
အင်ဒိုနီးရှားနိုင်ငံ၌ မုန့်တိုက် မီးလောင်ခဲ့ရာမှ သေဆုံးသူစုစုပေါင်းသည် နောက်ထပ် အလောင်းနှစ်လောင်းပြန်လည်ရရှိခဲ့ပြီးနောက် ၂၆ ဦးအထိ ရှိလာခဲ့သည်ဟု ရဲတပ်ဖွဲ့က နိုဝင်ဘာ ၂၄ ရက်တွင် ပြောကြားခဲ့သည်။
မြို့တော်ဂျာကာတာမှ မိုင် ၃၀ (ကီလိုမီတာ ၅၀) ခန့်အကွာ ဘန်တန်ပြည်နယ်၏ဆီရန် ခရိုင်၌ရှိသော Fonusa Agung Mulia စက်ရုံသည် နိုဝင်ဘာ ၂၁ ရက် မွန်းလွဲပိုင်းတွင် မီလောင်ခဲ့ခြင်းဖြစ်သည်။
မီးလောင်ချိန်တွင် စက်ရုံထဲ၌ အလုပ်သမား ဒါဇင်ချီ ပိတ်မိခဲ့သည်။
ကယ်ဆယ်ရေးသမားများက အဆောက်အအုံထဲမှ နောက်ထပ် အလောင်းနှစ်လောင်းကို သယ်ထုတ်နိုင်ခဲ့သည်ဟု ဒေသတွင်းရဲတပ်ဖွဲ့က နိုဝင်ဘာ ၂၄ ရက်တွင် ထုတ်ပြန်ခဲ့သည်။ ၏
ထို့ကြောင့် သေဆုံးသူ စုစုပေါင်းသည် ၂၆ ဦးအထိ ရှိလာသည်ဟုဆိုသည်။
နောက်ထပ် ၂၈ ဦး ပျောက်နေသည်ဟု ဆိုသည်။ ရဲတပ်ဖွဲ့က မီးလောင်ရသည့် အကြောင်းရင်းကို စုံစမ်းစစ် ဆေးနေသည်ဟု ဆိုသည်။
စုံစမ်းစစ်ဆေးရာမှရရှိထားသော အချက်အလက်များနှင့် ရရှိထားသည့် အထောက်အထားများကို အခြေခံပြီး ပြောရမည်ဆိုပါက မီးလောင်ရခြင်းမှာ ပေါ့ဆမှုနှင့်ဆက်စပ်နေသော ပြစ်မှုဖြစ်သည်ဟု ရဲတပ်ဖွဲ့က ပြောကြားသည်။
သေဆုံးသူများမှာ မီးလောင်ခံထားရပြီး ပြာမှုန်များပင်ဖြစ်နေသည်ဟု ကယ်ဆယ်ရေးသမားများက ပြောကြားခဲ့သည်။