
ယူကေအစိုးရက ၂၀၃၀ ပြည့်နှစ်မှာ ဓာတ်ဆီသီးသန့်နဲ့ ဒီဇယ်သီးသန့် ကားအသစ်တွေ ရောင်းချတာကို ရပ်ဆိုင်းသွားမယ်လို့ အတည်ပြုလိုက်ပါတယ်။ ဒါပေမဲ့ ပြည်သူတွေအနေနဲ့ တစ်ပတ်ရစ် ဓာတ်ဆီနဲ့ ဒီဇယ်ကားတွေကိုတော့ ဆက်လက်ပိုင်ဆိုင်ခွင့်၊ မောင်းနှင်ခွင့်နဲ့ ဝယ်ယူခွင့် ရရှိဦးမှာ ဖြစ်ပါတယ်။

လောင်စာဆီအင်ဂျင်ရော လျှပ်စစ်မော်တာပါ တွဲဖက်အသုံးပြုတဲ့ Hybrid ကားတွေနဲ့ Plug-in Hybrid ကားတွေကိုတော့ ၂၀၃၅ ခုနှစ်အထိ ဆက်လက်ရောင်းချခွင့် ပြုထားပါတယ်။ ၂၀၃၅ ခုနှစ်ကစပြီး ယူကေမှာ ရောင်းချမယ့် ကားအသစ်နဲ့ ဗင်ကားအသစ် အားလုံးဟာ မောင်းနှင်ချိန်မှာ ကာဗွန်ထုတ်လွှတ်မှု လုံးဝမရှိတဲ့ လျှပ်စစ်ကားအစစ်တွေနဲ့ ဟိုက်ဒရိုဂျင်စွမ်းအင်သုံး ကားတွေပဲ ဖြစ်ရမှာ ဖြစ်ပါတယ်။

အဲဒီမူဝါဒကို ၂၀၂၀ ပြည့်နှစ်မှာ စတင်ကြေညာခဲ့ပြီး ၂၀၂၃ ခုနှစ် စက်တင်ဘာလမှာ ၂၀၃၅ ခုနှစ်အထိ ရွှေ့ဆိုင်းခဲ့ပေမဲ့ လေဘာအစိုးရက ၂၀၂၅ ခုနှစ် ဇန်နဝါရီလမှာ ၂၀၃၀ သတ်မှတ်ချက်ကို ပြန်လည်အသက်သွင်းခဲ့ပြီး ဧပြီလမှာ အတည်ပြုခဲ့ပါတယ်။ လက်ရှိမှာတော့ အစိုးရက ကားထုတ်လုပ်သူတွေအတွက် စည်းမျဉ်းတွေကို ပြန်လည်သုံးသပ်နေပြီး ၂၀၂၆ ခုနှစ် အောက်တိုဘာ ၂၃ ရက်နေ့မှာ ပိတ်သိမ်းခဲ့တဲ့ ပြည်သူ့သဘောထားကောက်ယူမှု ရလဒ်တွေကို စိစစ်နေဆဲဖြစ်ကာ အပြောင်းအလဲ တစ်စုံတစ်ရာ မကြေညာသေးဘူးလို့ နိုဝင်ဘာ ၉ ရက်နေ့မှာ ပြောကြားခဲ့ပါတယ်။
Ref : Technology Innovation