MyTech Myanmar

GTA 6 ဂိမ်းထဲက Lucia ဇာတ်ကောင်ပုံစံ AI ချစ်သူတွေအတွက် အမျိုးသားတွေ ဒေါ်လာထောင်ချီ သုံးစွဲနေကြ

မကြာသေးခင်ကမှ ထွက်ရှိထားတဲ့ Grand Theft Auto 6 ဂိမ်းထဲက အဓိကအမျိုးသမီးဇာတ်ကောင် Lucia Caminos ကို အခြေခံပြီး ဖန်တီးထားတဲ့ AI ချစ်သူတွေအတွက် အမျိုးသားတွေက ဒေါ်လာထောင်နဲ့ချီပြီး သုံးစွဲနေကြတယ်လို့ The Post သတင်းဌာနရဲ့ ဖော်ပြချက်အရ သိရပါတယ်။ ဒေါ်လာ ၁၀၀ နီးပါး ဈေးရှိတဲ့ အဲဒီဂိမ်းထဲက ဇာတ်ကောင်အပေါ် စွဲလမ်းမှုတွေ မြင့်တက်နေတာကို အခွင့်ကောင်းယူပြီး AI ဖန်တီးသူတွေက Lucia နဲ့ ဆင်တူတဲ့ AI bot တွေကို ဖန်တီးကာ ဝင်ငွေအမြောက်အမြား ရှာဖွေနေကြတာ ဖြစ်ပါတယ်။

 

AI ဖန်တီးသူ အမျိုးသားတစ်ဦးကတော့ ပြီးခဲ့တဲ့ ဩဂုတ်လတစ်လတည်းမှာတင် Lucia ပုံစံတူ AI မော်ဒယ်ကနေ ပေါင် ၃၀,၀၀၀ (ဒေါ်လာ ၄၀,၀၀၀ နီးပါး) အထိ ဝင်ငွေရရှိခဲ့တယ်လို့ ထုတ်ဖော်ပြောကြားခဲ့ပါတယ်။ သုံးစွဲသူတွေဟာ သူတို့ စိတ်ကူးယဉ်ထားတဲ့အတိုင်း စကားပြောဆိုတာတွေ (role-play) နဲ့ သီးသန့်ဖန်တီးပေးတဲ့ အကြောင်းအရာတွေ (custom content) ရရှိဖို့အတွက် အဲဒီ AI မော်ဒယ်တွေအပေါ် ငွေကြေးအမြောက်အမြား ပေးချေနေကြတာ ဖြစ်ပါတယ်။

 

အဲဒီဖြစ်ရပ်ကြောင့် ဗီဒီယိုဂိမ်းဇာတ်ကောင် ဒါမှမဟုတ် AI တွေအပေါ် စွဲလမ်းဆက်နွှယ်မှုဟာ လက်တွေ့ဘဝက အချစ်ရေးမှာ သစ္စာဖောက်ရာ ရောက်၊ မရောက်ဆိုတဲ့ အငြင်းပွားမှုတွေ ပြန်လည်ပေါ်ပေါက်လာခဲ့ပြီး BBC သတင်းဌာနကတောင် ဒီအကြောင်းအရာကို ဆွေးနွေးဖော်ပြခဲ့ပါတယ်။ ဒါ့အပြင် influencer တစ်ဦးဖြစ်တဲ့ Ryan Miller ကလည်း AI နဲ့ ဖန်တီးထားတဲ့ ညစ်ညမ်းအကြောင်းအရာတွေဟာ စိတ်ဝိညာဉ်ကို ပျက်စီးစေနိုင်တဲ့ အန္တရာယ်တစ်ခုဖြစ်တယ်လို့ ဝေဖန်ခဲ့ပြီး အတုအယောင်တွေနောက်ကို လိုက်မယ့်အစား စစ်မှန်နက်ရှိုင်းတဲ့ လူသားချင်း ဆက်ဆံရေးတွေကိုပဲ တည်ဆောက်ကြဖို့ တိုက်တွန်းပြောကြားခဲ့ပါတယ်။

 

Ref : vice

မူရင်းသတင်း — MyTech Myanmar