
ရှမန်၊ နိုဝင်ဘာ ၂၁ ရက် (ဆင်ဟွာ)
မကြာသေးမီနှစ်များအတွင်း တရုတ်နိုင်ငံ ဖူကျန့်ပြည်နယ် ရှမန်မြို့သည် ကုန်းမြေနှင့် ပင်လယ်ပြင် တစ်သားတည်းပေါင်းစပ်ထားသော ဂေဟစနစ် ပြန်လည်ပြုပြင်ရေးနှင့် စီမံခန့်ခွဲရေးကို စဉ်ဆက်မပြတ် စုစည်းတွန်းအားပေး ဆောင်ရွက်ခဲ့ပြီး ကမ်းရိုးတန်းအနီး ရေပြင်ပတ်ဝန်းကျင်ကို တိုးတက်ကောင်းမွန်စေကာ သိပ္ပံသုတေသနအဖွဲ့အစည်းများ၊ အစိုးရ သက်ဆိုင်ရာဌာနများနှင့် ပူးပေါင်းကာ ပင်လယ်ရေပြင်ကို အတူတကွ စီမံစောင့်ရှောက်ခြင်းဖြင့် တရုတ်လင်းပိုင်ဖြူများအတွက် နေထိုင်ရန် သင့်လျော်သော မိသားစုဥယျာဉ်ကို ဖန်တီးပေးလျက်ရှိသည်။ ရှမန်မြို့ တရုတ်လင်းပိုင်ဖြူ ကယ်ဆယ်မွေးမြူရေးစခန်းတွင် သိပ္ပံသုတေသနဝန်ထမ်းများသည် ပုလင်းနှုတ်သီးလင်းပိုင်များ မျိုးပွားစမ်းသပ်မှုမှ ရရှိသည့် နည်းပညာများကို အခြေခံ၍ ပင်လယ်ပြင်တွင် လှည့်လည်စောင့်ကြည့်စစ်ဆေးခြင်း၊ သိပ္ပံအသိပညာပေးဟောပြောခြင်းတို့ကို ပုံမှန် ဆောင်ရွက်လျက်ရှိပြီး ဉာဏ်ရည်တု စောင့်ကြည့်စစ်ဆေးရေး ကွန်ရက်ကို တည်ဆောက်ကာ ပင်လယ်ပြင်က မှင်စာလေးများကို ဘက်အသီးသီးမှ လက်တွဲ၍ စောင့်ရှောက်ခြင်းဖြင့် လူနှင့်ပင်လယ် သဟဇာတဖြစ်စွာ အတူတကွ ရှင်သန်နေထိုင်မှု၏ လှပသော ပန်းချီကားကို ရေးဆွဲလျက်ရှိသည်။ (Xinhua)
......................................
(Chinese Version)
探访厦门中华白海豚救护繁育基地
新华社照片,厦门(福建),2026年11月20日
近年来,福建省厦门市持续统筹推进陆海一体化生态修复治理,改善近海水域环境,联动科研机构、政府相关部门等共同管护海域,为中华白海豚营造宜居家园。在厦门中华白海豚救护繁育基地,科研人员依托瓶鼻海豚繁育试验积累技术,常态化开展海上巡护监测、科普宣传,搭建人工智能监测网络,多方携手守护海上精灵,绘就人海和谐共生的美好画卷。
图说1:这是7月4日在厦门小嶝岛东部海域拍摄的中华白海豚。 新华社发
图说2:11月19日在厦门中华白海豚救护繁育基地拍摄的瓶鼻海豚。新华社记者 林善传 摄





