Xinhua Myanmar

တရုတ်နိုင်ငံက မိုးသစ်တော ကာကွယ်ထိန်းသိမ်းရာတွင် နိုင်ငံတကာမိတ်ဖက်များနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိ

တရုတ်နိုင်ငံ တောင်ပိုင်း ဟိုင်နန်ပြည်နယ် ဟိုင်ခိုမြို့၌ ကျင်းပသည့် ၂၀၂၆ ခုနှစ် အပူပိုင်းမိုးသစ်တော ဂေဟစနစ်မိတ်ဖက်များ ညီလာခံ ဖွင့်ပွဲအခမ်းအနားမတိုင်မီ ဖျော်ဖြေတင်ဆက်မှု ပြုလုပ်နေပုံကို ၂၀၂၆ ခုနှစ် နိုဝင်ဘာ ၁၉ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ဟိုင်ခို၊ နိုဝင်ဘာ ၂၀ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ တောင်ပိုင်း ဟိုင်နန်ပြည်နယ် မြို့တော်ဟိုင်ခို၌ နိုဝင်ဘာ ၁၉ ရက်က ကျင်းပသည့် ၂၀၂၆ ခုနှစ် အပူပိုင်းမိုးသစ်တော ဂေဟစနစ်မိတ်ဖက်များ ညီလာခံ ဖွင့်ပွဲအခမ်းအနားသို့ နိုင်ငံပေါင်း ၂၀ ကျော်မှ နိုင်ငံတကာ တာဝန်ရှိပုဂ္ဂိုလ်များ၊ ကျွမ်းကျင်ပညာရှင်များနှင့် ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြသည်။

"ကမ္ဘာ့ရတနာများ၊ မျှဝေပိုင်ဆိုင်သော အနာဂတ်" ဟူသော ဆောင်ပုဒ်ဖြင့် ကျင်းပသည့် အဆိုပါညီလာခံသည် ဂေဟဗေဒဆိုင်ရာ ကိစ္စရပ်များတွင် ဆွေးနွေးညှိနှိုင်းမှု၊ အပြန်အလှန် လေ့လာသင်ယူမှုနှင့် ပူးပေါင်းဆောင်ရွက်မှုများ ပြုလုပ်နိုင်မည့် နိုင်ငံတကာပလက်ဖောင်းတစ်ခု ထူထောင်ရန် ရည်ရွယ်ခြင်းဖြစ်သည်။ နိုဝင်ဘာ ၁၈ ရက်မှ ၂၂ ရက်အထိ ကျင်းပမည့် ယင်းအစီအစဉ်၌ အဓိကဖိုရမ်နှစ်ခု၊ တစ်ပြိုင်နက်တည်းကျင်းပမည့် ဆက်စပ်ဖိုရမ် လေးခုနှင့် အထောက်အကူပြု လှုပ်ရှားမှုအစီအစဉ် အများအပြား ပါဝင်ကြောင်း သိရသည်။

အခမ်းအနား တက်ရောက်လာသူများက ရေအရင်းအမြစ် ထိန်းသိမ်းရေးနှင့် ဂေဟစနစ်လုံခြုံရေး၊ ဇီဝမျိုးစုံမျိုးကွဲများ ကာကွယ်စောင့်ရှောက်ရေး၊ သစ်တောထွက် စားနပ်ရိက္ခာ အရင်းအမြစ်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် အကျိုးရှိစွာအသုံးချရေး၊ ဂေဟဗေဒ ထုတ်ကုန်များ၏ တန်ဖိုးကို လက်တွေ့ဖော်ထုတ်နိုင်မည့် လုပ်ငန်းစဉ်များ၊ ယဉ်ကျေးမှုအမွေအနှစ် ထိန်းသိမ်းရေးနှင့် မိုးသစ်တော ကာဗွန်စီမံခန့်ခွဲရေး စသည့် အကြောင်းအရာအမျိုးမျိုးကို ဆွေးနွေးသွားမည်ဖြစ်သည်။

အဆိုပါ အခမ်းအနားအား အိမ်ရှင်အဖြစ် လက်ခံကျင်းပသော ဟိုင်နန်ပြည်နယ်ရှိ အပူပိုင်းမိုးသစ်တောများသည် တရုတ်နိုင်ငံတွင် အထူထပ်ဆုံး၊ ထိန်းသိမ်းစောင့်ရှောက်ထားမှု အကောင်းဆုံးနှင့် အကြီးမားဆုံး တစ်ဆက်တည်းတည်ရှိနေသော ကုန်းမြေထုကျွန်းအမျိုးအစား အပူပိုင်းမိုးသစ်တောဖြစ်ကာ ကမ္ဘာ့အပူပိုင်းမိုးသစ်တော စနစ်၏ အရေးပါသော အစိတ်အပိုင်းတစ်ခုလည်းဖြစ်သည်။ (Xinhua)

သတင်းအပြည့်အစုံကို ဖော်ပြပါလင့်ခ်မှတစ်ဆင့် ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။

https://english.news.cn/20261119/98650c3142574402b8db8af2e867cdaa/c.html

"မိုးသစ်တောအတွင်း ပဲ့တင်ထပ်နေသော တေးသံစဉ်ကောင်းတစ်ပုဒ် - တရုတ်နိုင်ငံ အပူပိုင်းမိုးသစ်တော ကာကွယ်ထိန်းသိမ်းရေး၏ 'ဟိုင်နန်စံနမူနာ'" ဟူသော ThinkTank အစီရင်ခံစာအား တရုတ်ဘာသာဖြင့် ထုတ်ဝေထားသည့် အစီရင်ခံစာ မိတ္တူများကို တွေ့ရစဉ် (ဆင်ဟွာ)

..................................

(English Version)

China Focus: China cooperates with global partners in rainforest conservation

HAIKOU, Nov. 19 (Xinhua) -- International officials, experts and representatives from more than 20 countries gathered in Haikou, capital of south China's Hainan Province, on Thursday for the opening ceremony of the 2026 Tropical Rainforest Ecosystem Partners Conference.

The event, themed "Global Treasures, Shared Future," seeks to establish an international platform for dialogue, mutual learning and cooperation on ecological issues. Its program, which runs from Nov. 18 to 22, includes two keynote forums, four parallel forums and a series of supporting activities.

Participants will discuss a range of topics, including water conservation and ecological security, biodiversity protection, the development and utilization of forest food resources, mechanisms for realizing the value of ecological products, cultural heritage preservation and rainforest carbon governance.

The host province's tropical rainforest is the most concentrated, best-preserved and largest contiguous continental-island-type tropical rainforest in China, and forms an important part of the world's tropical rainforest system.

https://english.news.cn/20261119/98650c3142574402b8db8af2e867cdaa/c.html

Photo caption 1: A performance is staged before the opening of the 2026 Tropical Rainforest Ecosystem Partners Conference in Haikou, south China's Hainan Province, Nov. 19, 2026. (Xinhua/Yang Guanyu)

Photo caption 2: This photo shows copies of the Chinese-language edition of a think-tank report titled "A Great Song Resounds in the Rainforest: The 'Hainan Model' of China's Tropical Rainforest Conservation." (Xinhua/Yang Guanyu)

မူရင်းသတင်း — Xinhua Myanmar