တောင်ကြီး နိုဝင်ဘာ ၂၂
တောင်ကြီးတန်ဆောင်တိုင်ပွဲတော်ကို တောင်ကြီးမြို့ရှိ အဝေရာမီးပုံးပျံကွင်း၌ ကျင်းပလျက်ရှိရာ ယမန်နေ့ပွဲတော် ဆဋ္ဌမနေ့ညပိုင်းတွင် စိန်နားပန်မီးပုံးပျံ ငါးလုံး၊ ညမီးကြီးရှစ်လုံး လွှတ်တင်ယှဉ်ပြိုင်ပွဲ၊ တေးဂီတဖျော်ဖြေပွဲ၊ နိုင်ငံကျော်အဆိုတော်များ၏ စတိတ်ရှိုးပွဲဖျော်ဖြေမှုများဖြင့် စည်ကားသိုက်မြိုက်စွာ ကျင်းပသည်။
ပွဲတော်တွင် အနယ်နယ်အရပ်ရပ်မှ ခရီးသွားပွဲတော်လာ ပြည်သူများ၊ ဒေသခံတိုင်းရင်းသား ပြည်သူများက အေးချမ်းပျော်ရွှင်စွာ ပါဝင်ဆင်နွှဲကြပြီး ပွဲတော်လာပရိသတ် ငါးသိန်းခန့်လာရောက် ကြည့်ရှုအားပေးကြသည်။
အဆိုပါပွဲတော်ဆဋ္ဌမည ပြည်သူများအေးချမ်းပျော်ရွှင်စွာ ဆင်နွှဲနေမှု၊ စိန်နားပန်မီးပုံးပျံများ၊ ညမီးကြီးမီးပုံးပျံများ လွှတ်တင်ယှဉ်ပြိုင်နေမှုတို့ကို ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးစိုင်းထိန်စိုးနှင့် ဇနီး၊ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူးနှင့်ဇနီး၊ ပြည်နယ်လွှတ်တော် ဒုတိယဥက္ကဋ္ဌ၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်နှင့် တာဝန်ရှိသူများက ကြည့်ရှုအားပေးခဲ့ကြကြောင်း သိရသည်။
မောင်မောင်သန်း(တောင်ကြီး)