NP News

ပန်းကန်ဆေးသမားဘဝကနေ ကမ္ဘာ့ AI လောကရဲ့ဘုရင်တစ်ဆူဖြစ်လာသူ ဂျန်ဆန်ဟွမ်

ဂျန်ဇက် (NP News) - နိုဝင်ဘာ ၂၃

ကမ္ဘာ့ AI လောကရဲ့ဘုရင်လို့ တင်စားခံရတဲ့ဂျန်ဆန်ဟွန်ဟာ လူမူရေးအရှုပ်တော်ပုံတွေကြောင့် နိုဝင်ဘာလ (၁၃)ရက်မှာ သူဦးဆောင်တည်ဆောက်ခဲ့ပြီး ကမ္ဘာကျော်နည်းပညာကုမ္ပကြီးတစ်ခုဖြစ်တဲ့ NVIDIA ကနေ နုတ်ထွက်သွားခဲ့ပါတယ်။
လက်ရှိအချိန်မှာ အသက်(၆၄)နှစ်အရွယ်ရှိ ဂျန်ဆန်ဟွမ်ဟာ ကမ္ဘာကျော်တစ်ဦးဖြစ်လာဖို့ တ ခြားသူတွေနဲ့မတူတဲ့ ခါးသီးတဲ့ခယောင်းလမ်းကိုဖြတ်ကျော်ခဲ့ရပါတယ်။ ဂျန်ဆန်ဟွမ်ကို (၁၉၆၃)ခုနှစ် ဖေ ဖော်ဝါရီလ(၁၇)ရက်မှာ တရုတ်တိုင်ပေနိုင်ငံတောင်ပိုင်းက ထိုင်နန်မြို့မှာမွေးဖွားခဲ့ပါတယ်။ သူ့ရဲ့တရုတ် အမည်က Huang Renxun ဖြစ်ပြီး ငယ်စဉ်ကတည်းက မိသားစုရဲ့အနာဂတ်အတွက် နိုင်ငံပြောင်းရွှေ့ နေ ထိုင်ရတဲ့အခြေအနေတွေကို ကြုံတွေ့ခဲ့ရသူဖြစ်ပါတယ်။ သူဟာ အသက်(၅)နှစ်ဝန်းကျင်မှာ မိသားစုနဲ့ အတူ ထိုင်းနိုင်ငံကိုပြောင်းရွှေ့နေထိုင်ခဲ့ပေမယ့် သူ့မိဘတွေက သားနှစ်ယောက်ရဲ့ အနာဂတ် ပညာရေးနဲ့ လုံခြုံရေးအတွက် အမေရိကန်နိုင်ငံကို ပို့ဖို့ဆုံးဖြတ်ခဲ့ကြပါတယ်။အသက်(၉)နှစ်အရွယ်မှာ သူနဲ့သူ့ အစ်ကို ဟာ အမေရိကန်နိုင်ငံ ဝါရှင်တန်ပြည် နယ်၊ Tacoma မြို့မှာရှိတဲ့ ဦးလေးဆီကို သွားရောက်နေထိုင်ခဲ့ကြ ပါတယ်။
အဲဒီအချိန်ဟာ ဂျန်ဆန်ဟွမ်ရဲ့ဘဝမှာ အရေးကြီးတဲ့အလှည့်အပြောင်းတစ်ခု ဖြစ်ခဲ့ပါတယ်။ အမေရိကန်ကိုရောက်ပြီးနောက် သူ့ဦးလေးက Kentucky ပြည်နယ်မှာရှိတဲ့ Oneida Baptist Institute ကို ဂုဏ်သိက္ခာရှိတဲ့ဘော်ဒါ ကျောင်းတစ်ခုလို့ထင်မြင်ပြီးပို့ခဲ့ပေမယ့် အဲဒီကျောင်းဟာ သူ့ဦးလေးထင် ထားသလို ပုံမှန်အဆင့်မြင့်ကျောင်း တစ်ခုမဟုတ်ဘဲ အခက်အခဲရှိတဲ့လူငယ်တွေကို လက်ခံသင်ကြား ပေးတဲ့ ပြုပြင်ထိန်းသိမ်းရေးဆန်တဲ့ကျောင်းတစ်ခုဖြစ်နေခဲ့ပြီး ဂျန်ဆန်ဟွမ်ဟာ တခြားကျောင်းသား တွေရဲ့အနိုင်ကျင့်မှုကိုလည်းခံခဲ့ရပါတယ်။

