
စော (NP News) - နိုဝင်ဘာ ၂၃
မန္တလေးတိုင်းဒေသကြီး ၊ မန္တလေးမြို့တွင် တရားဝင်ခွင့်ပြုထားသည့်နေရာမှအပ အခြားနေရာများတွင် ကားအရောင်းအဝယ်ပြုလုပ်ပါက အရေးယူမည်ဖြစ်ကြောင်း မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီက သတိပေးထုတ်ပြန်ထားသည်။
မန္တလေးမြို့ရှိ ယာဉ်ရောင်းကားပွဲစားများ၊ မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီမှ တရားဝင်ဖွင့်လှစ်ပြီး အရောင်းအဝယ်ပြုလုပ်ရန် ခွင့်ပြုထားသော လမ်း(၆ဝ)၊ (၃၆)×(၃၇)လမ်းကြား၊ ပြည်ကြီးမျက်ရှင်ယာဉ် ရောင်းဝယ်ရေးစခန်းအတွင်း၌သာ အရောင်းအဝယ်ပြုလုပ်ကြရန် ကြေညာထားချက်အရ သိရသည်။
အဆိုပါ တရားဝင်ခွင့်ပြုထားသောနေရာမှအပ အခြား(မည်သည့်)နေရာများတွင် ကားအရောင်းအဝယ်ပြုလုပ်နေခြင်းများကို စစ်ဆေးတွေ့ရှိရပါက စည်ပင်သာယာရေးဥပဒေအရ ထိရောက်စွာ အရေးယူ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီက အသိပေးထုတ်ပြန်ထားသည်။