
၂၀၂၆ ခုနှစ်၊ နိုဝင်ဘာလ ၂၃ ရက်
ရှမ်းပြည်နယ်တောင်ပိုင်း၊ နမ့်စန်မြို့၊ နမ့်စန်-ခိုလန်သွား ပြည်ထောင်စုလမ်းမကြီးဘေး၊ အမှတ် (၂) ကျေးရွာအနီးရှိ တန်ဆောင်တိုင်ကွင်းတွင် ပထမအကြိမ် တန်ဆောင်တိုင်ပွဲတော်ကို စတင်ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။
နမ့်စန်တန်ဆောင်တိုင်ဖွင့်ပွဲအား ဖျော်ဖြေရေးအကအလှများ၊ မီးပုံးပျံငယ်လေးများ၊ မီးရှူးမီးပန်းများ ပစ်ဖောက် လွှတ်တင် ဖွင့်လှစ်ခဲ့ပြီး ညပိုင်းတွင် မီးပုံးပျံလွတ်တင်ခြင်း မီးပုံပွဲကျင်းပခြင်း အကအလှများဖြင့်ဖျော်ဖြေခြင်း ခြင်းလုံးခတ်အလှများ စတုဒီသာကျွေးမွေးခြင်းနှင့် ဈေးရောင်းပွဲတော်အား ကျင်းပခဲ့ကြောင်း သိရသည်။
နမ့်စန်တန်ဆောင်တိုင်ပွဲတော်ကို နိုဝင်ဘာလ၂၂ရက်မှ နိုဝင်ဘာလ၂၄ရက်နေ့အထိ ၃ ရက်တိုင်တိုင် စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။