
အန်တယ်လ်ရာ (တူကီယဲ)၊ နိုဝင်ဘာ ၂၁ ရက် (ဆင်ဟွာ)
မူလက နိုဝင်ဘာ ၂၀ ရက်တွင် ပိတ်သိမ်းရန် သတ်မှတ်ထားသော “ကုလသမဂ္ဂ ရာသီဥတု ပြောင်းလဲမှုဆိုင်ရာ မူဘောင်ကွန်ဗင်းရှင်း” ၃၁ ကြိမ်မြောက် အဖွဲ့ဝင် ညီလာခံ (COP31) အန်တယ်လ်ရာ ခေါင်းဆောင်များ ထိပ်သီးအစည်းအဝေးသည် ဘက်အသီးသီးက အချို့သော အဓိကကိစ္စရပ်များနှင့်စပ်လျဉ်း၍ သဘောတူညီမှု မရသဖြင့် ထိုနေ့ညတွင် အချိန်ပိုဆက်လက်ကျင်းပမှုအဆင့်သို့ ရောက်ရှိခဲ့ကြောင်း သိရသည်။
COP31 ညှိနှိုင်းရေး ဥက္ကဋ္ဌ Chris Bowen က ထိုနေ့အစောပိုင်းက ပြုလုပ်သော သတင်းစာရှင်းလင်းပွဲတွင် “ကုလသမဂ္ဂ ရာသီဥတု ပြောင်းလဲမှုဆိုင်ရာ မူဘောင်ကွန်ဗင်းရှင်း” ညီလာခံသည် စာချုပ်တွင်ပါဝင်သူများက ဦးဆောင်ပြီး တစ်ပြေးညီသဘောတူညီမှု ဆွေးနွေးခြင်းကို အခြေခံမူအဖြစ် ထားရှိထားကြောင်း၊ “ကျွန်တော်တို့က ဘက်ပေါင်းစုံကို သဘောတူညီချက်တွေ စုစည်းဖို့ ဦးဆောင်နေပြီး ဆက်လက် လုပ်ဆောင်သွားပါမယ်။ ဒီတစ်ချက်က အလွန်ရှင်းလင်းပါတယ်” ဟု ပြောကြားခဲ့သည်။
တစ်ကမ္ဘာလုံးက နိုင်ငံစုံပူးပေါင်းဆောင်ရွက်မှုဝါဒသည် အစစ်အမှန် အကျိုးရလဒ် ထွက်ပေါ်လာမည်လောကို စောင့်ကြည့်နေကြောင်း၊ “သူက လုပ်နိုင်မယ်လို့ ကျွန်တော် ယုံကြည်ပါတယ်” ဟု Chris Bowen က ထောက်ပြပြောကြားခဲ့သည်။ သတင်းထောက်များ၏ မေးမြန်းမှုကို ဖြေကြားရာ၌ ဘက်ပေါင်းစုံ၏ ရပ်တည်ချက် ကွဲလွဲမှု ထင်ရှားသော်လည်း ချစ်ကြည်ရင်းနှီးမှုနှင့် သဘောတူညီချက် ရရှိလိုသည့်ဆန္ဒများ ရှိနေဆဲဖြစ်ပြီး အားလုံးက တစ်စိတ်တည်းတွန်းအားပေး၍ အစွမ်းကုန် ကြိုးပမ်းဖော်ဆောင်လျက်ရှိကြောင်း ၎င်းက အလေးပေးပြောကြားခဲ့သည်။
ထိုနေ့ညတွင် ကျင်းပသည့် ညီလာခံ မျက်နှာစုံညီအစည်းအဝေးတွင် COP31 ဥက္ကဋ္ဌ Murat Kurum က ဘက်ပေါင်းစုံတွင် ကွဲလွဲမှု ကျန်ရှိနေသေးကြောင်း ဝန်ခံခဲ့ပြီး သို့သော်လည်း “ကျွန်တော်တို့ နောက်ဆုံးပန်းတိုင်မျဉ်းနဲ့ အလွန်နီးနေပါပြီ” ဟု ဆိုကာ နာရီအနည်းငယ်အကြာတွင် ဆွေးနွေးမှုများ ဆက်လက်ပြုလုပ်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
လက်ရှိတွင် ကမ္ဘာလုံးဆိုင်ရာ ရာသီဥတု စီမံခန့်ခွဲမှုသည် ကတိပြုချက်မှ အကောင်အထည်ဖော်မှုသို့ ကူးပြောင်းရာ အရေးကြီးသော အချက်အချာနေရာတွင် ရောက်ရှိလျက်ရှိသည်။ နိုဝင်ဘာ ၉ ရက်တွင် စတင်ကျင်းပခဲ့သော COP31 သည် ယခင်က ကျင်းပခဲ့သည့် စာချုပ်အဖွဲ့ဝင်များ ညီလာခံများ၏ ကတိပြုချက်များကို လက်တွေ့အကောင်အထည်ဖော်၍ တိုင်းတာနိုင်သော ရလဒ်များအဖြစ် ပြောင်းလဲပေးရန်၊ ကမ္ဘာလုံးဆိုင်ရာ ရာသီဥတု စီမံခန့်ခွဲမှုကို ရည်မှန်းချက်သတ်မှတ်ခြင်းမှ လက်တွေ့လှုပ်ရှားမှုအဖြစ် ပြောင်းလဲလာခြင်းကို တွန်းအားပေးရန် ရည်ရွယ်ထားခြင်း ဖြစ်ကြောင်း သိရသည်။ (Xinhua)
---------------------
(Chinese Version)
联合国气候变化安塔利亚大会进入加时阶段
新华社土耳其安塔利亚11月20日电(记者张晓茹 王腾飞)原定20日闭幕的《联合国气候变化框架公约》(以下简称《公约》)第三十一次缔约方大会(COP31),由于各方未能就部分核心议题达成一致,当晚进入加时阶段。
COP31谈判主席克里斯·鲍恩当天早些时候在一场记者会上表示,联合国气候变化大会由缔约方主导、以协商一致为原则,“我们正引导各方凝聚共识,并且会继续这样做,这一点非常明确。”
鲍恩指出,全世界都在观望多边主义是否能够有所作为,“我相信它可以。”在回答记者问题时,他强调,虽然各方立场分歧明显,但仍保有善意和促成共识的意愿,大家都在埋头推进、全力以赴。
在当晚召开的大会全会上,COP31主席穆拉特·屈吕姆承认各方仍然存在分歧,但“我们离终点线很近了”,并表示将于几个小时后继续展开讨论。
当前,全球气候治理处于从承诺走向落实的重要关口。9日开幕的COP31旨在将前几届缔约方大会的承诺转化为可落地、可量化的成果,推动全球气候治理从设定目标转向采取切实行动。(完)
图说:11月11日,在土耳其安塔利亚,联合国秘书长古特雷斯在COP31领导人峰会开幕式上致辞。新华社发(《联合国气候变化框架公约》官方网站供图)