Xinhua Myanmar

ဂီတသံစဉ်နှင့် ပိုးခြုံထည်များက APEC ၏ ယဉ်ကျေးမှု အမျိုးစုံလင်မှုများ၏ သဟဇာတဖြစ်မှုကို မည်ကဲ့သို့ ဖော်ပြနေသနည်း

တရုတ်နိုင်ငံ တောင်ပိုင်း ကွမ်တုန်းပြည်နယ် ဆန်းကျန့်မြို့၌ ကျင်းပသော ၃၃ ကြိမ်မြောက် အာရှ-ပစိဖိတ် စီးပွားရေးပူးပေါင်းဆောင်ရွက်မှုအဖွဲ့ (APEC) စီးပွားရေးခေါင်းဆောင်များ အစည်းအဝေးမတိုင်မီ တရုတ်သမ္မတ ရှီကျင့်ဖိန် အခြားစီးပွားရေးအစုအဖွဲ့များမှ ခေါင်းဆောင်များ၊ ကိုယ်စားလှယ်များနှင့်အတူ စုပေါင်းဓာတ်ပုံ ရိုက်ကူးနေသည်ကို ၂၀၂၆ ခုနှစ် နိုဝင်ဘာ ၁၉ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ဆန်းကျန့်၊ နိုဝင်ဘာ ၂၁ ရက် (ဆင်ဟွာ)

APEC စီးပွားရေးအစုအဖွဲ့များမှ ဧည့်သည်တော်များ ခန်းမအတွင်း ဝင်ရောက်လာမှုကို သီးသန့်သတ်မှတ်ပေးထားသော တေးသံစဉ်များဖြင့် ကြိုဆိုခြင်းမှ “APEC မိသားစုဓာတ်ပုံ” တွင် အနီရောင်နှင့် အပြာရောင် ပိုးခြုံထည်များဖြင့် အရောင်အသွေးစုံလင်အောင် ထည့်သွင်းပေးခြင်း တို့ဖြင့် မကြာသေးမီက တရုတ်နိုင်ငံ တောင်ပိုင်း ကွမ်တုန်းပြည်နယ် ဆန်းကျန့်မြို့၌ ကျင်းပပြီးစီးခဲ့သည့် APEC အစည်းအဝေးတွင် ယဉ်ကျေးမှုအမျိုးစုံလင်မှုများကို အာရှ-ပစိဖိတ် ဒေသ ကံကြမ္မာတူအသိုက်အဝန်း၏ သက်ဝင်လှုပ်ရှားသော ဖော်ပြမှုအဖြစ် ပြောင်းလဲလိုက်သည်။

နိုင်ငံအကြီးအကဲများနှင့် ကိုယ်စားလှယ်များက ညစာစားပွဲ ခန်းမသို့ ဝင်ရောက်လာချိန်တွင် ၎င်းတို့ကို မည်သည့်သံစဉ်များဖြင့် ကြိုဆိုခဲ့သနည်း။ ပိုးခြုံထည်၏ဒီဇိုင်းထဲတွင် မည်သည့် ယဉ်ကျေးမှု အကြောင်းအရာများကို ထည့်သွင်းရက်လုပ်ထားသနည်း။ အဆိုပါ အမှတ်ရဖွယ် အခိုက်အတန့်များနောက်ကွယ်က စိတ်ဝင်စားဖွယ်ရာ အသေးစိတ်အကြောင်းအရာများကို လေ့လာကြည့်ကြပါစို့။

ရင်းနှီးသောတေးသံစဉ်နှင့် နွေးထွေးသော ကြိုဆိုမှု

နိုဝင်ဘာ ၁၈ ရက် ညနေခင်းတွင် ခရီးစဉ်ရောက်ရှိနေသော အကြီးအကဲများနှင့် ကိုယ်စားလှယ်များက ကြိုဆိုညစာစားပွဲ တက်ရောက်ရန် ဆန်းကျန့် အပြည်ပြည်ဆိုင်ရာဖလှယ်ရေးစင်တာသို့ ရှေ့ဆင့်နောက်ဆင့် ရောက်ရှိလာကြရာ သံစုံတီးဝိုင်းအဖွဲ့တစ်ဖွဲ့က ၎င်းတို့အား အထူးစီစဉ်ထားမှုနှင့် စိတ်ပျော်ရွှင်ချမ်းမြေ့ဖွယ် အံ့ဖွယ်များဖြင့် ကြိုဆိုခဲ့သည်။

ကော်ဇောနီထက်တွင် ဧည့်သည်တော်များ လျှောက်လှမ်းလာချိန်တွင် ၎င်းတို့ကိုယ်စီ၏ အမိမြေနိုင်ငံ သို့မဟုတ် ဒေသမှ ရင်းနှီးဖွယ် သံစဉ်များကို တိုက်ရိုက်တီးခတ်တင်ဆက်ခဲ့သည်။

