Kanbawza Tai News

ယနေ့ တန်ဆောင်တိုင်ပွဲ သတ္တမညတွင် မီးပုံးပျံ ၁၆ လုံး လွှတ်တင်မည်

၂၀၂၆ ခုနှစ်၊ နိုဝင်ဘာလ ၂၂ ရက်

တောင်ကြီးတန်ဆောင်တိုင်ပွဲတော် ရိုးရာမီးပုံးပျံပြိုင်ပွဲ သတ္တမနေ့ဖြစ်သော ယနေ့ နိုဝင်ဘာ ၂၂ ရက်၊ ညပိုင်းတွင် ညမီးကြီးနှင့် စိန်နားပန်မီးပုံးပျံ စုစုပေါင်း ၁၆ လုံး လွှတ်တင်ယှဉ်ပြိုင်သွားမည် ဖြစ်ကြောင်း သိရသည်။

ယနေ့ ညပိုင်းတွင် ညမီးကြီး မီးပုံးပျံများ ဖြစ်သော Shan United ၊ လွိုင်လင်မီး၊ ရတနာတောင်ရိုး၊ စက္က၊ ပွဲစားအို၊ လူချော၊ အိုဇုန်း၊ နဂါးပျံ၊ ပေတူး၊ KBZ Bank ၊ အားသစ် နှင့် စိန်နားပန် မီးပုံးပျံများ ဖြစ်သော ABC Men Wear ၊ Shan United ၊ Lucky ၊ မုံတဝတောင်ရိုး၊ KBZ Bank အဖွဲ့များက အသီးသီး ယှဉ်ပြိုင်လွှတ်တင်သွားမည် ဖြစ်ကြောင်း သိရသည်။

ယနေ့ လွှတ်တင်ကြမည့် ညမီးကြီး မီးပုံးပျံများအနက် Shan United မီးမှာ ပြီးခဲ့သည့် ၂၀၂၅ ခုနှစ် တန်ဆောင်တိုင်တွင် ပထမဆု (ခေါင်အချင်း ၂၅ ပေ) ရရှိခဲ့သော မီးပုံးပျံ ဖြစ်ကြောင်းလည်း သိရသည်။

တောင်ကြီးမြို့တော် တန်ဆောင်တိုင်ပွဲတော် ရိုးရာမီးပုံးပျံပြိုင်ပွဲကို နိုဝင်ဘာ ၁၆ ရက်မှ ၂၄ ရက်အထိ တောင်ကြီးမြို့၊ အဝေရာ မီးပုံးပျံကွင်းအတွင်း ကျင်းပပြုလုပ်နေခြင်းဖြစ်ပြီး ဆုပေးပွဲနှင့် ပိတ်ပွဲကို နိုဝင်ဘာ ၂၅ ရက်၌ ပြုလုပ်သွားမည် ဖြစ်ကြောင်း သိရသည်။

မူရင်းသတင်း — Kanbawza Tai News