ဂျန်ဆန်ဟွမ်ဟာ အဲဒီမှာကျောင်းတက်ချိန်အတွင်း အတန်းပြီးချိန်တိုင်း ယောကျာ်းလေးအိမ်သာ ကို သန့်ရှင်းရေးလုပ်ရတာမျိုးလည်းပါဝင်ပြီး သူ့အစ်ကိုကတော့ ဆေးရွက်ကြီးစိုက်ခင်းမှာ အလုပ်လုပ်ခဲ့ရ ပါတယ်။ နောက်ပိုင်းမှာ မိသားစုဟာ အမေရိကန်နိုင်ငံ Oregon ပြည်နယ်မှာ ပြန်လည်ပေါင်းစည်းနိုင်ခဲ့ ကြပါတယ်။ ဂျန်ဆန်ဟွမ်ဟာ Oregon မှာ အထက်တန်း ပညာဆက်လက်သင်ယူခဲ့ပြီး အသက် (၁၆)နှစ် အရွယ်မှာ အထက်တန်းကျောင်း ပြီးဆုံးခဲ့ပါတယ်။ ဂျန်ဆန်ဟွမ်ဟာ အော်ရီဂွန်ကိုပြောင်းပြီး အထက် တန်း ကျောင်းတက်ချိန်အတွင်း စားသောက်ဆိုင်မှာ ပန်းကန်ဆေးသမားအဖြစ် အလုပ်လုပ်ခဲ့ရပါတယ်။ သူဟာ အသက်(၁၅)နှစ်အရွယ်မှာ အမေရိကန်စားသောက်ဆိုင်လုပ်ငန်းတစ်ခုဖြစ်တဲ့ Denny's မှာ ပန်း ကန်ဆေးသမားအဖြစ်လုပ်ခဲ့ပါတယ်။ ဂျန်ဆန် ဟွမ်ဟာ စားသောက်ဆိုင်မှာ ပန်းကန်တွေ ဆေးကြောရ တဲ့အပြင် အလုပ်နေရာတွေကို သန့်ရှင်းရေးလုပ်ရတယ်။ နောက်ပိုင်းမှာ ပန်းကန်ဆေးသမားကနေ Busboy လို့ခေါ်တဲ့ စားပွဲထိုးအကူအဖြစ် ရာထူးတိုးခဲ့ပြီး သူဟာ အဲဒီအလုပ်ကို အလေးအနက်ထားခဲ့ပါ တယ်။ သူရဲ့စကားတစ်ခုက အလွန်စိတ်ဝင်စားစရာကောင်းပါတယ်။ အလုပ်လုပ်တဲ့အခါ ဘယ်တော့မှ လက်ဗလာနဲ့ပြန်မလာဘူး။ တစ်ခုခုယူသွားပြီး တစ်ခုခုလုပ်ပြီးမှပြန်လာတယ်ဆိုတဲ့သဘောမျိုးနဲ့ အလုပ်ကို ထိရောက်အောင်လုပ်ခဲ့တယ်လို့ဆိုပါတယ်။ နောက်ပိုင်း Stanford Graduate School of Business မှာ ပြောကြားခဲ့တဲ့ အင်တာဗျူးတစ်ခုမှာလည်း သူဟာ Denny's မှာ အကောင်းဆုံး ပန်းကန် ဆေးသမားဖြစ်ခဲ့တယ်လို့ ဟာသနှောပြီးပြောခဲ့ပါတယ်။ ဂျန်ဆန်ဟွမ် အတွက် အလုပ်တစ်ခုဟာ ဂုဏ် သိက္ခာနိမ့်တဲ့အလုပ်၊ ဂုဏ်သိက္ခာမြင့်တဲ့အလုပ်ဆိုပြီး ခွဲခြားတာထက် ကိုယ်လုပ်တဲ့အလုပ်ကို အကောင်း ဆုံးဖြစ်အောင်လုပ်ဖို့သာ သဘောထားရှိခဲ့တယ်လို့ သိရပါတယ်။ ဂျန်ဆန်ဟွမ် ဟာ အထက်တန်းကျောင်း ပြီးနောက် Oregon State University မှာ လျှပ်စစ်အင်ဂျင်နီယာဘာသာရပ်ကို သင်ယူခဲ့ပြီး သူဟာ Bachelor of Science in Electrical Engineering ဘွဲ့ကိုရရှိခဲ့ပါတယ်။ ဘွဲ့ရပြီးနောက် Stanford စတန်းဖို့ဒ်တက္ကသိုလ်ကို ဆက်လက်တက်ရောက်ခဲ့ပြီး (၁၉၉၂)ခုနှစ်မှာ Electrical အင်ဂျင်နီယာ ဘာ သာရပ်နဲ့မဟာဘွဲ့ ထပ်မံရရှိခဲ့ပါတယ်။ တက္ကသိုလ်ပြီးနောက် နည်းပညာ ကုမ္ပဏီတွေမှာအလုပ်လုပ်ခဲ့ပြီး Advanced Micro Devices (AMD) LSI LogicAMD မှာ Micr­o­processor Designer အဖြစ်လုပ်ကိုင်ခဲ့ သလို LSI Logic မှာ Coreware နဲ့ပတ်သက်တဲ့ နည်းပညာပိုင်းဆိုင်ရာတာဝန်တွေကို ထမ်းဆောင်ခဲ့ပါ တယ်။ အဲဒီအလုပ်အတွေ့အကြုံတွေဟာ ဂျန်ဆန်ဟွမ်အတွက် နောက်ပိုင်း NVIDIA တည်ထောင်ရာမှာ အခြေခံကောင်းတွေဖြစ်လာခဲ့ပါတယ်။
(၁၉၉၃)ခုနှစ်မှာ အသက်(၃၀)အရွယ်ရှိနေတဲ့ ဂျန်ဆန်ဟွမ်ဟာ အင်ဂျင်နီယာအလုပ်ကောင်း တစ်ခုရှိနေခဲ့ပေမယ့် သူဟာ အဲဒီအလုပ်နဲ့ပဲ ဘဝကို ဖြတ်သန်းဖို့မဆုံးဖြတ်ခဲ့ဘဲ သူနဲ့ရင်းနှီးတဲ့ အင်ဂျင်နီ ယာနှစ်ဦးဖြစ်တဲ့ Chris Malachowsky ၊ Curtis Priem တို့နဲ့အတူ ကုမ္ပဏီတစ်ခုတည်ထောင်ဖို့ ဆွေး နွေးခဲ့ကြပါတယ်။ သူတို့သုံးဦးဟာ သာမန်ကွန်ပျူတာတွေနဲ့မဖြေရှင်းနိုင်တဲ့ တွက်ချက်မှုဆိုင်ရာပြဿနာ တွေကိုဖြေရှင်းနိုင်မယ့်နည်းပညာတစ်ခုဖန်တီးဖို့ ရည်ရွယ်ခဲ့ပေမယ့် သူတို့ဟာ 3D Graphics နည်းပညာ မှာ အနာဂတ်ရှိတယ်လို့ယုံကြည်ခဲ့ကြပါတယ်။ သူတို့ သုံးဦးဟာ NVIDIA ကုမ္ပဏီကိုတည်ထောင်ပြီး အ စောပိုင်းကာလတွေမှာ စိန်ခေါ်မှုအခက်အခဲတွေကို