Myanmar National Post

သံတောင်ကြီးမြို့ အခြေခံပညာအထက်တန်းကျောင်းတွင် ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေးဟောပြောပွဲ ဆောင်ရွက်


သံတောင်ကြီး  ၊ နိုဝင်ဘာ ၂၀

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်တွင် ကလေးအလုပ်သမား ပပျောက်ရေးဆိုင်ရာ အကြောင်းအရာများကို ကျောင်းသား/ကျောင်းသူများ သိရှိစေရန် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးနော်လော်မူနှင့် ဝန်ထမ်းများက အခြေခံပညာအထက်တန်း စာကြည့်တိုက်တွင် ကလေးအလုပ်သမား ပပျောက်ရေး အသိပညာပေး ဟောပြောပွဲကို ယနေ့နံနက် (၉) နာရီတွင် ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။ဦးစွာ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်နော်လော်မူက ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေးပြုလုပ်ရခြင်း  ရည်ရွယ်ချက်စာဖတ်ခြင်း အကျိုးကျေးဇူးနှင့် ကလေးအလုပ်သမားအဓိပ္ပယ်၊ ကလေးအလုပ်သမားပပျောက်ရေးအတွက် ကျောင်းသား/ကျောင်းသူများ ပူးပေါင်းပါဝင်ဆောင်ရွက်ရန် ကလေးအလုပ်သမားပပျောက်ရေး ရည်မှန်းချက်(၃)ရပ် ဟောပြောပေးပြီး ဒုတိယဦးစီးမှူး နော်နီလာအေးက ကလေးအလုပ်သမား၏ အသက်အရွယ်၊ ကလေးအလုပ်သမားများ၏ အလုပ်ချိန်ကန့်သတ်ချက်၊ အလုပ်ခန့်မည့်ကလေးများ အသက် (၁၄) နှစ်ပြည့်ပြီးဖြစ်စေရန်၊ အလုပ်လုပ်သောကလေးများအနေဖြင့် ပညာရေးနှင့် အသက်မွေးဝမ်းကြောင်း ပညာသင်ယူရေး တိုက်တွန်းစီစဉ်ဆောင်ရွက်ပေးရန်စသည့် အကြောင်းအရာများအား ဆွေးနွေးပေးခဲ့ကြောင်း သိရသည်။ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပြသထားသည့် ကလေးအလုပ်သမား ပပျောက်ရေး နံရံကပ်စာစောင်အား ပြသဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

နော်နော်မူ

https://t.me/MyanmarNationalPost

မူရင်းသတင်း — Myanmar National Post