Eleven Media Group

Nvidia ကုမ္ပဏီက ဂျန်ဆန်ဟွမ်ကို စီအီးအိုအဖြစ် ပြန်လည်ခန့်အပ်

အိမ်ထောင်ရေးဖောက်ပြန်မှု သတင်းများ ထွက်ပေါ်ခဲ့ပြီးနောက် ရာထူးမှ နုတ်ထွက်သွားခဲ့သည့် Nvidia ကုမ္ပဏီကို ပူးတွဲတည်ထောင်ခဲ့သည့် ဂျန်ဆန်ဟွမ်ကို ၁၁ ရက်အကြာတွင် မူလရာထူး၌ ပြန်လည်ခန့်အပ်ရန် ဒါရိုက်တာဘုတ်အဖွဲ့က တညီတညွတ်တည်း မဲပေးဆုံးဖြတ်ခဲ့ကြသည်။

အိမ်ထောင်ရေးဖောက်ပြန်မှု သတင်းများကြောင့် ရာထူးမှ နုတ်ထွက်သွားခဲ့ပြီး သီတင်းနှစ်ပတ်မပြည့်မီ နိုဝင်ဘာ ၂၃ ရက်တွင် Nvidia ကုမ္ပဏီက ဂျန်ဆန်ဟွမ်ကို စီအီးအိုအဖြစ် ပြန်လည်ခန့်အပ်လိုက်ခြင်းဖြစ်သည်။

ဂျန်ဆန်ဟွမ်သည် တရုတ်နိုင်ငံအတွက် သူလျှိုလုပ်ပေးနေသည်ဟု အမေရိကန်အာဏာပိုင်များက သံသယရှိနေသည့် အမျိုးသမီးတစ်ဦးနှင့် ပတ်သက်နေကြောင်း ရိုက်တာသတင်းဌာနက ဖော်ပြခဲ့ပြီး တရုတ်အစိုးရဘက်ကမူ ထိုစွပ်စွဲချက်ကို ငြင်းဆိုထားသည်။

ထိုသို့ ပြန်လည်ခန့်အပ်ကြောင်း ကြေညာချက် ထွက်ပေါ်လာပြီးနောက် စျေးကွက်မဖွင့်မီ ကြိုပွိုင့်အရောင်းအဝယ် တွင် Nvidia ရှယ်ယာတန်ဖိုးများ ၂၅ ရာခိုင်နှုန်းကျော်အထိ မြင့်တက်သွားခဲ့ကြောင်း ရိုက်တာသတင်းဌာနက သတင်းဖော်ပြသည်။

ဟွမ်နှင့် ဆက်တိုက်တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်ခဲ့ပြီးနောက် ၎င်း၏ ပွင့်လင်းရိုးသားမှုနှင့် ဦးဆောင်နိုင်စွမ်းအပေါ် ဒါရိုက်တာများက ကျေနပ်အားရမှုရှိခဲ့သည့်အတွက် ဟွမ်ကို ဥက္ကဋ္ဌ၊ အမှုဆောင်အရာရှိချုပ်နှင့် ဘုတ်အဖွဲ့ဝင်အဖြစ် ချက်ချင်းပြန်လည်ခန့်အပ်ရန် ဒါရိုက်တာဘုတ်အဖွဲ့က တညီတညွတ်တည်း မဲပေးဆုံးဖြတ်ခဲ့ခြင်းဖြစ်ကြောင်း ကုမ္ပဏီ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

မူရင်းသတင်း — Eleven Media Group