NP News

ကန့်ဘလူ - ရွှေဘို (သို့မဟုတ်) အညာဒေသမှ နီးရက်ဝေး ခရီး (လမ်းပိုင်း ဆောင်းပါး)

သုတကျော် (NP News)-နိုဝင်ဘာ ၂၄
NP News တွင် အပတ်စဉ် လမ်းပိုင်းဆောင်းပါးများ ရေးသားဖော်ပြလျက်ရှိရာ ယခု တစ်ပတ် အတွက်ရွေးချယ်ထားသည်က စစ်ကိုင်းတိုင်းအထက်ပိုင်းက လမ်းပိုင်းတစ်ခုအကြောင်းဖြစ်သည်။ သို့ သော် ဆောင်းပါးကို အနည်းငယ်မျှစရေးမိရုံအချိန် (နိုဝင်ဘာလ ၁၈ ရက်)တွင် သတင်းရင်းမြစ်တစ်ဦးထံ က ဖုန်းဝင်လာသည်။
“ကန့်ဘလူ - ရွှေဘို ကားလမ်းကို PDF တွေက မိုင်းထောင်ပြီးပိတ်လိုက်ပြန်ပြီဗျာ။ ပါကျဲရိုး တစ် စီး ဒီနေ့မနက်က တိုက်မိုင်းထိတာ လင်မယားနှစ်ယောက်မှာ မိန်းမကထိသွားတယ်။ အခု ကန့်ဘလူကို ဆေးကုဖို့သယ်လာနေပြီ”ဟု ၎င်းကသတင်းပေးသည်။ ထိုအခါ လမ်းပိုင်းဆောင်းပါးသည် မူလရည်ရွယ် ထားသည်မှ လောလောလတ်လတ်ဖြစ်သောအကြောင်း အရာသို့ ဦးတည်ရပြန်တော့သည်။
အညာဒေသမှ (၆၆)မိုင်ကျော်မျှသာကွာဝေး မည့် ကန့်ဘလူနှင့်ရွှေဘိုမြို့တို့ကြားခရီးမှာ စင်စစ် အားဖြင့် ဝေးလှသည်မဟုတ်ပေ။ တစ်ဖက်က စိုက် ပျိုးရေးမြို့။ တစ်ဖက်က ကုန်သွယ်ရေးနှင့် လမ်းခု လတ်မြို့။ ထို့ကြောင့် နှစ်မြို့ကြား ဆက်သွယ်ရေးက အရေးပါသည်။
လမ်းကြောင်းအခြေအနေကောင်းမွန်ခဲ့လျှင် မုချအကျိုးဖြစ်ထွန်းသည့် နှစ်မြို့ကြားချိတ်ဆက်ရာ လမ်းဖြစ်သည်။ မန္တလေး-စစ်ကိုင်း-ရွှေဘို-ကန့်ဘလူ ထိုမှဆက်တက်လျှင် မြို့များစွာကိုကျော်ဖြတ်ပြီး ကချင်ပြည်နယ်အထိ ပေါက်သည်ဖြစ်သောကြောင့် ရှည်လျားသောလမ်းဖြစ်သည်နှင့်အတူ ဒေသခံတို့အ တွက် လူမှုစီးပွားဘဝများကိုမြှင့်တင်ပေးနိုင်သော လမ်းဖြစ်ခဲ့သည်။ သို့သော် နယ်မြေတွင် လက်နက် ကိုင်တို့ရောက်လာသည့်အခါ ဦးစွာပြဿနာရှာသည်က လမ်းပိုင်းဖြစ်သည်။ ကနဦးတွင် တပ်မတော်က ချီတက်လာရောက်နိုင်သည်ဖြစ်သောကြောင့် လမ်းများကိုပိတ်လိုသောအဖြစ်မှ လမ်းတွင် ဂိတ်ဖွင့်ပြီးငွေ တောင်းသောအခြေအနေကို ရောက်လာသည်။
