
ဟိုင်ခို၊ နိုဝင်ဘာ ၂၀ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံအနေဖြင့် နိုင်ငံတောင်ပိုင်း ဟိုင်နန်ပြည်နယ်ရှိ အပူပိုင်းမိုးသစ်တောများတွင် ဇီဝမျိုးစုံမျိုးကွဲများ ထိန်းသိမ်းစောင့်ရှောက်ခြင်းနှင့် ဘေးအန္တရာယ် တားဆီးကာကွယ်ခြင်းတို့ ပိုမိုအားကောင်းလာစေရန် ဂြိုဟ်တု အဝေးထိန်းအာရုံခံနည်းပညာ၊ ဒရုန်းများနှင့် အခြားနည်းပညာများ အသုံးပြု၍ အာကာသ-ဝေဟင်-မြေပြင် ပေါင်းစပ်စောင့်ကြည့်ရေးစနစ်တစ်ခု တီထွင်လျက်ရှိကြောင်း ဆင်ဟွာသတင်းဌာန လက်အောက်ရှိ သုတေသနအဖွဲ့တစ်ဖွဲ့ဖြစ်သော ဆင်ဟွာအင်စတီကျုက နိုဝင်ဘာ ၁၉ ရက်၌ ထုတ်ပြန်သည့် အစီရင်ခံစာအရ သိရသည်။
"မိုးသစ်တောအတွင်း ပဲ့တင်ထပ်နေသော တေးသံစဉ်ကောင်းတစ်ပုဒ်- တရုတ်နိုင်ငံ အပူပိုင်းမိုးသစ်တော ကာကွယ်ထိန်းသိမ်းရေး၏ 'ဟိုင်နန်စံနမူနာ'" ဟူသော ThinkTank အစီရင်ခံစာ၌ နည်းပညာက မိုးသစ်တော ကာကွယ်ထိန်းသိမ်းရေးကို အချိန်အပိုင်းအခြားအလိုက် စစ်ဆေးသည့်ပုံစံမှ စဉ်ဆက်မပြတ် စောင့်ကြည့်သိရှိနိုင်သည့် ပုံစံသို့ ပြောင်းလဲပေးနေပုံကို အလေးပေးဖော်ပြထားသည်။
၂၀၂၁ ခုနှစ် အောက်တိုဘာလတွင် စတင်ဖွင့်လှစ်တည်ထောင်ခဲ့သည့် ဟိုင်နန် အပူပိုင်းမိုးသစ်တော အမျိုးသားဥယျာဉ်သည် ဧရိယာအားဖြင့် ၄,၂၆၉ စတုရန်းကီလိုမီတာ ကျယ်ဝန်းပြီး ၂၀၂၆ ခုနှစ် စက်တင်ဘာလအထိ အဆင့်မြင့်အပင်မျိုးစိတ်ပေါင်း ၄,၃၆၇ မျိုးနှင့် ကျောရိုးရှိသတ္တဝါ မျိုးစိတ်ပေါင်း ၆၅၁ မျိုးတို့ ရှင်သန်ကျက်စားရာ နေရာတစ်ခုလည်း ဖြစ်သည်။
အဆိုပါ အမျိုးသားဥယျာဉ်၏ ကျယ်ပြောလှသော ဧရိယာ၊ ရှုပ်ထွေးသော မြေမျက်နှာသွင်ပြင်နှင့် များပြားလှသည့် ထိန်းသိမ်းစောင့်ရှောက်ရေး ရည်မှန်းချက်များကြောင့် လူအင်အားဖြင့် ကင်းလှည့်စစ်ဆေးရုံမျှဖြင့် ဂေဟစနစ် ပြောင်းလဲမှုများကို ဘက်စုံထောင့်စုံမှ အချိန်နှင့်တစ်ပြေးညီ သိရှိနိုင်ရန် ခက်ခဲလှသဖြင့် ပိုမိုကျယ်ပြန့်သော စောင့်ကြည့်စစ်ဆေးမှုစနစ် လိုအပ်နေသည်ကို မီးမောင်းထိုးပြလျက်ရှိသည်။ (Xinhua)
သတင်းအပြည့်အစုံကို ဖော်ပြပါလင့်ခ်မှတစ်ဆင့် ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။
https://english.news.cn/20261119/d93b4b513cba406e977e48fed919a145/c.html

…………………………
(English Version)
China developing high-tech monitoring system for rainforest conservation: report
HAIKOU, Nov. 19 (Xinhua) -- China is developing an integrated space-air-ground monitoring system using satellite remote sensing, drones and other technologies to strengthen biodiversity conservation and risk prevention in the tropical rainforest of south China's Hainan Province, according to a report released on Thursday by the Xinhua Institute, a think tank affiliated with Xinhua News Agency.
The report, titled "A Great Song Resounds in the Rainforest: The 'Hainan Model' of China's Tropical Rainforest Conservation," highlights how technology is transforming rainforest protection from periodic inspections to continuous perception.
Established in 2021, the Hainan Tropical Rainforest National Park covers 4,269 square kilometers and is home to 4,367 species of higher plants and 651 species of vertebrates as of September 2026.
The park's vast area, complex terrain and numerous conservation targets make it difficult for manual patrols alone to comprehensively and promptly detect ecological changes, underscoring the need for more extensive monitoring.
https://english.news.cn/20261119/d93b4b513cba406e977e48fed919a145/c.html
Photo caption 1: Hainan gibbons are seen in Bawangling, part of the Hainan Tropical Rainforest National Park, in south China's Hainan Province, May 28, 2026. (Photo by Li Wenyong/Xinhua)
Photo caption 2: This photo shows copies of the English-language edition of a think-tank report titled "A Great Song Resounds in the Rainforest: The 'Hainan Model' of China's Tropical Rainforest Conservation. (Xinhua/Yang Guanyu)