Xinhua Myanmar

ပါကစ္စတန်-တရုတ် အာကာသပူးပေါင်းဆောင်ရွက်မှုက ဖောက်ဖျက်၍မရအောင် မြဲမြံသည့် နှစ်နိုင်ငံ ချစ်ကြည်ရင်းနှီးမှုကို ထင်ဟပ်စေကြောင်း ပါကစ္စတန် ဝန်ကြီးချုပ် ဆို

ရှန်ကျိုး-၂၄ လူလိုက်ပါပျံသန်းမှုမစ်ရှင် ထမ်းဆောင်မည့် အာကာသယာဉ်မှူးအဖွဲ့ စတင်ထွက်ခွာခြင်း အခမ်းအနားကို ၂၀၂၆ ခုနှစ် နိုဝင်ဘာ ၂၅ ရက် နံနက်ပိုင်းတွင် တရုတ်နိုင်ငံ ကျိုချွမ်ဂြိုဟ်တုလွှတ်တင်ရေးစင်တာ ဝန့်ထျန်းအဆောက်အဦ ယွမ်မုန့်ယွမ်ရင်ပြင်၌ ကျင်းပခဲ့ရာ အာကာသယာဉ်မှူး ထန်းဟုန်ပေါ (ယာဘက်)၊ ဝူရိ (အလယ်) နှင့် Muhammad Zeeshan Ali (ဝဲဘက်) တို့ကို အခမ်းအနား၌ တွေ့မြင်ရစဉ် (ဆင်ဟွာ)

အစ္စလာမ်မာဘတ်၊ နိုဝင်ဘာ ၂၅ ရက် (ဆင်ဟွာ)

ပါကစ္စတန် အာကာသယာဉ်မှူး Muhammad Zeeshan Ali သည် တရုတ်နိုင်ငံ ထျန်းကုန်းအာကာသစခန်းအား ရောက်ရှိသည့် ပထမဦးဆုံးနိုင်ငံခြားသား အာကာသယာဉ်မှူး ဖြစ်လာမည်ဖြစ်ရာ ယင်းသည် ပါကစ္စတန်-တရုတ် နှစ်နိုင်ငံချစ်ကြည်ရင်းနှီးမှုသည် ဖျောက်ဖျက်၍မရအောင် ခိုင်မြဲနေခြင်းကို ထင်ဟပ်စေကြောင်း ပါကစ္စတန်နိုင်ငံ ဝန်ကြီးချုပ် Shahbaz Sharif က ပြောကြားခဲ့သည်ဟု ပါကစ္စတန် ဝန်ကြီးချုပ်ရုံးက နိုဝင်ဘာ ၂၅ ရက်တွင် ကြေညာချက် ထုတ်ပြန်ပြောကြားခဲ့သည်။

ရှန်ကျိုး-၂၄ လူလိုက်ပါ အာကာသယာဉ်အား တင်ဆောင်ထားသည့် Long March-2F Y24 သယ်ဆောင်ရေးဒုံးပျံကို ပေကျင်းစံတော်ချိန် နိုဝင်ဘာ ၂၅ ရက် နံနက် ၈ နာရီ ၁၈ မိနစ်တွင် တရုတ်နိုင်ငံ ကျိုချွမ်ဂြိုဟ်တုလွှတ်တင်ရေးစင်တာမှ လွှတ်တင်ခဲ့သည်။ ရှန်ကျိုး-၂၄ မစ်ရှင်အား ထမ်းဆောင်သည့် အာကာသယာဉ်မှူး ၃ ဦးမှာ ၅ နှစ်အတွင်း ပျံသန်းမှုမစ်ရှင် သုံးကြိမ်ထမ်းဆောင်ခဲ့သည့် ညွှန်ကြားရေးမှူး ထန်းဟုန်ပေါ၊ ပထမဆုံးအကြိမ်အဖြစ် အာကာသအတွင်းသို့ သွားရောက်မှုအိပ်မက်အား အကောင်အထည်ဖော်သည့် အာကာသယာဉ်မှူး ဝူရိ၊ ပါကစ္စတန် အာကာသယာဉ်မှူး Muhammad Zeeshan Ali တို့ ဖြစ်သည်။

ပါကစ္စတန်အနေဖြင့် ကြယ်တာရာများကို ကျော်လွန်သည့် ခရီးစဉ်တစ်ခုကို စတင်ခဲ့ကြောင်း၊ ယင်းသည် အာကာသယာဉ်မှူးတစ်ဦး၏ ခရီးစဉ်ဖြစ်ရုံသာမက ပါကစ္စတန်ပြည်သူ သန်း ၂၄၀ ၏ ခရီးစဉ်လည်းဖြစ်ရာ ပါကစ္စတန် လူငယ်မျိုးဆက်၊ သိပ္ပံပညာရှင်နှင့် ပြည်သူတစ်ရပ်လုံး၏ အိပ်မက်ခရီးစဉ်လည်းဖြစ်ကြောင်း Shahbaz Sharif က ကြေညာချက်တွင် ဆိုထားသည်။