ယင်းနှင့်ပတ်သက်၍ ပြီးခဲ့သည့်ရက်ပိုင်းက အင်တာနက်တွင် ဗီဒီယိုတစ်ခုထွက်ပေါ်လာခဲ့သည်။ ဂိတ် များကိုပိတ်သိမ်းခိုင်းသောကြောင့် PDF ခေါင်းဆောင်တစ်ဦးက မကျေမနပ်ပြောကြားထားခြင်းဖြစ် သည်။ ၎င်း၏စကားတွင် ပြောရင်းဖြင့်ဇာတိပြလာသည်က PDF များထဲတွင် ဂိတ်ဖွင့်ပြီးငွေရှာခြင်းများရှိ နေကြောင်း ဝန်ခံခြင်းဖြစ်သည်။ အချင်းချင်းဖြစ်၍ ဖေးမ ပြောနေခြင်းဖြစ်သည့်တိုင် ယင်းသို့ဂိတ်ဖွင့်ရင်း ငွေ မက်သော PDF များစွာရှိနေပြီဖြစ်ကြောင်းလည်း အကဲဖြတ်နိုင်မည်ဖြစ်သည်။ ဆောင်းပါးကိုဆက်ပါ အံ့။ ပုံမှန်အတိုင်းလမ်းသွားရသောအဖြစ်မှ ကန့်ဘလူ- ရွှေဘိုခရီးသည် ကျေးရွာချင်းဆက်လမ်းနှင့် ကတ္တ ရာလမ်း မျှသုံးရသောအခြေအနေရောက်လာခဲ့သည်။
“ကန့်ဘလူ-ထန်းကုန်း-ကာပိုး။ ကာပိုးကနေ ဇီးကုန်း။ ဇီးကုန်းကနေ ရွှေဘို-မြစ်ကြီးနား မဟာဗျူ ဟာလမ်းပေါ်တက်တယ်။ လမ်းပေါ်တက်ပြီးမှတောင် ကိုတက်ရင် ရေကြည်ဦး အဲဒီလို တစ်ဆင့်ချင်းသွား ရတာ”ဟု ဒေသခံတစ်ဦးကဆိုသည်။ ယခင်က အဆင်ပြေပြေသွားလာခဲ့သောအခြေအနေမှ PDF တို့က ဒေသခံတို့ကို အထက်ပါအတိုင်းသွားစေရင်း ငွေကောက်သည်။ ယင်းမှာ ချိန်သားကိုက်လုပ်ဆောင်လာ သော PDF တို့၏အဖျက်အမှောင့်လုပ်ငန်းဟု ဆိုရပေမည်။ တပ်မတော်အနေဖြင့် စစ်ကိုင်းတိုင်းဒေသ ကြီးအတွင်း အဓိကအရေးပါသော ဆက်သွယ်ရေးလမ်းကြောင်းများဖြစ်သည့် အင်းတော်-ဝန်းသို- ကော လင်း-ကျွန်းလှ-ကန့်ဘလူလမ်းကြောင်းနှင့် အင်း တော်-ကျောက်တန်း-စပ္ပါယ်နံသာလမ်းကြောင်းများ ကို ပြန်လည်ထိန်းချုပ်ဖွင့်လှစ်ပေးနိုင်ရေးအတွက် ကြိုးပမ်းဆောင်ရွက်လျက်ရှိရာ အကြမ်းဖက်သောင်း ကျန်းသူများ ယာယီစိုးမိုးထားခဲ့သည့် မြို့ရွာများနှင့် ဆက်သွယ်ရေးလမ်းကြောင်းများကို တစ်ခုပြီးတစ်ခု ပြန်လည်သိမ်းပိုက်ထိန်းချုပ်လျက်ရှိသည်။