ရင်ဆိုင်ခဲ့ရပါတယ်။ အထူးသဖြင့် အစောပိုင်း နှစ် တွေမှာ နည်းပညာပြိုင်ဆိုင်မှုတွေ၊ ထုတ်ကုန်ဒီဇိုင်းပြဿနာတွေ၊ ဈေးကွက်အခက်အခဲ တွေကိုရင်ဆိုင်ခဲ့ ရပါတယ်။ အထူးသဖြင့် Microsoft ရဲ့ Direct3D စံနှုန်း ပေါ်လာတဲ့အချိန်မှာ NVIDIA ရဲ့ မူလနည်းပညာ ဒီဇိုင်းဟာ ဈေးကွက်လိုအပ်ချက်နဲ့ ကိုက်ညီမှုမရှိတော့တဲ့ အခြေအနေတစ်ခုကို ရောက်ခဲ့ပါတယ်။
ဂျန်ဆန်ဟွမ်က သူတို့ကုမ္ပဏီမှာ ပြိုင်ဘက်ကုမ္ပဏီ (၈၉)ခုအထိရှိလာခဲ့တယ်လို့ Stanford အင် တာဗျူးမှာပြန်ပြောခဲ့ပါတယ်။ ကုမ္ပဏီမှာ လုပ်ငန်းဆက်လက်လည်ပတ်နိုင်မယ့်အချိန်ကလည်း (၆)လ ကနေ (၉)လခန့်သာကျန်တော့တဲ့အခြေအနေမျိုး ကြုံခဲ့ရပြီး အဲဒီအချိန်မှာ သူတို့ဟာ နည်းပညာဒီဇိုင်း ကို ပြန်လည်ပြောင်းလဲဖို့ဆုံးဖြတ်ခဲ့ကြပါတယ်။ ဂျန်ဆန်ဟွမ်တို့သုံးဦးဟာ နောက်ဆုံး OpenGL နည်း ပညာစံနှုန်းကိုလေ့လာပြီး ထုတ်ကုန်ဒီဇိုင်းကို ပြန်လည်တည်ဆောက်နိုင်ခဲ့ပြီး အဲဒီဖြစ်ရပ်ဟာ NVIDIA ရဲ့ သမိုင်းမှာ အရေးကြီးတဲ့အလှည့်အပြောင်းတစ်ခုဖြစ်ခဲ့တယ်လို့ဆိုနိုင်ပါတယ်။ (၁၉၉၉) ခုနှစ်မှာ ဂျန်ဆန် ဟွမ် ဦးဆောင်နေတဲ့ NVIDIA ဟာ GeForce 256 ကိုမိတ်ဆက်ခဲ့ပြီး NVIDIA က အဲဒီထုတ်ကုန်ကို ကမ္ဘာ့ ပထမဆုံးကွန်ပျူတာ GPU အဖြစ်သတ်မှတ်ခဲ့ပြီး ဂိမ်းကစားတဲ့လောကအတွက် အရေးကြီးတဲ့ တိုး တက်မှုတစ်ခုဖြစ်ခဲ့ပါတယ်။
GPU နည်းပညာ တိုးတက်လာတာနဲ့အမျှ 3D ဂိမ်းတွေဟာ ပိုမိုလက်တွေ့ကျလာပြီး ရုပ်ပုံအရည် အသွေးလည်း မြင့်တက်လာခဲ့ပါတယ်။ ဂျန်ဆန်ဟွမ်ရဲ့ NVIDIA ဟာ (၂၀ဝ၆)ခုနှစ်မှာ CUDA ကို မိတ် ဆက်ခဲ့ပြီး CUDA ဆိုတာ GPU ကို ဂိမ်း ရုပ်ပုံဖော်ပြဖို့တင်မကဘဲ တခြားသိပ္ပံနဲ့နည်းပညာ တွက်ချက်မှု တွေအတွက်ပါအသုံးပြုနိုင်အောင် ဖန်တီးထားတဲ့ Platform နဲ့ Programming Model ဖြစ်ပါတယ်။ အဲဒီ ဆုံးဖြတ်ချက်ဟာ နောက်ပိုင်းမှာ NVIDIA ရဲ့ ကမ္ဘာ့ဈေးကွက်အပေါ် သက်ရောက်မှု ကြီးမားစေခဲ့ပြီး GPU တွေကို ဂိမ်းကစားဖို့အတွက်ပဲ အသုံးပြုနေရာကနေ သိပ္ပံနည်းကျတွက်ချက်မှုတွေ၊ ရာသီဥတုခန့်မှန်းတာ၊ ဆေးဝါးသုတေသန၊ ရုပ်ပုံနဲ့ ဗီဒီယိုဆိုင်ရာတွက်ချက်မှုတွေ၊ စက်ရုပ်နည်းပညာ၊ မောင်းသူမဲ့ကားနည်း ပညာ၊ Artificial Intelligence တွေကို ထပ်မံလုပ်ဆောင်လာနိုင်ပါတယ်။ အထူးသဖြင့် CUDA ကြောင့် Software Developer တွေဟာ GPU ရဲ့စွမ်းအားကို ပိုမိုလွယ်ကူစွာ အသုံးချနိုင်လာကြပါတယ်။ ဂျန်ဆန် ဟွမ်ရဲ့ စီးပွားရေးဘဝမှာ အရေးကြီးဆုံးအလှည့်အပြောင်းတွေထဲက တစ်ခုကတော့ (၂၀၁၂) ခုနှစ်မှာဖြစ် ပေါ်ခဲ့ပါတယ်။ အဲဒီအချိန်တုန်းက Deep Learning နည်းပညာနဲ့ပတ် သက်ပြီး AlexNet ဆိုတဲ့ Neural Network စနစ်ဟာ အလွန်အရေးပါတဲ့ရလဒ်တစ်ခုကိုဖော်ထုတ်နိုင် ခဲ့ပြီး အဲဒီစနစ်ကိုလေ့ကျင့်ပေးရာမှာ NVIDIA GPU တွေကိုအသုံးပြုခဲ့ပါတယ်။ အဲဒီလုပ်ရပ်က GPU တွေဟာ ဂိမ်းနဲ့ရုပ်ပုံဖော်ပြမှုအတွက် သာမက AI နည်းပညာအတွက်ပါ အလွန်အရေးပါတဲ့ တွက် ချက်ရေးပစ္စည်းတွေဖြစ်နိုင်တယ်ဆိုတာကို ပြသခဲ့တဲ့ ဖြစ်ရပ်တစ်ခုလည်းဖြစ်ပါတယ်။
NVIDIA ဟာ ဒီအခွင့်အရေးကို အစောပိုင်းကတည်းကအာရုံစိုက်ခဲ့ပြီး တခြားကုမ္ပဏီတွေက GPU ကို ဂိမ်းဈေးကွက်အတွက် အဓိကထားစဉ် NVIDIA က AI အတွက်လိုအပ်မယ့် Computing Infrastruct- ure ကိုပါတည်ဆောက်ခဲ့ပါတယ်။ AI ခေတ်ရောက်လာတဲ့အခါမှာတော့ NVIDIA ရဲ့ GPU နဲ့ CUDA နည်း ပညာတွေဟာ အရေးပါတဲ့ အခြေခံအဆောက်အအုံတွေ ဖြစ်လာခဲ့ပါတယ်။
