ရန်ကုန် နို၀င်ဘာ ၂၁
ကျောင်းသားကျောင်းသူများအား သင်ကြားပို့ချရာတွင် ပညာသင်ကြားရုံသာမက စိတ်ဓာတ်ကောင်းမွန်စေရန်နှင့် ချမှတ်ထားသည့်စည်းကမ်းများကို စနစ်တကျလိုက်နာကျင့် သုံးတတ်သည့် အလေ့အကျင့်ကောင်းများရရှိစေရေး ကြိုးပမ်းဆောင်ရွက်ကြရန် ပညာရေး၀န်ကြီးဌာန ဒုတိယဝန်ကြီး ဦး၀င်းမောင်သိန်းက တက္ကသိုလ်များမှ ပါမောက္ခချုပ်များ၊ ဒုတိယပါမောက္ခချုပ်များ၊ ပါမောက္ခများနှင့်တွေ့ဆုံစဉ် မှာကြားသည်။
ဒုတိယဝန်ကြီးသည် ဆရာအတတ်ပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်၊ ရန်ကုန်တက္ကသိုလ်၊ ရန်ကုန်ပညာရေးတက္ကသိုလ်၊ ရန်ကုန်နိုင်ငံခြားဘာသာတက္ကသိုလ်၊ ရန်ကုန်အဝေးသင်တက္ကသိုလ်တို့မှ ပါမောက္ခချုပ်များ၊ အမျိုးသားစီမံခန့်ခွဲမှုပညာဒီဂရီကောလိပ် ကျောင်းအုပ်ကြီး၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယပါမောက္ခချုပ်များ၊ ပါမောက္ခများနှင့် ယမန်နေ့နံနက်ပိုင်းတွင် ရန်ကုန်တက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမ၌ တွေ့ဆုံခဲ့ခြင်းဖြစ်ပြီး တက္ကသိုလ်များတွင် ကြုံတွေ့နေရသည့် သင်ကြားရေးဆိုင်ရာ အခက်အခဲများ၊ လိုအပ်ချက်များကို ညှိနှိုင်းဆွေးနွေး ဖြည့်ဆည်းပေးနိုင်ရေးဆောင်ရွက် သွားမည်ဖြစ်ကြောင်း၊ တက္ကသိုလ်များမဖွင့်မီ ကျောင်းဥပဓိရုပ်ကောင်းမွန်စေရေး၊ စာသင်ဆောင်များ၊ စာသင်ခန်းများ အဆင်သင့်ဖြစ်စေရေး၊ တက္ကသိုလ်ပရိဝဏ်အတွင်း စိမ်းလန်းစိုပြည်ရေးနှင့် သန့်ရှင်းသာယာလှပရေး ကြိုတင်ပြင်ဆင် ဆောင်ရွက်ထားရှိ ကြစေလိုကြောင်းလည်း တိုက်တွန်းပြောကြားခဲ့သည်။
ထို့ပြင် ဒုတိယဝန်ကြီးသည် ရန်ကုန်တက္ကသိုလ်ရှိ သုတေသနနှင့် ဆန်းသစ်တီထွင်မှုစင်တာ (Centre for Research and Innovation-CRI) ၌ Area Studies Centre အခန်းများပြင်ဆင်ထားရှိမှု၊ မွေးမြူရေးသုတေသနဆောင်ရွက်နေမှု၊ တက္ကသိုလ်ရေကူးကန်နှင့် တက္ကသိုလ်ဘောလုံးကွင်းတို့ကို ကြည့်ရှုစစ်ဆေးသည်။
မွန်းလွဲပိုင်းတွင် ရန်ကုန်ပညာရေးတက္ကသိုလ်၊ Learning Hub ခန်းမ၌ မြန်မာနိုင်ငံ စာစစ်ဦးစီးဌာနက ကျင်းပသည့် ၂၀၂၇ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲနှင့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေး တက္ကသိုလ်ဝင်စာမေးပွဲလုပ်ငန်း လမ်းညွှန်ချက်များဆိုင်ရာ ဆွေးနွေးပွဲ သင်တန်းဆင်းပွဲသို့ တက်ရောက်ကာ သင်တန်းသားသင်တန်းသူ ပညာရေးမှူးများ၊ ကျောင်းအုပ်ကြီးများနှင့် ရင်းရင်းနှီးနှီး တွေ့ဆုံသည်။
ထို့နောက် ရန်ကုန်ပညာရေးတက္ကသိုလ် ခြောက်ထပ်စာသင်ဆောင် တည်ဆောက်ပြီးစီးမှုနှင့် တက္ကသိုလ်များ ပုံနှိပ်တိုက်တွင် ပညာရေးဆိုင်ရာစာအုပ် စာစောင်များ၊ သုတေသန ဂျာနယ်များ ရိုက်နှိပ်ထုတ်ဝေနေမှုတို့ကို ကြည့်ရှုစစ်ဆေးသည်။ သတင်းစဉ်