တပ်မတော်စစ်ကြောင်းများအနေဖြင့် အဆိုပါလမ်းကြောင်းများနှင့်ကျေးရွာများကို ပြန်လည် သိမ်းပိုက်ရရှိရေးဆောင်ရွက်ခဲ့ရာ သောင်းကျန်းသူများနှင့် တိုက်ပွဲကြီး/ငယ်ထိတွေ့မှု စုစုပေါင်း (၂၉) ကြိမ်ဖြစ်ပွားခဲ့ပြီး ရန်သူ့အလောင်း (၁၃)လောင်း၊ လက်နက် မျိုးစုံ (၁၁) လက်၊ ခဲယမ်းများနှင့် ဆက်စပ် ပစ္စည်းများ၊ ပစ်ကျင်းများ၊ ဘန်ကာများ၊ လူနေတဲများ၊ အကြမ်းဖက်ဖောက်ခွဲဖျက်ဆီးရာတွင် အသုံးပြု သည့် ဆက်စပ်ပစ္စည်းများ၊ သောင်းကျန်းသူများ၏ ပြောက်ကျားဝတ်စုံများ၊ ကျည်ကာအင်္ကျီ ယာယီဆေး ကုသသည့်နေရာနှင့် ဆေးပစ္စည်းများ၊ အခြားအသုံးအဆောင်ပစ္စည်းများသိမ်းပိုက်ရရှိထားပြီးဖြစ်သည်။
ထိုအခါ ပတ်မကြီးထိုးခွဲတတ်သော PDF တို့သည် အထက်တွင်ရှုံးသည့်အတွက် အောက်ဘက် တွင် မိုင်းထောင်ကာ ပြည်သူကိုဒုက္ခပေးခြင်းဖြင့် အဖျက်အမှောင့်လုပ်ငန်းများ ဆောင်ရွက်လာပြန်သည်။ “ပါကျဲရိုးမိုင်းထိတဲ့ဖြစ်စဉ်ဆို သူတို့ကလမ်းမှာ တုတ်က လေးပဲထောင်ထားတာလေ။ စာလည်းမရေးထား တော့ ကားသမားက တုတ်ချောင်းလေးကိုဖယ်ပြီး ဖြတ်မောင်းလိုက်တာ။ ကားနှစ်ခန်းစာလောက် ရှိသေး တယ် မိုင်းမိတာပဲ။ တိုက်မိုင်း။ ကြိုးလေးနဲ့ထောင်ထားတာ။ ကြိုးလေးကို လမ်းပေါ် ကန့်လှန့်ဖြတ်ဆွဲ ထားတာ။ နောက်မှန်တွေလည်း ဖွာလန်ထွက်သွားတာ”ဟု နိုဝင် ဘာလ (၁၈)ရက် ကားမိုင်း ထိသော ဖြစ်စဉ်နှင့်ပတ်သက်၍ အခြားဒေသခံတစ်ဦးကဆိုသည်။
ယင်းမှာ PDF တို့က မိုင်းဖြင့် အသိပေးလိုက်သော အမင်္ဂလာသတင်းဆိုးဖြစ်သည်။ ဒေသခံများ အားလုံးလိုလို သိလိုက်ကြသည်က ကန့်ဘလူ-ရွှေ ဘိုကားလမ်းကို PDF များ ပိတ်လိုနေပြီဆိုသော အ ကြောင်းဖြစ်သည်။ “မနေ့က (နိုဝင်ဘာလ ၁၇ ရက်) အထိက လမ်းဖွင့်သေးတယ်။ ဒီနေ့ နိုဝင်ဘာလ (၁၈) ရက်ကစပြီး အဲဒီကား မိုင်းထိတာကနေ လမ်းက ပိတ်သွားတာပေါ့။ သတင်းတွေက အမျိုးမျိုးပဲ။ PDF တွေကို အမြန်ရှင်းစေချင်နေကြပြီ”ဟု ၎င်းကဆိုသည်။