(၂၀၂၂) ခုနှစ် နိုဝင်ဘာလမှာ ChatGPT ပေါ်ပေါက်လာခဲ့ပြီးနောက် ကမ္ဘာတစ်ဝန်း AI နည်းပညာ ပြိုင်ဆိုင်မှုအလွန်ပြင်းထန်လာရာ AI Model ကြီးတွေကိုတည်ဆောက်ဖို့၊ လေ့ကျင့်ဖို့နဲ့အသုံးပြုဖို့Compu- ting Power အမြောက်အမြား လိုအပ်လာပြီး NVIDIA ရဲ့ GPU တွေဟာ အဓိကအခန်းကဏ္ဍကနေ ပါဝင် လာပါတယ်။ Microsoft ၊ Google ၊ Meta ၊ Amazon နဲ့ တခြားနည်းပညာကုမ္ပဏီကြီးတွေ ဟာ AI Infrastructure တည်ဆောက်ဖို့အတွက် GPU တွေကို အကြီးအကျယ်ရင်းနှီးမြှုပ်နှံလာရာ NVIDIA ဟာ Chip တစ်ခုရောင်းတဲ့ ကုမ္ပဏီတစ်ခုတည်းမဟုတ်တော့ဘဲ GPU ၊ Networking နဲ့ AI Data Center တွေ အတွက် လိုအပ်တဲ့နည်းပညာ ပေါင်းစပ်စနစ်တစ်ခုကိုပေးနိုင်တဲ့ ကုမ္ပဏီဖြစ်လာပါတယ်။ ဒါကြောင့် AI စီးပွားရေးလုပ်ငန်းတွေ ကြီးထွားလာတာနဲ့အမျှ NVIDIA ရဲ့အရေးပါမှုလည်း မြင့်တက်လာခဲ့ပါတယ်။
ဂျန်ဆန်ဟွမ်ဟာ သူရဲ့ကိုယ်ပိုင်မိသားစုဘဝကို လူသိရှင်ကြားထုတ်ဖော်လေ့ မရှိသူတစ်ဦးဖြစ် ပေမယ့် သူ့ဇနီးက Lori Huang ဖြစ်ပါတယ်။ သူတို့နှစ်ဦးဟာ Oregon State University မှာ ပညာ သင် ကြားနေစဉ်တွေ့ဆုံခဲ့ကြတာဖြစ်ပြီး သူတို့မှာ သားသမီးနှစ်ဦးရှိပါတယ်။ သတင်းအရ သမီး မာဒီဆန်ဟာ NVIDIA မှာ Physical AI Platforms နဲ့ပတ်သက်တဲ့ Product and Technical Marketing လုပ်ငန်းပိုင်း မှာ Senior Director အဖြစ်လုပ်ကိုင်နေပြီး သားဖြစ်သူ စပင်ဆာက Robotics Software Products ပိုင်း မှာတာဝန်ယူနေပါတယ်။ ဂျန်ဆန်ဟွမ်ရဲ့ စီးပွားရေးအတွေးအခေါ်နဲ့ ခေါင်းဆောင်မှုပုံစံကို တခြားကုမ္ပဏီ ကြီးတွေရဲ့ CEO တွေ နဲ့နှိုင်းယှဉ်ကြည့်မယ်ဆိုရင် သူ့မှာ ထူးခြားတဲ့ ခေါင်းဆောင်မှုပုံစံတွေရှိပါတယ်။
ဂျန်ဆန်ဟွမ်ရဲ့ ထူးခြားတဲ့ခေါင်းဆောင်တွေကိုလေ့လာကြည့်မယ်ဆိုရင် ပထမအချက်က ရေ ရှည်အတွက် ရင်းနှီးမြှုပ်နှံခြင်းဖြစ်ပြီး ဒုတိယအချက်က ပြောင်းလဲမှုကိုလက်ခံခြင်းဖြစ်သလို NVIDIA ရဲ့ အစောပိုင်းနည်းပညာတွေ ဈေးကွက်နဲ့မကိုက်ညီတဲ့အခါ မူလအစီအစဉ်ကို ဆက်လက်ဆုပ်ကိုင် မထား ဘဲ ပြန်လည်ပြောင်းလဲခဲ့ပါတယ်။ တတိယအချက်က First Principles Thinking ဖြစ်ပါတယ်။ ဂျန်ဆန် ဟွမ်ဟာ တစ်ခုခုကိုမသိသေးဘူးဆိုရင် အရင်ဆုံး ဘယ်လောက်ခက်ခဲ သလဲဆိုတာထက် ဘယ်လိုလေ့ လာပြီးဖြေရှင်းနိုင်မလဲဆိုတာမျိုးဖြစ်ပါတယ်။
