
ကုလသမဂ္ဂ၊ နိုဝင်ဘာ ၂၃ ရက် (ဆင်ဟွာ)
“ကုလသမဂ္ဂ ရာသီဥတု ပြောင်းလဲမှုဆိုင်ရာ မူဘောင်ကွန်ဗင်းရှင်း” ၃၁ ကြိမ်မြောက် အဖွဲ့ဝင် ညီလာခံ (COP31) တွင် နိုင်ငံရေးအရ ဆုံးဖြတ်ချက်အတွက် သဘောတူညီချက် မရရှိခဲ့သည့်အပေါ် စိတ်ပျက်မိကြောင်း ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် ဂူတာရက်စ်က နိုဝင်ဘာ ၂၂ ရက်တွင် ကြေညာချက်ထုတ်ပြန် ပြောကြားခဲ့သည်။
ဂူတာရက်စ်က ၎င်းအနေဖြင့် အစည်းအဝေး အထွေထွေရလဒ်အတွက် သဘောတူညီချက် မရရှိသည့် အခြေအနေတွင် အစည်းအဝေးကို ပိတ်သိမ်းခဲ့သည့်အတွက် များစွာ စိတ်ပျက်မိကြောင်း၊ ၎င်းသည် နိုင်ငံအသီးသီးအစိုးရမှ ရာသီဥတုအကျပ်အတည်းအား ပါဝင်ကိုင်တွယ်စီမံရန် မျှော်မှန်းနေသူများနည်းတူ များစွာ စိတ်ပျက်အားလျော့မိကြောင်း ပြောကြားခဲ့သည်။
ယခုအကြိမ်အစည်းအဝေးတွင် သဘောတူညီချက် မရရှိခဲ့ခြင်းသည် ရာသီဥတုပြောင်းလဲမှု ဖြစ်ရပ်မှန်ကို မပြောင်းလဲနိုင်ကြောင်း၊ အပူချိန်မြင့်တက်လာမှုများ အဆက်မပြတ် စံချိန်သစ်တင်လာသလို အစွန်းရောက် ရာသီဥတုဖြစ်စဉ်များ အဆက်မပြတ် ဆိုးရွားလာပြီး ဖန်လုံအိမ်ဓာတ်ငွေ့ ထုတ်လွှတ်မှု ပမာဏသည်လည်း အဆက်မပြတ် မြင့်တက်နေကြောင်း၊ ထို့ပြင် အချိန်ဆွဲမှု အကြိမ်တိုင်းက မစ်ရှစ်များကို ပိုမိုခက်ခဲလာစေသလို ပေးဆပ်ရမည့် တန်ဖိုးလည်း ပိုမိုမြင့်မားလာစေကြောင်း ၎င်းက ပြောကြားခဲ့သည်။
အပူချိန်မြင့်တက်မှု အများဆုံးကန့်သတ်ချက်ကို ၁.၅ ဒီဂရီစင်တီဂရိတ်တွင် ထိန်းထားနိုင်သည့် အချိန်ကာလမှာ လျင်မြန်စွာ ကုန်ဆုံးလျက်ရှိကြောင်းလည်း ၎င်းက အလေးထား ပြောကြားခဲ့သည်။
နိုင်ငံများအနေဖြင့် ရုပ်ကြွင်းလောင်စာအသုံးပြုမှုကို စွန့်လွှတ်ပြီး ကာဗွန်စွန့်ထုတ်မှု လျှော့ချသည့်အင်အားကို အရှိန်မြှင့်ရန်၊ ဖွံ့ဖြိုးပြီးနိုင်ငံများအနေဖြင့် ရာသီဥတုဆိုင်ရာ လုပ်ငန်းများတွင် အရင်းအနှီးငွေ ထည့်ဝင်မှုကတိကို အကောင်အထည်ဖော်ရန် ဂူတာရက်စ်က တိုက်တွန်းခဲ့သည်။ အရပ်ဘက် လူမှုအသိုက်အဝန်း၊ လူငယ်၊ ဒေသခံပြည်သူ၊ သိပ္ပံပညာရှင်နှင့် ရာသီဥတုပြောင်းလဲမှု ဆိုးရွားစွာ ဒဏ်ခံရသည့်ဒေသမှ ပြည်သူများအနေဖြင့်လည်း ရာသီဥတုဆိုင်ရာ လှုပ်ရှားမှုကို တိုက်တွန်းပြောကြားသံများ ထုတ်ဖော်ပြောကြားရန် ၎င်းက တိုက်တွန်း ပြောကြားခဲ့သည်။ (Xinhua)

--------------------------------------------------------------------------------------
(Chinese Version)
古特雷斯对COP31未就政治决定达成一致表示失望
新华社联合国11月22日电(记者尚绪谦)联合国秘书长古特雷斯22日发表声明,对《联合国气候变化框架公约》第三十一次缔约方大会(COP31)未能就政治决定达成一致表示失望。 古特雷斯说,他对大会在未就总体成果达成共识的情况下闭幕深感失望,他与所有期望各国政府挺身应对气候危机的人们一样深感沮丧。
他说,此次大会未达成共识并不能改变气候变化的事实,气温升高不断刷新纪录,气候极端事件持续加剧,温室气体排放量仍居高不下。而每一次拖延都让任务更艰难、代价更高昂。他强调,将升温上限控制在1.5摄氏度的时间窗口正在迅速关闭。
古特雷斯敦促各国摆脱化石燃料、加大减排力度。他呼吁发达国家兑现气候融资承诺。他还敦促民间社会、青年、原住民、科学家和气候变化重灾区人民发出气候行动的呼声。(完)
图书1:这是11月22日在土耳其安塔利亚拍摄的COP31全体会议会场。新华社记者 刘磊 摄
图书2:11月22日,在土耳其安塔利亚,与会者经过COP31全体会议预告显示屏。新华社记者 刘磊 摄