လက်ရှိ မိုင်းရှိသည်ဟု အကြမ်းဖျင်းနားလည်ထားသောနေရာမှာ ကန့်ဘလူမြို့နယ်အပိုင်အတွင်း က ရေကြည်ဦးအနီးတစ်ဝိုက်တွင်ဖြစ်သည်ဟု ၎င်းကဆိုသည်။ “အဲဒီနားမှာ သရက်ခြံရှိတယ်။ အခုလတ် တလောမှာ သရက်ခြံထဲမှာ သူတို့က စောင့်တာတွေ ဘာတွေရှိတယ်လို့ပြောတယ်”ဟု ၎င်းကဆိုသည်။ လက်ရှိ ယခုဆောင်းပါးရေးသားချိန်အထိ ကန့်ဘလူ- ရွှေဘိုကားလမ်းတွင် ကားအသွားအလာ ယာယီ ရပ်နေသည်။ ရုတ်တရက် မမြင်ရသောကြိုးမျှင်ကိုတိုက်မိရုံဖြင့် PDF တို့၏မိုင်းစလွင့်လာမည့်အရေးကို ပြည်သူများစိုးရိမ်နေသည်။
“ကန့်ဘလူဘက်မှာတော့ လောလောဆယ် ကားပိတ်နေတယ်။ စစ်ကြောင်းထိုးနေတာလည်း ရှိ တယ်လေ။ ပြည်သူတွေကတော့ စစ်ကြောင်းထိုးတာကို အားရတယ်။ အခုသတင်းကောင်းတွေလည်း ကြားရတယ်။ သတင်းကောင်းတွေ ပိုပြီးကြားရဖို့လည်း မျှော်လင့်တယ်။ ဘာလို့လဲဆိုတော့ ပြည်သူ တွေ ကလည်း တအားနာနေပြီ။ အခုက ကန့်ဘလူ-ရွှေဘို လမ်းကလည်း ဘယ်လိုအခြေအနေ မသိသေးဘူး ဖြစ်နေတာ။ တကယ်လို့ လမ်းပွင့်ရင်တောင် PDF တွေအတွက်က လာကြည့်လေ ငါတို့အချိန်မရွေး မင်း တို့ကိုမိုင်းခွဲနိုင်တယ်ဆိုပြီး ပြည်သူကို ခြောက်လှန့်ထား သလိုဖြစ်နေပြီ”ဟု ကန့်ဘလူ ဒေသခံတစ်ဦးက ဆိုသည်။
ယခုတစ်ကြိမ်တွင် PDF တို့က ကန့်ဘလူကား လမ်းတွင် မိုင်းထောင်ထားပြီး အခြားမည်သည့် နေရာတွင်မျှ ဖြတ်သန်းသွားလာခွင့်မပေးသည့်အတွက် ဆိုးသောအခြေအနေဟုထင်မြင်မိကြောင်း ၎င်းက ဆိုသည်။ ယခုဆောင်းပါးပါဝင်မည့် NP News ထွက်သည့်ရက်တွင် လမ်း ပြန်ပွင့်လိမ့်မည်ဟု မျှော်လင့်ရသည်။ သို့သော် ပြည်သူများက ပိုမိုမျှော်လင့်ပေလိမ့်မည်။
“ဒီတစ်ခေါက်က ဘယ်ကမှ ပတ်မောင်းခွင့်မပေး တာ။ အရင်တုန်းကဆိုရင် ကာဘိုးကနေ ခင်ဦး ဘက် လှည့်မောင်းလို့ရတယ်။ အခုက PDF က အဲဒီလို ပေးမမောင်းဘူးဖြစ်နေတာ”ဟု ၎င်းကဆိုသည်။ လက်ရှိတွင် ပြည်သူများမျှော်လင့်နေသည်က ကန့်ဘလူအထက်ပိုင်းတွင် အောင်ပွဲရနေသည့် တပ်မ တော် စစ်ကြောင်းများအပေါ်ဖြစ်သည်။ ယခုကဲ့သို့ သွေးရူးသွေးတမ်းဖြင့် PDF တို့ဖြစ်လာခြင်းမှာ အင်း တော်-ဝန်းသို-ကောလင်း-ကျွန်းလှ-ကန့်ဘလူ လမ်းကြောင်း ပြန်လည်ထိန်းချုပ်ဖွင့်လှစ်နိုင်ရေး အောင် မြင်မှုများကြောင့်ဖြစ်နိုင်ကြောင်း ၎င်းကဆိုသည်။
