Kanbawza Tai News

ယနေ့ တန်ဆောင်တိုင်ပွဲ ဆဋ္ဌမညတွင် မီးပုံးပျံ ၁၃ လုံး လွှတ်တင်မည်

၂၀၂၆ ခုနှစ်၊ နိုဝင်ဘာလ ၂၁ ရက်

တောင်ကြီးတန်ဆောင်တိုင်ပွဲတော် ရိုးရာမီးပုံးပျံပြိုင်ပွဲ နေ့ဖြစ်သော ယနေ့ နိုဝင်ဘာ ၂၁ ရက်၊ ညပိုင်းတွင် ညမီးကြီးနှင့် စိန်နားပန်မီးပုံးပျံ စုစုပေါင်း ၁၃ လုံး လွှတ်တင်ယှဉ်ပြိုင်သွားမည်ဖြစ်ကြောင်း သိရသည်။

ယနေ့ နိုဝင်ဘာလ ၂၁ ရက် ညပိုင်းတွင် ညမီးကြီးမီးပုံးပျံများဖြစ်သော မြတ်ပီတိ၊ ပအိုဝ့်စာပေ/ယဥ်ကျေးမှု (ဗဟို)၊ မင်္ဂလာလေကြောင်းလိုင်း၊ KBZMS ၊ ဆက်ဝှေ့၊ တိမ်လွှာ၊ ထစ်ချုန်း၊ လူမော် မီးပုံးပျံအဖွဲ့များ အပြင် စိန်နားပန် မီးပုံးပျံ များ ဖြစ်သော KBZ Life Insurance ၊ Mingalar & MAI လေကြောင်းလိုင်း၊ ရွှေလူးမီး၊ ကောင်းကင်မီး၊ ဟေမန်မီးပုံးပျံ အဖွဲ့များ ယှဉ်ပြိုင်လွှတ်တင်သွားမည်ဖြစ်ကြောင်း သိရသည်။

ထို့အပြင် ပွဲတော် ဒုတိယညနှင့် စတုတ္ထညများတွင် လွှတ်တင်ရန် ညမီးကြီး မီးပံးပျံ တစ်လုံးစီ၊ စုစုပေါင်း ၂ လုံး ကျန်ရှိနေသေးပြီး ယနေ့ညတွင် လွှတ်ခြင်းရှိ/မရှိ မသိရှိရေသေးချေ။

တောင်ကြီးတန်ဆောင်တိုင်ပွဲတော် ရိုးရာမီးပုံးပျံပြိုင်ပွဲကို နိုဝင်ဘာ ၁၆ ရက်မှ ၂၄ ရက်အထိ တောင်ကြီးမြို့၊ အဝေရာ မီးပုံးပျံကွင်းအတွင်း ကျင်းပပြုလုပ်နေခြင်းဖြစ်ပြီး ဆုပေးပွဲနှင့် ပိတ်ပွဲကို နိုဝင်ဘာ ၂၅ ရက်၌ ပြုလုပ်သွားမည် ဖြစ်ကြောင်း သိရသည်။

မူရင်းသတင်း — Kanbawza Tai News