Kanbawza Tai News

တောင်ကြီးမြို့ စူဠာမုနိလောကချမ်းသာစေတီတော်တွင် မသိုးသင်္ကန်းရက်လုပ်ပူ‌ဇော်ပြိုင်ပွဲ ကျင်းပ

၂၀၂၆ ခုနှစ်၊ နိုဝင်ဘာလ ၂၃ ရက်

တောင်ကြီးမြို့၊ စူဠာမုနိလောကချမ်းသာာစေတီတော်တွင် ယနေ့ နိုဝင်ဘာလ ၂၃ ရက်၊ ညနေပိုင်းက မသိုးသင်္ကန်း ရက်လုပ်ပူဇော်ပြိုင်ပွဲ ပြုလုပ်ခဲ့ကြောင်း သိရသည်။

မသိုးသင်္ကန်းရက်လုပ်ပူဇော်ပြိုင်ပွဲကို ရှမ်းပြည်နယ် အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် စိုင်းထိန်စိုးနှင့် ပြည်နယ်အစိုးရ အဖွဲ့ဝင် ဝန်ကြီးများ၊ တာဝန်ရှိသူများက ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးခဲ့ပြီး ကိန္နရီကိန္နရာအက၊ တိုးနယားအကနှင့် တိုင်းရင်းသား၊ တိုင်းရင်းသူ အကအဖွဲ့များကို ဂုဏ်ပြုငွေများ ပေးအပ်ချီးမြှင့်ခဲ့ကြေငာ်း သိရသည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ဓမ္မဒိန္နာစင်တော်၊ ဂေါတမီစင်တော်၊ သုဇာတာစင်တော်၊ သာမာဝတီစင်တော်၊ ဝိသာခါစင်တော် ယက္ကန်းစင်များတွင် မသိုးသင်္ကန်းရက်လုပ်နေမှုကို လှည့်လည် ကြည့်ရှုအားပေး ခဲ့ကြကြောင်း သိရသည်။

အဆိုပါ ရက်လုပ်ထားသည့် မသိုးသင်္ကန်းများကို တန်ဆောင်မုန်းလပြည့်ဖြစ်သော မနက်ဖြန် နိုဝင်ဘာ ၂၄ ရက်၊ နံနက်အစောပိုင်း၌ စူဠာမုနိလောကချမ်းသာစေတီတော်ရှိ ဗုဒ္ဓရုပ်ပွားတော်မြတ်များအား ဆက်ကပ်လှူဒါန်း ပူဇော် သွားမည်ဖြစ်ကြောင်း သိရသည်။

မူရင်းသတင်း — Kanbawza Tai News