Myanmar National Post

တာမွေမြို့နယ်ရဲတပ်ဖွဲ့မှူးရုံး၏ စုပေါင်းမဟာဘုံကထိန်ပွဲကျင်းပ










တာမွေ၊ နိုဝင်ဘာ  ၂၂

ရန်ကုန်တိုင်းဒေသကြီး သင်္ဃန်းကျွန်းခရိုင် တာမွေမြို့နယ်ရဲတပ်ဖွဲ့မှူးရုံးမှ စီစဉ်ကျင်းပသော  စုပေါင်းမဟာ ဘုံကထိန်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းအချိန်က တာမွေမြို့နယ် မေတ္တာညွန့်ရပ်ကွက်ရှိ ဘုံဘေကျောင်း၌ ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ ကြွရောက်လာကြသော သံဃာတော် အရှင်သူမြတ်များနှင့် ဧည့်ပရိသတ်အပေါင်းတို့က နမောတဿ သုံးကြိမ်ရွတ်ဆို၍ အခမ်းအနားကို ဖွင့်လှစ်ပေးခဲ့ပြီး တက်ရောက်လာကြသူများက ပင့်သံဃာတော် အရှင်သူမြတ်များ ထံမှ ငါးပါးသီလ ခံယူစောင့်တည်ကာ အန္တရာယ်ကင်းပရိတ်တရားတော်များ နာယူခဲ့ကြသည်။ ဆက်လက်၍ ပင့်သံဃာ တော်အရှင်သူမြတ်များအား သက်ဆိုင်ရာတာဝန်ရှိသူများက ကထိန်လျာသင်္ကန်းများနှင့် ဝတ္ထုငွေများ ဆက်ကပ် လှူဒါန်းခဲ့ကြပြီး လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချ အမျှပေးဝေခဲ့ကြသည်။ ထို့နောက် သက်ဆိုင်ရာတာဝန် ရှိသူများသည် ပင့်သံဃာတော် အရှင်သူမြတ်များအား နေ့ဆွမ်းဆက်ကပ်လှူဒါန်းခဲ့ကြသည်။

အခမ်းအနားသို့ တာမွေမြို့နယ်ရဲတပ်ဖွဲ့မှူးရုံးမှ ရဲမှူးကျော်ဇေယျနှင့်ဇနီး၊ ဒုရဲမှူးဆန်းဝင်းအောင်နှင့် ဇနီး၊ မြို့နယ်ရဲတပ်ဖွဲ့ဝင်များနှင့် ၎င်းတို့၏ မိသားစုဝင်များ၊ အထူးဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ခဲ့ ကြကြောင်း သတင်းရရှိပါသည်။


နိုင်လင်းအောင်

#Myanmar #News

မူရင်းသတင်း — Myanmar National Post