NP News

ခန္ဓာကိုယ်ပေါ်တွင် တက်တူအများဆုံးထိုးထားသည့် အမြွှာညီအစ်မ

Pika (NP News) - နိုဝင်ဘာ ၂၂

ဂျာမနီနိုင်ငံမှ Aline Galiano နှင့် Alena Hahnle ဆိုသည့် ညီအစ်မနှစ်ဦးသည် ၎င်းတို့၏ခန္ဓာကိုယ်(၇၀) ရာခိုင်နှုန်းခန့်တွင် အရောင်အသွေးစုံလင်သော တက်တူပုံများထိုးထားကြပြီး တက်တူအများဆုံးထိုးထားသည့် အမြွှာညီ အစ်မအဖြစ် ဂင်းနစ်စံချိန်ကိုပိုင်ဆိုင်ထားကြောင်း သိရသည်။
“Petunia Twins’’ဟုလူသိများကြသည့် ညီအစ်မနှစ်ဦးသည် လက်ရှိတွင် အမေရိကန်နိုင်ငံ လော့စ်အိန်ဂျ လိစ်မြို့တွင်နေထိုင်နေကြပြီး “Petunia TwinsInk”အမည်ရှိ ကိုယ်ပိုင်တက်တူဆိုင်ကိုဖွင့်လှစ်ထားကာ အခြားသော အမျိုးသမီးတက်တူ ပညာရှင်(၈)ဦးနှင့်အတူ လုပ်ကိုင်လျက်ရှိကြောင်းသိရ သည်။
ညီအစ်မနှစ်ဦးက “ဒီစံချိန် ကနေတစ်ဆင့် ကျွန်မတို့နှစ်ဦးကြားမှာရှိတဲ့ ထူးခြားတဲ့ဆက်နွှယ်မှုနဲ့ တစ်သက် တာလုံးချစ်မြတ်နိုးလာခဲ့ရတဲ့အရာတစ်ခု ကိုဂုဏ်ပြုချင်တာပါ” ဟုပြောဆိုခဲ့သည်။ ထို့ပြင် ယင်း ညီအစ်မသည် တစ်လ လျှင် အနည်းဆုံးတစ်ကြိမ်ခန့် တစ်ဦးနှင့်တစ်ဦး အပြန်အလှန်တက်တူထိုးပေးလေ့ ရှိကြပြီး ၎င်း တို့၏ခန္ဓာကိုယ်ပေါ်တွင် တက်တူဖုံး လွှမ်းထားသည့်ဧရိယာမှာလည်း တဖြည်းဖြည်း တိုးများလာလျက်ရှိကြောင်း သိရသည်။ ၎င်းတို့သည် ဂျာမနီနိုင်ငံရှိ ရွာငယ်လေးတစ်ရွာတွင် ကြီးပြင်းလာခဲ့ သော်လည်း မြို့ပြကြီးတွင်နေထိုင်လိုသည့် အိပ်မက်ကြောင့် လော့စ်အိန်ဂျလိစ်မြို့သို့ ပြောင်းရွှေ့လာခဲ့ခြင်း ဖြစ်ကာ တက်တူဆိုင်ကို ဖွင့်လှစ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ ကိုဗစ်(၁၉)ကပ်ရောဂါကာလအတွင်း Lockdown များရှိနေချိန်တွင် ၎င်းတို့သည် တက်တူ ဆိုင်အတွင်းပင် အိပ်စက်ခဲ့ရပြီး နောက်ပိုင်းတွင် TikTok ပလက်ဖောင်းမှာ နာမည်ကျော်ကြားလာခဲ့ပြီး နောက် ၎င်းတို့၏ဘဝမှာ ချက်ချင်း ပြောင်းလဲသွားခဲ့ ခြင်းလည်းဖြစ်သည်။
Aline Galiano က “ဒီတက်တူအနုပညာကို ဝါသနာတစ်ခုအဖြစ်စတင်ခဲ့ရာကနေ အခုတော့ ကျွန်မတို့ရဲ့ ဘဝတစ်ခုလုံးအတွက် အသက်မွေးဝမ်းကျောင်းအလုပ်တစ်ခုလိုဖြစ်လာခဲ့ပါပြီ” ဟုပြောဆိုခဲ့သည်။

မူရင်းသတင်း — NP News