ဂျန်ဆန်ဟွမ်ဟာ ပန်းကန်ဆေးသမားဘဝကနေ CEO ဖြစ်လာခဲ့သူဖြစ်တဲ့အတွက် ကိုယ်လုပ်ရ မယ့်အလုပ်ကို အဆင့်အတန်းခွဲခြားပြီးရှောင်ရှားတာမျိုး မလုပ်သင့်ဘူးဆိုတဲ့သဘောထားကို မကြာခဏ ပြောကြားလေ့ရှိပါတယ်။ ဂျန်ဆန်ဟွမ်ဟာ အနက်ရောင် Leather Jacket ကို အမြဲဝတ်ဆင်လေ့ရှိရာ သူရဲ့ ထင်ရှားတဲ့အမှတ်အသားတစ်ခုကတော့ အနက်ရောင် Leather Jacket ဖြစ်ပါတယ်။ သူဟာ NVIDIA ရဲ့အခမ်းအနားတွေ၊ နည်းပညာမိတ်ဆက်ပွဲတွေမှာ အနက်ရောင်သားရေဂျာကင်ကို ဝတ်ဆင် လေ့ရှိပါတယ်။ အဲဒီပုံစံဟာ သူ့ရဲ့ ကိုယ်ပိုင်အမှတ်အသားတစ်ခုဖြစ်လာပြီး ကမ္ဘာတစ်ဝန်းမှာ NVIDIA နဲ့ သူ့ကို တွဲဖက်မှတ်မိစေတဲ့အချက်တစ်ခု ဖြစ်လာပါတယ်။ NVIDIA ရဲ့ စီးပွားရေးတိုးတက်မှုနဲ့အတူ ဂျန် ဆန်ဟွမ်ရဲ့ကိုယ်ပိုင်ကြွယ်ဝမှုဟာလည်း အဆမတန် မြင့်တက်လာခဲ့ပြီး သူဟာ NVIDIA ရဲ့အစုရှယ်ယာ တွေကိုပိုင်ဆိုင်ထားတဲ့အတွက် ကုမ္ပဏီတန်ဖိုး မြင့်တက်လာတာနဲ့အမျှ သူရဲ့ကြွယ်ဝမှုလည်း တိုးလာပါ တယ်။
Forbes ရဲ့ (၂၀၂၆) စက်တင်ဘာ (၁၆) ရက်မှတ်တမ်းမှာ သူရဲ့ခန့်မှန်းကြွယ်ဝမှုကို အမေရိကန် ဒေါ်လာ (၁၈၇.၄)ဘီလျံအဖြစ်ဖော်ပြခဲ့ပါတယ်။ ဂျန်ဆန်ဟွမ်ဟာ ကြွယ်ဝချမ်းသာလာတာနဲ့အမျှ ပညာ ရေးအတွက်လည်း လှူဒါန်းမှုတွေပြုလုပ်ခဲ့ပြီး သူနဲ့ဇနီး Lori တို့ဟာ Stanford University ရဲ့ Enginee- ring Center အတွက် အလှူငွေထည့်ဝင်ခဲ့ ကြပါတယ်။
