Myanmar Digital News

ပြင်ဦးလွင်မြို့နယ်၌ ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အသိပညာပေး ဟောပြော

ပြင်ဦးလွင် နို၀င်ဘာ ၁၉

 

မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်မြို့နယ်တွင် ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲကို ယနေ့နံနက်ပိုင်းက ပြင်ဦးလွင်မြို့ မြို့တော်ခန်းမ၌ ကျင်းပသည်။

 

ဦးစွာ ပြင်ဦးလွင်ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးရဲထူးက အမှာစကား ပြောကြားသည်။ ဆက်လက်၍ မန္တလေးတိုင်းဒေသကြီး ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန  ညွှန်ကြားရေးမှူး ဒေါ်ဝေဝေဖြိုးက ကလေးအလုပ်သမား ပပျောက်ရေးနှင့်ပတ်သက်၍လည်းကောင်း၊ ခရိုင်ဥပဒေအရာရှိ ဦးဗိုလ်ဗိုလ်နိုင်က ကလေးအလုပ်သမားဥပဒေနှင့် ပတ်သက်၍လည်းကောင်း၊ ခရိုင်ပညာရေးမှူး ဦးကျော်ကျော်မွန်က ပြင်ပကျောင်းပညာရေးစနစ်များနှင့် ပတ်သက်၍လည်းကောင်း၊ အလုပ်ရှင်နှင့် အလုပ်သမား ဆက်ဆံရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ခိုင်ယုသွယ်က အလုပ်သမားဥပဒေနှင့် ပတ်သက်၍လည်းကောင်း၊ လူမှုဝန်ထမ်းဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဒေါ်လဲ့လဲ့ဝင်းက အဆိုးရွားဆုံးပုံစံဖြင့် ခိုင်းစေခြင်းခံရသော ကလေးအလုပ်သမားများ လျော့နည်းပပျောက်စေရေး ခေါင်းစဉ်ဖြင့်လည်းကောင်း ဟောပြောဆွေးနွေးခဲ့ကြောင်း သိရသည်။

 

ခရိုင်(ပြန်/ဆက်)

မူရင်းသတင်း — Myanmar Digital News