Myanmar National Post

ကမာရွတ်မြို့နယ်တွင် ပြည်သူ့စစ်မှုထမ်းတာဝန် ကျေပွန်စွာထမ်းဆောင်ခဲ့ပြီး ပြန်လည်ရောက်ရှိလာသူများအား ဂုဏ်ပြုကြိုဆိုပွဲပြုလုပ်

 


ကမာရွတ်  ၊  နိုဝင်ဘာ ၂၁

ရန်ကုန်တိုင်းဒေသကြီး၊ ကမာရွတ်ခရိုင်၊ ကမာရွတ်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီဌာနရုံးတွင် ယနေ့နံနက်ပိုင်းက ပြည်သူ့စစ်မှုထမ်းတာဝန် ကျေပွန်စွာထမ်းဆောင်ခဲ့ပြီး ပြန်လည်ရောက်ရှိလာသူများအား ဂုဏ်ပြုကြိုဆိုပွဲကိုပြုလုပ်ခဲ့သည်။ထို့နောက် မြို့နယ်ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးထွန်းနိုင်မှ အဖွင့်အမှာစကားပြောကြားပေးပြီးနောက် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်၊ တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ်များမှ လည်းမုဒိတာစကားများ ပြောကြားခဲ့ပြီး သက်ဆိုင်ရာဌာနဆိုင်ရာများနှင့် လုပ်ငန်းရှင်များနှင့် ပြည်သူ့စစ်မှုထမ်း တာဝန်ထမ်းဆောင်ပြီးပြန်လည် ရောက်ရှိလာသူများလိုအပ်သည်များကို ​ဆွေးနွေးခဲ့ကြသည်။အဆိုပါအခမ်းအနားသို့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်များ မြို့နယ်ပြည်သူ့စစ်မှုထမ်း ဆင့်ခေါ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ် နယ်မြေခံစစ်ကြောင်းမှုး၊ ဌာနဆိုင်ရာများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှုးများနှင့် မြို့မိ၊ မြို့ဖများ တက်ရောက်ခဲ့ကြသည်။ဆက်လက်၍ ၂၀၂၆ ခုနှစ်အတွင်း အမှတ်စဥ်(၁မှ၅ထိ) ပြည်သူ့စစ်မှုထမ်းတာဝန် ကျေပွန်စွာထမ်းဆောင်ခဲ့သူ(၁၈)ဦးအား သက်ဆိုင်ရာတာဝန်ရှိသူအသီးသီးမှ ဂုဏ်ပြုအမှတ်တရလက်ဆောင်ပစ္စည်းများနှင့် ချီးမြှင့်ငွေများကိုပေးအပ်ခဲ့သည်။ ထို့အပြင် ပြည်သူ့စစ်မှုထမ်းတာဝန် ထမ်းဆောင်ပြီး ပြန်လည်ရောက်ရှိလာသူများအတွက် အစိုးရဌာနဆိုင်ရာဝန်ထမ်းနှင့် ပြည်ပ၌ အလုပ်အကိုင်လုပ်ကိုင်လိုပါကလည်း အလုပ်အကိုင်ရရှိရေးကိစ္စရပ်များကို ပေါင်းစပ်စီစဉ်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

စိမ်းလဲ့

https://t.me/MyanmarNationalPost

မူရင်းသတင်း — Myanmar National Post