Myanmar Digital News

အမျိုးသားဘောလုံးပြိုင်ပွဲ အောင်ဇမ္ဗူ FC အသင်းနှင့် တောင်ငူ Old Star အသင်းတို့ ယှဉ်ပြိုင်

တောင်ငူ နိုဝင်ဘာ ၂၂

 

ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင် အားကစားကွင်း၌ မြို့နယ်အားကစားဖွံ့ဖြိုးတိုးတက်ရေးအတွက် ဝင်ကြေးကျပ်တစ်သောင်းဖြင့် ယမန်နေ့ညနေ ၄ နာရီက အမျိုးသားဘောလုံးပြိုင်ပွဲ အောင်ဇမ္ဗူ FC အသင်းနှင့် တောင်ငူ Old Star အသင်းတို့ ယှဉ်ပြိုင်ကစားကြသည်။

 

အဆိုပါအမျိုးသားဘောလုံးပြိုင်ပွဲတွင် ဒေသခံပြည်သူ ၇၀၀ ခန့် လာရောက်အားပေးကြပြီး အောင်ဇမ္ဗူ FC အသင်းက တောင်ငူ Old Star အသင်းကို ငါးဂိုး-ဂိုးမရှိဖြင့် အနိုင်ရခဲ့သည်။ တောင်ငူမြို့၌ (၉၅) ကြိမ်မြောက် နှစ်ကျိပ်ရှစ်ဆူဘုရားများ ဒေသစာရီလှည့်လည် ပူဇော်ပွဲ၊ မန္တလေးငလျင်ကြီးကြောင့် ထိခိုက်ယိုယွင်းခဲ့သည့် စေတီတော်များ ပြုပြင်မွမ်းမံခြင်း၊ အထွေထွေလှူဒါန်းမှုများအတွက် စုပေါင်းရေစက်ချခြင်းနှင့် ၅၁၆ နှစ်ပြည့် မြို့တည်နန်းတည်ပွဲတော်ကို နိုဝင်ဘာ ၂၂ ရက်မှ ၂၄ ရက်အထိ စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည်ဖြစ်ပြီး အောင်ဇမ္ဗူဇာတ်သဘင်သည် မိုင်ဒါကွင်း၌ နိုဝင်ဘာ ၁၉ ရက်မှ ၂၁ ရက် အထိ ရုံဝင်ကြေးဖြင့် ကပြဖျော်ဖြေတင်ဆက်ခဲ့ကြောင်း သိရသည်။

 

ဇော်ကိုကို (တောင်ငူ)

မူရင်းသတင်း — Myanmar Digital News