Positive Angle News

CLMV ထိပ်သီးအစည်းအဝေးတက်ရောက်ရန် သမ္မတ ဦးမင်းအောင်လှိုင် ဗီယက်နမ်သို့ သွားရောက်မည်

(နိုင်ငံတကာ) နိုဝင်ဘာ ၂၅

၂၀၂၆ ခုနှစ်၊ နိုဝင်ဘာ ၂၈ ရက်တွင် ဗီယက်နမ်နိုင်ငံ၊ ဟနွိုင်းမြို့၌ ကျင်းပမည့် ၁၂ ကြိမ်မြောက် CLMV ထိပ်သီးအစည်းအဝေးသို့ တက်ရောက်ရန် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ဗီယက်နမ်နိုင်ငံသို့ သွားရောက်မည်ဖြစ်ကြောင်း သိရသည်။

အစည်းအဝေးသို့ ဗီယက်နမ်ဝန်ကြီးချုပ် လီမင်းဟွန်း၊ မြန်မာနိုင်ငံသမ္မတ ဦးမင်းအောင်လှိုင်၊ ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်မာနက်၊ လာအိုဝန်ကြီးချုပ် ဆလူမ်ဆိုင် ကွန်မာစစ်၊ ထိုင်းဝန်ကြီးချုပ် အနူတင် ချန်ဗီရာကူလ်နှင့် အာဆီယံအတွင်းရေးမှူးချုပ် ကောင်းကင်ဟွန်းတို့ တက်ရောက်ကြမည်ဖြစ်သည်။ ထို့ပြင် ဒေသတွင်းမိတ်ဖက်နိုင်ငံများနှင့် နိုင်ငံတကာအဖွဲ့အစည်းများမှ ကိုယ်စားလှယ်များလည်း ပါဝင်တက်ရောက်ကြမည်ဖြစ်ကြောင်း သိရသည်။

အလားတူ နိုဝင်ဘာ ၂၈ ရက်တွင် မြန်မာနိုင်ငံက ဥက္ကဋ္ဌတာဝန်ယူထားသည့် ဧရာဝတီ-ကျောက်ဖရား-မဲခေါင် စီးပွားရေးပူးပေါင်းဆောင်ရွက်မှု မဟာဗျူဟာ (ACMECS) ၏ ၁၁ ကြိမ်မြောက် ထိပ်သီးအစည်းအဝေးကိုလည်း ဗီယက်နမ်နိုင်ငံနှင့် ပူးတွဲကျင်းပရန် စီစဉ်ထားကြောင်း ဗီယက်နမ်အစိုးရသတင်းရင်းမြစ်များတွင် ဖော်ပြထားသည်။

မူရင်းသတင်း — Positive Angle News