“သူတို့က ဒီဘက်ကပိတ်ချလိုက်ပြီးတော့ လုပ်တာပေါ့။ ဒါပေမဲ့ ပြည်သူတွေက တစ်ခါလာ ပြည် သူ၊ တစ်ခါလာ ပြည်သူပဲ ခံနေရတော့ PDF တွေကို ချဉ်လာနေတာ။ အဲဒီအချိန်မှာ စစ်ကြောင်းတွေ ဒီ ဘက်ကို ရောက်လာဖို့လည်း မျှော်လင့်တာပေါ့။ ဘာလို့ဆိုတော့ ဒီဘက်မှာလည်း PDF တွေ ရဲ့စီးပွားရေး ခွင်က အကြီးကြီးရှိနေတာ။ အခုက ဘယ်လိုဖြစ်သလဲဆိုတော့ စီး ပွားရေးနဲ့ကြည့်ပြီး PDF က သူ့အကျိုး စီးပွားကို ကာကွယ်သလိုဖြစ်လာတာကို ပြည်သူတွေက မျက်မုန်းကျိုးလာတာ”ဟု ၎င်းကဆိုသည်။
PDF တို့၏ လမ်းပိတ်ခြင်းသည် မူလက ဝါးတားဂိတ်။ ထိုမှတစ်ဆင့် ယခုအခါ မိုင်းထောင်ခြင်း ဖြင့် အဆင့်မြင့်လာသည်။ သွားလျှင်သေမည်ဟု ပြည်သူကို ခြိမ်းခြောက်တတ်လာပြီ။ လမ်းပိတ်သည်ဟု ပါးစပ်က မပြောလျှင်လည်း မိုင်းထောင်ခြင်းက ယင်းသဘောကို သက်ရောက်နေပေပြီ။ အခြား ဒေသခံ တစ်ဦးကမူ မိုင်းထောင်ခြင်းနှင့်ပတ်သက်၍ မိုင်းအရေအတွက်နှင့် နေရာကို အကြမ်းဖျင်း သိသည်ဟုဆို သည်။ ယင်းနေ ရာတို့ကိုပြောပြပေးရန်မေးသည့်အခါ ၎င်းက ပြောပြသည်။ သို့သော် တစ်ယောက်တည်း ပြောစကားဖြစ်၍ အတည်ပြုရန်ကား လိုပါသေးသည်။
“ရေကြည်ဦးဆိုတဲ့ရွာလေး ရှိတယ်ဗျ။ ရွှေဘို- မြစ်ကြီးနားလမ်းကြောကြီးပေါ်မှာ။ ဗျူဟာလမ်း ပေါ်မှာ ဗောဓိဆိပ်ဆိုတဲ့တံတားရှိတယ်။ ကန့်ဘလူနယ် ဆုံးခါနီးလေးပေါ့။ အဲဒီကြားထဲမှာ ပြောပုံအရ မိုင်း (၂၀)ထက်မနည်း ထောင်ထားပုံရတယ်။ အခုက တစ်စီးမိသွားတယ်ပေါ့”ဟု ၎င်းကဆိုသည်။ သွား၍ ရပြီဆိုငြားအံ့။ ကားသမားများ ရင်တထိတ်ထိတ်ဖြစ်ကြရပေလိမ့်ဦးမည်။
“တကယ်လို့ သွားလို့ရပြီဆိုရင်လည်း ကားသမားတွေက မသွားရဲဘူးလေ။ သွားခွင့်ပြုတယ်ဆို ပြီးတော့ သူတို့က မိုင်းတွေကို ပြန်ဖြုတ်တာလေ။ မိုင်းတွေကိုပြန်ဖြုတ်ပြီးပြီပြောမှ။ ဒါတောင်မှ မိုင်း ရှိနိုး ရှိနိုးနဲ့စိုးရိမ်နေမှာလေ”ဟု ၎င်းကဆိုသည်။ မိုင်းဖြင့် တားပြီ။ သို့ဆိုလျှင် အခြားလမ်းမှ ထွင်၍မသွားနိုင်ပြီ လောဟုမေးဖွယ်ရှိသည်။ မရဟု အဆိုပါဒေသခံက ဆိုသည်။
