Myanmar National Post

ပင်လယ်ပြင်ထဲ ၂ ရက်အကြာ မျောပါခဲ့တဲ့ ရေလုပ်သား ၃ ဦးကို တပ်မတော် (ရေ)လုံခြုံရေးတပ်ဖွဲ့ဝင်များက လက်ခံကူညီ လိုအပ်သည့်စောင့်ရှောက်မှုများ ဆောင်ရွက်ပေး







နိုဝင်ဘ ၂၃ 

ဧရာဝတီတိုင်း၊ ဖျာပုံမြို့နယ်၊ အရှေ့တောင်ဘက် ရေမိုင် ၆၈ မိုင်ခန့်အကွာ ပင်လယ်ပြင်အတွင်း ကျားဖောင် ပြတ်ပြီး မျောပါလာခဲ့တဲ့ ရေလုပ်သား ၃ ဦးကို တပ်မတော် (ရေ)လုံခြုံရေး တပ်ဖွဲ့ဝင်များက  လက်ခံကူညီပြီး လိုအပ်သည့် စောင့်ရှောက်မှုများ ဆောင်ရွက်ပေးခဲ့ကြောင်း သိရပါတယ်။

ဖြစ်စဉ်မှာ ၂၀၂၆ စက်တင်ဘာ ၁ ရက်နေ့က ပင်လယ်ပြင်အတွင်း ထွက်ခွာလာခဲ့တဲ့ စိန်ပွင့်(၁) အမည်ရှိ ဖောင်ဆွဲလှေတစ်စီးနှင့်အတူ ထွက်ခွာလာခဲ့တဲ့ ရေလုပ်သား ၃ဦးသည် ဖျာပုံမြို့၊ အရှေ့ တောင်ဘက် ပင်လယ်ပြင်အတွင်း မိုင်၇၀ခန့်အကွာရှိ ကျားဖောင်ပေါ်မှာ ရေလုပ်ငန်းလုပ်ကိုင်ခဲ့ ကြောင်း ကာယကံရှင်များ၏ ပြောကြားချက်အရ သိရပါတယ်။

၂၀၂၆ နိုဝင်ဘာ ၁၆ ရက်နေ့ ည ၉ နာရီချိန်ခန့်မှာ ပင်လယ်ပြင်အတွင်း လေပြင်းတိုက်ခတ်ခဲ့မှုကြောင့် အဆိုပါကျားဖောင်သည် ပြတ်ထွက်ပြီး ရေလုပ်သား ၃ ဦးသည် ပင်လယ်ပြင်မှာ  ရေစီးနှင့် အတူ ၂ ရက်ခန့် မျောပါခဲ့ကြောင်း ရေလုပ်သားများ၏ ပြောဆိုချက်အရ သိရပါတယ်။

၂၀၂၆ နိုဝင်ဘာ ၁၈ ရက်နေ့ နံနက်၇ နာရီချိန်ခန့်မှာ ဖျာပုံမြို့ ၊ အရှေ့တောင်ဘက် ပင်လယ်ပြင် အတွင်း ရေမိုင် ၆၈ မိုင်ခန့်မှာ ခိုင်ရွှေဝင်းအမည်ရှိ ငါးဖမ်းလှေနဲ့ တွေ့ဆုံကာ ကူညီကယ်ဆယ်ခြင်းကို ခံယူခဲ့ရပါတယ်။ 

ထို့နောက် အဆိုပါ ငါးဖမ်းလှေအဖွဲ့က ဖျာပုံမြို့ အရှေ့တောင်ဘက် ပင်လယ်ပြင်အတွင်း ရေမိုင်၃၄ မိုင်ခန့်အကွာမှာ ပင်လယ်ပြင်လုံခြုံရေး တာဝန်ထမ်းဆောင်နေတဲ့ တပ်မတော် (ရေ)အဖွဲ့ထံ ၂၀၂၆ နိုဝင်ဘာ ၁၈ ရက် နေ့လယ် ၁နာရီခွဲချိန်ခန့်မှာ အပ်နှံခဲ့ကြပါတယ်။

လာရောက်အပ်နှံတဲ့ ရေလုပ်သား ၃ ဦးကို တပ်မတော် (ရေ)လုံခြုံရေးတပ်ဖွဲ့ဝင်များက စစ်သင်္ဘောပေါ်၌ အဝတ်အထည်များ၊ အစားအသောက်များ ပေးအပ်ထောက်ပံ့ပြီး လိုအပ်သည့် ကျန်းမာရေးစောင့်ရှောက်မှု ဆောင်ရွက်ပေးခဲ့ကြပါတယ်။

ပင်လယ်ပြင်အတွင်း ရေလုပ်သား အလုပ်လုပ်ကိုင်ခဲ့တဲ့ ကျားဖောင်ဟာ ဧရာဝတီတိုင်း၊ အမာမြို့ နယ်၊ ခါးပြတ်(ဗန္ဓာပင်)ကျေးရွာနေ ဦးသန့်ဇင်ဦးဆိုသူ ပိုင်ဆိုင်ပြီး ၎င်းအားဆက်သွယ်ကာ အဆိုပါ မြို့နယ်၊ ဓမင်းဆိပ်ကျေးရွာ ငါးလုပ်ငန်းဦးစီးဌာနသို့ တပ်မတော်(ရေ)လုံခြုံရေးတပ်ဖွဲ့ဝင်များက စနစ်တကျလွဲပြောင်း ပေးအပ်ခဲ့ကြောင်း သိရပါတယ်။


#Myanmar #News

မူရင်းသတင်း — Myanmar National Post