NP News

ရန်ကုန်ကြက်သွန်နီ ဈေးကျရိပ်သန်းလာ

ကိုဖြိုး (NP News) - နိုဝင်ဘာ ၂၃

ပြည်တွင်း ကြက်သွန်နီဈေး စံချိန်တင်မြင့်တက်လာချိန် ကြက်သွန်နီကုန်သည်များ အစည်းအဝေးပြုလုပ်ပြီးနောက် ရန်ကုန်ကြက်သွန်နီ ဈေးကျရိပ်သန်းလာသည်။
မိုးကြက်သွန်နီ အသစ် ဈေးကွက် စဝင်လုချိန်တွင် နွေကြက်သွန်အဟောင်းဈေး စံချိန်တင် မြင့်တက်ခဲ့သည်။ လက်ကျန် ကြက်သွန်နီ လျော့နည်းမှု၏ အကျိုးဆက်ကြောင့် ရန်ကုန်ဈေးကွက်သို့ တစ်ရက်လျှင် ကြက်သွန်နီ ပိဿာချိန် တစ်သိန်းအောက်သာ တင်ပို့နိုင်ခဲ့သည်။
သို့သော် အစည်းအဝေး ပြုလုပ်ပြီးနောက် ရန်ကုန်ဈေးကွက်သို့ တစ်ရက်လျှင် ကြက်သွန်နီ အဝင် ပိဿာချိန် တစ်သိန်းကျော်သို့ တက်လာပြီး ပြည်တွင်းဈေးလည်း အနည်းငယ် လျော့နည်းသွားသည်။

ရန်ကုန် လက္ကားဈေးကွက်တွင် ကြက်သွန်နီဈေးမှာ ဆိပ်ဖြူ (ရှယ်) တစ်ပိဿာလျှင် ကျပ် (၁၇,၀၀၀)၊ မုံရွာ (ရှယ်) တစ်ပိဿာလျှင် ကျပ် (၁၇,၅၀၀)၊ တောင်သာ (ရှယ်) တစ်ပိဿာလျှင် ကျပ် (၁၅,၀၀၀) သို့ ဈေးပြောင်းသွားသည်။ ထို့အပြင် မိုးကြက်သွန်နီ အသစ်များလည်း ရန်ကုန်ဈေးကွက်အတွင်း စဝင်လာနေသည်။

မူရင်းသတင်း — NP News