“ထွင်သွားရင် ထွင်သွားရမလားဆိုပြီး PDF က သေနတ်နဲ့ ဆီးပစ်မှာကြောက်တော့ ဘယ်သူမှ မသွားရဲဘူးလေ။ တစ်နေရာက စက်နဲ့လှမ်းပေါက်ရင် ကား ပေါ်က ဆင်းခိုင်း၊ မှောက်ခုံမှောက်ပြီး လှိမ့် ရိုက်တာဆိုတော့ မသေရုံတမယ်ပဲဆိုတော့ သူသူကိုယ်ကိုယ် မသွားရဲတော့ဘူးလေ။ အရိုက်ခံရတာ ကံကောင်းတာ။ တစ်ခါတလေသတ်ပစ်တာ”ဟု ၎င်းကပြောသည်။ PDF တို့၏ဂိတ်များတွင် စစ်ဆေးရာ၌ လည်း မသင်္ကာလျှင် ဖမ်းဆီးခြင်းမျိုးရှိပြီး ဖမ်းဆီးခံရလျှင် စုံးစမြုပ်စ ပျောက်သွားနိုင်သည်။ ထို့ပြင် အစိုးရဝန်ထမ်းဟုဆိုကာ ဆရာ၊ ဆရာမများကိုပင် ဖမ်းဆီးခြင်းမျိုးလည်း ရှိသည်။
“အရင်က သွားလို့လာလို့ရတယ် ကန့်ဘလူ- ရွှေဘိုကလေ။ PDF ကတော့ စစ်တာပေါ့။ မသင်္ကာ တဲ့သူကျတော့ ဖမ်းထားတာလေ။ ဟိုတစ်နေ့ကဆိုရင် ဆရာမ(၄)ယောက်ကိုဖမ်းသွားတာလေ။ ဇီးကုန်း ရွာ အရှေ့ဘက်မှာ အိမ်မှာဝင်ခေါ်သွားတာ”ဟု ၎င်းက ဆိုသည်။ မဲဇာတောအနီးတွင် PDF တို့၏အချုပ် ထောင်ဟုခေါ်သောနေရာရှိပြီး ဖမ်းဆီးခံရသူများကို ပို့သည်ဟုသိရသည်။ မည်သည့်ပမာဏအထိ ဖမ်း ဆီးထားသည်ဟုကား မသိရ။ သေချာသည်က PDF တို့မိုင်းထောင်လိုက်ခြင်းဖြင့် ကန့်ဘလူတွင် ကုန်ဈေး နှုန်းတက်လာမည်ကို ဒေသခံများကစိုးရိမ်သည်။ ကုန်ဈေးနှုန်းတက်လျှင် ပြည်သူများ မခံနိုင်။ ပြည်သူ များ ဒုက္ခရောက်လျှင် တစ်ချိန်က ပြည်သူထံက လက်နက်ဖိုးအလှူခံဖူးသော PDF တို့ကလည်း ကြည့် လိမ့်မည် မဟုတ်။ အခြေအနေများကိုသုံးသပ်ချက်အရ PDF တို့ ယခုကဲ့သို့မိုင်းထောင်လိုက်ခြင်းသည် ကျီ ကို မီးနှင့်ရှို့ခြင်းသာဖြစ်ပါသည်။ လမ်းလည်း မကြာမီပွင့် မည်ဟုယူဆရသည်။ သို့သော် ယခင်ကဲ့သို့ ပွင့် ရန်ကို ပြည်သူများက ပိုမိုလိုလားပေလိမ့်မည်။

မူရင်းသတင်း — NP News