မှာ ကွင်းပြင်တစ်ခုထဲသို့ ပျက်ကျသွားပြီး လိုက်ပါလာသူ ခရီးသည် ၁၉ ဦးလုံး သေဆုံးသွားခဲ့သည်။

သေမင်း၏ လက်မှ နောက်တစ်ကြိမ် လက်မတင်လေး ထပ်မံလွတ်မြောက်သွားပြန်သည်။

ဖရိန်းမှာ သေလုနီးပါး အခြေအနေမျိုး ၂ ကြိမ်တိုင် ရင်ဆိုင်ခဲ့ရသောကြောင့် အလွန်ကံဆိုးလှသည်ဟု ဆိုရမည်။

သို့သော် မစ္စတာ ဖရိန်းအတွက် ထပ်မံရင်ဆိုင်ရမည့် အကြောင်းရပ်များစွာ ရှိနေသေးသည်။

Soueast S09 2025

2,590 သိန်း

Toyota Vitz 2006

810 သိန်း

Jetour X70 2020

1,680 သိန်း

Soueast DX3 2020

1,580 သိန်း

Suzuki Carry 2007

556 သိန်း

GAC GN8 2020

3,200 သိန်း

Suzuki Ertiga 2017

1,380 သိန်း

Toyota Mark X 2006

1,350 သိန်း

Honda Fit GE6 2009

Call for Price

Toyota Alphard 2008

3,200 သိန်း

● ၁၉၆၆ ခုနှစ် = ဖရိန်း လိုက်ပါလာသော ဘတ်စ်ကားမှာ မြစ်ထဲသို့ ထိုးကျခဲ့ရာ လူ ၄ ဦး သေဆုံးခဲ့သည်။ ဖရိန်းမှာမူ ပွန်းပဲ့ဒဏ်ရာ အနည်းငယ်သာ ရခဲ့ကာ ကမ်းစပ်သို့ ရေကူးသွားကာ လွတ်မြောက်ခဲ့သည်။

● ၁၉၇၀ ပြည့်နှစ်= ကားမောင်းသွားလာနေစဉ် ဖရိန်း၏ ကားမှာ ရုတ်တရက် မီးထလောင်သည်။ ဖရိန်းမှာ ဆီတိုင်ကီသို့ မီးမကူးမီ ကားပေါ်မှ ထွက်ပြေးနိုင်ခဲ့သည်။

● ၁၉၇၃ ခုနှစ်= ဤတစ်ကြိမ်တွင်လည်း ကားမောင်းနေရင်း ဖြစ်ပွားခြင်း ဖြစ်သည်။ ဆီပန့်ပျက်ရာမှ ထွက်လာသော ဆီပူများမှာ အင်ဂျင်ပေါ်တွင် စိုရွှဲသွားခဲ့ပြီး လေထွက်ပေါက်များမှတဆင့် မီးညွန့်များ ထွက်လာသည်။ ဆံပင် မီးဟပ်မိခြင်းမှလွဲပြီး ဖရိန်းမှာ ဘေးမသီ ရန်မခခဲ့။

● ၁၉၉၅ ခုနှစ်= ခရိုအေးရှားနိုင်ငံ၊ ဇာဂရက်မြို့သို့ ခရီးထွက်ခဲ့စဉ် ဖရိန်းမှာ ဘတ်စ်ကားတစ်စီးက ဝင်တိုက်ခြင်းခံရသည်။ ကံကောင်းစွာပင် အသေးစား ဒဏ်ရာသာ ရခဲ့၏။

● ၁၉၉၆ ခုနှစ်= ဤတစ်ကြိမ်တွင်လည်း ကားအက်ဆီးဒင့်ပင် ဖြစ်သည်။ ဖရိန်း ကားမောင်းလာနေစဉ် မျက်နှာချင်းဆိုင်မှ ထရပ်ကားကို ရှောင်ရန် ဘေးသို့ ဆွဲလိုက်ရာ လမ်းဘေး လက်ရန်းတန်းနှင့် ဝင်တိုက်မိခဲ့သည်။

လမ်းဘေး လက်ရန်းတန်းမှာ ပြုတ်ထွက်သွားပြီး ဖရိန်း၏ ကားမှာလည်း ချောက်ထဲသို့ ထိုးကျသွားခဲ့သည်။ သို့သော် ဖရိန်းမှာ ခါးပတ်ပတ်မထားသောကြောင့် ကားပေါ်မှ လွင့်ထွက်ကာ သစ်ပင်တစ်ပင်ပေါ် တင်နေခဲ့သည်။ သူ၏ ကားမှာမူ ချောက်နက် အောက်ခြေတွင် ဆိုးဆိုးရွားရွား ပျက်စီးသွားခဲ့သည်။

ဖရိန်းသည် သေမင်းနှုတ်ခမ်းဝသို့ ၇ ကြိမ်တိုင် ရောက်ရှိခဲ့သူဖြစ်ရာ အလွန်ကံဆိုးသူဟု ဆိုနိုင်သကဲ့သို့ သေကံမရောက် သက်မပျောက်ခဲ့သောကြောင့် ကံကောင်းသည်ဟုလည်း ဆိုနိုင်သည်။

သို့နှင့် အသက် ၇၃ နှစ်ပြည့် မွေးနေ့သို့ ရောက်ရှိပြီး ၂ ရက်အကြာတွင် ဖရိန်းက ထီလက်မှတ်တစ်စောင် ဝယ်ယူ ကံစမ်းခဲ့ရာ ကန်ဒေါ်လာ ၁ ဒသမ ၁ သန်းဆုကြီး ကံထူးခဲ့သည်။

ထီပေါက်သည်ထက် ပိုမို ဝမ်းသာဖွယ်အချက်မှာ ဖရိန်းသည် နောက်ဆုံးအကြိမ် အက်ဆီးဒင့်ဖြစ်ပြီးနောက် နှစ်ပေါင်း ၂၀ အတွင်း မည်သည့်ဘေးအန္တရာယ်မှ မကြုံတော့ခြင်း ဖြစ်သည်။

ဖရိန်းသည် ထီပေါက်သောငွေဖြင့် အိမ် ၂ လုံးဆောက်ကာ လှေတစ်စင်းလည်း ဝယ်ယူခဲ့သည်။

ထီပေါက်ပြီးနောက် ပဉ္စမမြောက်ဇနီးနှင့် အိမ်ထောင်ပြုခဲ့သေးသည်။

၂၀၁၀ ပြည့်နှစ်သို့ ရောက်သောအခါ ထီပေါက်ရာမှ ကျန်သောငွေ အများစုကို ဆွေမျိုးများ၊ မိတ်ဆွေသူငယ်ချင်းများအား ခွဲဝေပေးခဲ့သည်။

၂၀၁၆ ခုနှစ်၊ နိုဝင်ဘာလ ၃၀ ရက်တွင်မူ ဖရိန်း၏ ကျီစယ်မှုကို သေမင်းက လက်မခံတော့ဘဲ အပြီးခေါ်ယူသွားရာ ကွယ်လွန်ချိန်တွင် အသက် ၈၇ နှစ်အရွယ် ရှိပြီ ဖြစ်သည်။

(CarsDB Team မှ ရေးသား ဖော်ပြသည်။)

Credit: CarsDB.com

Ref: Meet Frane Selak, the world’s unluckiest man (ndtv)

မူရင်းသတင်း — CarsDB