Myanmar National Post

ဒဂုံမြို့သစ်တောင်ပိုင်း ၂၅ရပ်ကွက်၏ ပဉ္စမအကြိမ်မြောက် ရပ်ကွက်လုံးဆိုင်ရာ စုပေါင်းမဟာဘုံကထိန် လှူဒါန်းပွဲကျင်းပ













(၂၄,၁၁,၂၀၂၆)ရက်နေ့ အင်္ဂါနေ့ (၀၉း၃၀)အချိန်တွင် အမှတ်(၂၅)ရပ်ကွက်မှ စေတနာရှင် ပြည်သူများ၏ (ပဉ္စမ)အကြိမ်မြောက်ရပ်ကွက်လုံးဆိုင်ရာ စုပေါင်းမဟာဘုံကထိန် ကို ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်၊ အမှတ်(၂၆)ရပ်ကွက်၊ ပုလဲရတနာလမ်းရှိ နိကာယ်ငါးရပ်ပိဋကသုံးပုံစာသင် တိုက်ကြီးသို့ ပို့ဆောင်လှူဒါန်းခဲ့ပါသည်။

လှူဒါန်းမှုတွင် ပဒေသာပင်(၃၆)ပင်ဖြစ်ပြီး နဝကမ္မအလှူတော် (၂၆,၃၉၅,၀၀၀/-)ကျပ်၊ ပစ္စည်း ဒါနအလှူတော် (၁၇,၁၅၄,၁၀၀/-)ကျပ် ၊ ဆွမ်းဒါနအလှူတော် (၂,၈၀၀,၀၀၀/-)ကျပ်၊ စုစုပေါင်း (၄၆,၃၄၉,၁၀၀/-) လေးရာခြောက်ဆယ်သုံးသိန်းလေးသောင်းကိုးထောင်တစ်ရာကျပ်တိတိဖြစ်ပြီး နိကာယ်ငါးရပ်ပိဋကသုံးပုံ စာသင်တိုက်ကြီး၏ ဦးစီးပဓာန နာယကဆရာတော် ရွှေရတုတိပိဋကဓရ၊ တိပိဋကကောဝိဒ၊ ဓမ္မဘဏ္ဍာဂါရိက၊ ပါဠိပါရဂူ ဆရာတော်ဘဒ္ဒန္တသီလက္ခန္ဓာဘိဝံသ (မော်ကျွန်းဆရာတော်)မှ ဝမ်းမြောက်ဖွယ်ကထိနဒါနတရားတော်အား ဟောကြားချီးမြှင့်တော်မူ၍ လှူဒါန်းမှုအစုစုအတွက် ရေစက်သွန်းချ အမျှပေးဝေခဲ့ပြီး သံဃာတော် (၂၂၀)ပါးအား နေ့ဆွမ်းဆက်ကပ်လှူဒါန်း၍ ဧည့်ပရိတ်သတ်အပေါင်းတို့အား ထမင်းဟင်း၊ ရေခဲမုန့် တို့ဖြင့် ဧည့်ခံကျွေးမွေးခဲ့ကြောင်း သိရသည်။


#Myanmar #News


မူရင်းသတင်း — Myanmar National Post