
၂၀၂၆ ခုနှစ်၊ နိုဝင်ဘာလ ၂၄ ရက်
တောင်ကြီးမြို့၊ ကံသာရပ်ကွက်နေ အသက် ၁၄ နှစ်အရွယ် မိန်းကလေးငယ် တစ်ဦး ယမန်နေ့ နိုဝင်ဘာလ ၂၃ ရက်၊ နေ့လယ်ပိုင်းကတည်းက နေ့အိမ်မှ ထွက်ခွာသွားပြီးနောက် ပျောက်ဆုံးနေကြောင်း သိရသည်။
ကံသာရပ်ကွက်၊ နယ်မြေ (၁၀)၊ အောင်မြေလမ်းနေ မဖွေးဖွေး ဆိုသူ မိန်းကလေးငယ်သည် ယမန်နေ့ နိုဝင်ဘာလ ၂၃ ရက်၊ နေ့လယ် ၁၂ နာရီခွဲခန့်က ကံသာရပ်ကွက်ရှိ နေအိမ်မှ ထွက်ခွာသွားပြီးနောက် ပြန်လည်ရောက်ရှိလာခြင်း မရှိဘဲ ပျောက်ဆုံးနေခြင်းဖြစ်ပြီး တန်ဆောင်တိုင်ပွဲတော် ကျင်းပရာ အဝေရာကွင်း အပါအဝင် ၎င်းသွားလာတတ်သည့် နေရာများကို လိုက်လံရှာဖွေနေသော်လည်း လက်ရှိ အချိန်အထိ ပြန်လည်တွေ့ရှိခြင်း မရှိသေးကြောင်း သိရသည်။
“မနေ့ နေ့လယ်ကတည်းက သွားလိုက်တာပါ။ ကလေးက စိတ်ကျန်းမာရေးလည်း မပြည့်စုံဘူး။ အရင်ကတော့ တစ်ခါမှ မပျောက်ဖူးဘူး။ သက်ဆိုင်ရာကိုတော့ အကြောင်းမကြားရသေးဘူး။ သူသွားတတ်တဲ့နေရာတွေ အကုန် လိုက်ရှာနေ တာ အခုထိ မတွေ့သေးပါဘူး” ဟု မိသားစုဝင်တစ်ဦးက ပြောသည်။
အဆိုပါ ပျောက်ဆုံးနေသူ မိန်းကလေးငယ်အား တွေ့ရှိပါက ဖုန်းနံပါတ် ၀၉ ၆၆၇ ၃၀၅ ၈၆၅ နှင့် ၀၉ ၇၈၇ ၂၉၈ ၈၉၂ သို့ ဆက်သွယ်အကြောင်းကြားပေးရန် မိသားစုဝင်များက မေတ္တာရပ်ခံထားသည်။