ဥပမာအားဖြင့် အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့်ကို “America the Beautiful” သံစဉ်ဖြင့် ကြိုဆိုခဲ့သည်။ ၎င်းက ဖျော်ဖြေတင်ဆက်မှုကို ရပ်နား၍ နားဆင်ခဲ့ပြီး ရွှင်ပြုံးသောမျက်နှာဖြင့် တီးခတ်သူများကို လက်ခုပ်ဩဘာချီးမြှင့်ခဲ့သည်။

အဆိုပါဂန္ထဝင်သံစဉ်ကို လွန်ခဲ့သည့်ရာစုနှစ်တစ်ခုကျော်က ပေါ်ပေါက်ခဲ့ခြင်းဖြစ်ပြီး အမေရိကန်နိုင်ငံ အမျိုးသားအသိအမှတ်ပြုမှုနှင့် ၎င်း၏ ကျယ်ပြော၍ အမျိုးစုံလင်သော သဘာဝရှုခင်းများကို ချီးကျူးထားသည့် ကဗျာတစ်ပုဒ်ကို အခြေခံထားခြင်းဖြစ်သည်။

နှစ်ပေါင်းများစွာကာလအတွင်း ၎င်းသံစဉ်က အမေရိကန် သမ္မတ လှုပ်ရှားမှုနှင့် သံတမန်အခမ်းအနားများ အပါအဝင် တရားဝင်အခမ်းအနားများစွာ၌ အမေရိကန် မျိုးချစ်စိတ်ဓာတ်အား ဖော်ပြရာတွင် အသုံးပြုများသည့် သံစဉ်ဖြစ်လာခဲ့သည်။ အမေရိကန် သမ္မတဟောင်း ရစ်ချက်နစ်ဆင်၏ ၁၉၇၂ ခုနှစ် သမိုင်းဝင် တရုတ်နိုင်ငံခရီးစဉ်တွင်လည်း တရုတ်နိုင်ငံ ဝန်ကြီးချုပ်ဟောင်း ချူအင်လိုင်းက အဆိုပါသံစဉ်ကို အထူးရွေးချယ်၍ ၎င်းအား ပေကျင်းမြို့ရှိ ပြည်သူ့ခန်းမဆောင်၌ ကြိုဆိုခဲ့သည်။ (Xinhua)

သတင်းအပြည့်အစုံကို ဖော်ပြပါလင့်ခ်မှတစ်ဆင့် ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။

https://english.news.cn/20261120/03da9743fae04e819f5319e56c664c8a/c.html

တရုတ်နိုင်ငံ တောင်ပိုင်း ကွမ်တုန်းပြည်နယ် ဆန်းကျန့်မြို့တွင် ၂၀၂၆ ခုနှစ် APEC စီအီးအို ထိပ်သီး‌အစည်းအဝေး ကျင်းပရာနေရာ ချန်ဟိုင် အပြည်ပြည်ဆိုင်ရာကွန်ဗင်းရှင်းစင်တာ အပြင်ဘက်မြင်ကွင်းကို ၂၀၂၆ ခုနှစ် နိုဝင်ဘာ ၁၈ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

---------------------

(English Version)

Explainer: How music and scarves capture APEC's harmony in cultural diversity

BEIJING, Nov. 20 (Xinhua) -- From personalized entrance music welcoming guests from APEC economies to red and blue silk scarves adding a splash of color to their family photo, the just-concluded APEC gathering in Shenzhen, south China's Guangdong Province, turned cultural diversity into a vivid expression of the Asia-Pacific's shared sense of community.

What melodies greeted the leaders and representatives as they arrived for a gala dinner? What cultural elements were woven into the scarves' designs? Here are some interesting details behind these memorable moments.

FAMILIAR TUNES, WARM GREETINGS

On Wednesday evening, visiting leaders and representatives arrived in succession at the International Communication Center of Shenzhen for a banquet, where an orchestra awaited them as a thoughtful and pleasant surprise.

As they walked down the red carpet, each was accompanied by a live rendition of a familiar melody from their home country or region.

U.S. President Donald Trump, for instance, was welcomed with "America the Beautiful." He paused to take in the performance, smiling before applauding the musicians.

Dating back more than a century, the classic song is rooted in a poem extolling America's national identity and the beauty of its vast and diverse landscapes.

Over the years, it has become a familiar musical expression of American patriotism at ceremonial occasions, including presidential and diplomatic events. During then U.S. President Richard Nixon's historic visit to China in 1972, the song was specially selected by then Chinese Premier Zhou Enlai to welcome him at the Great Hall of the People in Beijing.

https://english.news.cn/20261120/03da9743fae04e819f5319e56c664c8a/c.html

Photo Caption 1 : Chinese President Xi Jinping poses for a group photo with leaders and representatives from other economies before the 33rd Asia-Pacific Economic Cooperation (APEC) Economic Leaders' Meeting in Shenzhen, south China's Guangdong Province, Nov. 19, 2026. (Xinhua/Yao Dawei)

Photo Caption 2 : This photo taken on Nov. 18, 2026 shows an exterior view of the Qianhai International Convention Center, the venue for the opening ceremony of the Asia-Pacific Economic Cooperation (APEC) CEO Summit 2026 in Shenzhen, south China's Guangdong Province. (Xinhua/Liang Xu)

မူရင်းသတင်း — Xinhua Myanmar