Oregon State University မှာလည်း (၂၀၂၂)ခုနှစ်မှာ သုတေသနစင်တာတစ်ခုအတွက် ဒေါ်လာ သန်း(၅၀)လှူဒါန်းခဲ့တယ်လို့ မှတ်တမ်းတွေမှာဖော်ပြထားပါတယ်။ ဂျန်ဆန်ဟွမ်ရဲ့ဘဝအခြေအနေကို လေ့လာတဲ့အခါ မဖြစ်မနေထည့်သွင်းရမယ့်အကြောင်းအရာကတော့ တရုတ်သူလျှိုမယ်လို့ စွပ်စွဲ ခံရတဲ့ Alice Huang အမည်ရှိအမျိုးသမီးနဲ့ လူမူ ရေးဖောက်ပြန်မှုဖြစ်ပြီး အမေရိကန်အာဏာပိုင်တွေက အဲဒီအမျိုးသမီးဟာ တရုတ်ထောက်လှမ်းရေးနဲ့ ဆက်နွှယ်မှုရှိတယ်လို့ယူဆထားကြောင်း ဖော်ပြခဲ့ပါ တယ်။
ဂျန်ဆန်ဟွမ်ဟာ အမျိုးသမီးတွေနဲ့ လူမှုရေး အရှုပ်တော်ပုံဖြစ်ခဲ့တဲ့အတွက် (၂၀၂၆) ခုနှစ် နိုဝင် ဘာလအတွင်းမှာပဲ NVIDIA ရဲ့စီအီးအိုရာထူးကနေ ရုတ်တရက်နုတ်ထွက်ခဲ့ပါတယ်။ ဒါ့ပြင် ဂျန်ဆန်ဟွမ် က သူရဲ့ ကိုယ်ရေးကိုယ်တာ အိမ်ထောင်ရေးကိစ္စနဲ့ပတ်သက်ပြီး ဝန်ထမ်းတွေထံပေးပို့တဲ့စာမှာ ဇနီး အပေါ် သစ္စာမရှိခဲ့ကြောင်းဝန်ခံပြီး တာဝန်ယူ ကြောင်းပြောဆိုခဲ့တယ်လို့ Reuters က ဖော်ပြခဲ့ပါတယ်။ ဂျန်ဆန်ဟွမ်ရဲ့ဘဝဇာတ်ကြောင်းဟာ ရိုးရိုး သာမန်အောင်မြင်သူတစ်ဦးရဲ့ဘဝဇာတ်လမ်းမျိုး မဟုတ်ဘဲ ပန်းကန်ဆေးသမားဘဝကနေ ကမ္ဘာ့ AI လောကရဲ့ဘုရင်တစ်ဆူဖြစ်လာဖို့ အခက်အခဲစိန် ခေါ်မှုပေါင်း များစွာကို ရငိဆိုင်ဖြတ်သန်းခဲ့ရတယ်ဆိုတာ ပြောဖွယ်ရာမရှိပါဘူး။ ဒါပေမဲ့ (၂၀၂၆) ခုနှစ်မှာ CEO ရာထူး ကနေနုတ်ထွက်ခဲ့တဲ့အတွက် သူရဲ့ ဘဝဇာတ်ကြောင်းမှာ နောက်ထပ်အခန်းသစ်တစ်ခု စတင်လာခဲ့ပါ တယ်။ အဓိကမေးခွန်းကတော့ ဂျန်ဆန်ဟွမ်မရှိတော့တဲ့ NVIDIA ဟာ AI နည်းပညာ လောကမှာ အရင် လို ဦးဆောင်နိုင်ဦးမလားဆိုတာပါပဲ။ သူတည်ဆောက်ခဲ့တဲ့ နည်းပညာအခြေခံအဆောက်အအုံတွေ၊ CUDA Ecosystem နဲ့ ကုမ္ပဏီရဲ့ အင်ဂျင်နီယာအဖွဲ့တွေက ဆက်လက်လည်ပတ်နိုင်ပေမယ့် တည် ထောင်သူတစ်ဦးရဲ့ ခေါင်းဆောင်မှုနဲ့ အစားထိုးဖို့ခက်ခဲတဲ့ဆုံးဖြတ်ချက်တွေကတော့ ကုမ္ပဏီအတွက် စိန်ခေါ်မှုတစ်ခုဖြစ်နေဦးမယ်လို့ ဆိုချင်ပါတယ်။

မူရင်းသတင်း — NP News