Shahbaz Sharif က ညီရင်းအစ်ကိုပမာ ရင်းနှီးသော တရုတ်နိုင်ငံအနေဖြင့် ပါကစ္စတန်ကို အဆိုပါ သမိုင်းဝင်မစ်ရှင်တွင် ပါဝင်ခွင့်ပေးသည့်အတွက် ကျေးဇူးတင်ရှိကြောင်း ဆိုခဲ့သည်။ ပါကစ္စတန်-တရုတ် နှစ်နိုင်ငံသည် ကမ္ဘာကြီး ငြိမ်းချမ်းမှုနှင့် အတူတကွဖွံ့ဖြိုးတိုးတက်မှုကို ဖော်ဆောင်ရာတွင် တစ်ပြေးညီ ရပ်တည်ချက်ရှိသည့်အပြင် ယနေ့ အာကာသ စူးစမ်းလေ့လာမှု ကဏ္ဍတွင်လည်း လက်တွဲ၍ ရှေ့သို့ချီတက်ခဲ့ကြောင်း၊ ယင်းသည် နှစ်နိုင်ငံ ချစ်ကြည်ရင်းနှီးမှု၏ ကျယ်ပြန့်မှုနှင့် နက်နဲမှုကို အပြည့်အဝ ထင်ဟပ်စေကြောင်း ၎င်းက အလေးထား ပြောကြားခဲ့သည်။

ပါကစ္စတန် အာကာသယာဉ်မှူး Muhammad Zeeshan Ali နှင့် Khurram Daud တို့သည် အနှိုင်းမဲ့ ကြိုးပမ်းမှု၊ မိမိကိုယ်ကိုယ် စည်းစနစ်ထိန်းသိမ်းမှုနှင့် အကျိုးဆောင်မှု စိတ်ဓာတ်ဖြင့် လေ့ကျင့်မှုများကို ပြီးစီးအောင် လုပ်ဆောင်ခဲ့ခြင်းကိုလည်း ၎င်းက ချီးကျူးပြောကြားခဲ့သည်။

Shahbaz Sharif က ပါကစ္စတန် အာကာသနှင့် အထက်လေထု သုတေသနကော်မရှင် (Suparco) နှင့် ယခုအကြိမ် အာကာသမစ်ရှင်တွင် ပါဝင်သည့် ပါကစ္စတန် အဆင့်မြင့်ပညာရေး တက္ကသိုလ်ကျောင်းနှင့် သိပ္ပံပညာရှင်များကိုလည်း ကျေးဇူးတင်စကား ဆိုခဲ့ကာ ၎င်းတို့ပြင်ဆင်ထားသည့် သိပ္ပံပညာ စမ်းသပ်ချက်များကိုလည်း ယခုအကြိမ်မစ်ရှင်နှင့်အတူ အာကာသသို့ သယ်ဆောင်သွားနိုင်ရန် မျှော်လင့်လျက်ရှိကြောင်း ပြောကြားခဲ့သည်။ ပါကစ္စတန်နိုင်ငံ ဘက်အသီးသီး၏ အတူတကွ ကြိုးပမ်းမှုဖြင့် ပါကစ္စတန်နိုင်ငံသည် အာကာသ သုတေသနနှင့် ခေတ်မီသိပ္ပံပညာကဏ္ဍ အဆင့်သစ်ဆီသို့ တက်လှမ်းလျက်ရှိကြောင်း ၎င်းက ဆိုသည်။ (Xinhua)

ပါကစ္စတန်နိုင်ငံ မြို့တော်အစ္စလာမ်မာဘတ်ရှိ ဝန်ကြီးချုပ်ရုံးတွင် တရုတ်မီဒီယာများ၏ ပူးတွဲတွေ့ဆုံမေးမြန်းမှုအား ဖြေကြားနေသည့် ပါကစ္စတန်နိုင်ငံ ဝန်ကြီးချုပ် Shahbaz Sharif ကို ၂၀၂၂ ခုနှစ် အောက်တိုဘာ ၂၈ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

---------------------

(Chinese Version)

巴基斯坦总理:巴中航天合作体现两国牢不可破友谊

新华社伊斯兰堡11月25日电(记者杨恺)巴基斯坦总理办公室25日发表声明说,巴总理夏巴兹表示,巴航天员穆罕默德·齐尚·阿里将成为首位到访中国空间站“天宫”的外籍航天员,这证明了巴中两国之间牢不可破的友谊。  

北京时间25日08时18分,搭载神舟二十四号载人飞船的长征二号F遥二十四运载火箭在酒泉卫星发射中心点火发射。执行神舟二十四号任务的3名航天员分别是:5年内三次飞天的指令长汤洪波、首次圆梦太空的航天员武毅、巴基斯坦航天员穆罕默德·齐尚·阿里。  

夏巴兹在声明中表示,巴基斯坦开启了一段超越星辰的旅程。这不仅是一位航天员的旅程,更是2.4亿巴基斯坦人的旅程,是巴基斯坦年轻一代、科学家和全国人民梦想的旅程。  

夏巴兹感谢兄弟般的中国让巴基斯坦参与到这项历史性任务中来。他强调,巴中两国不仅在实现世界和平与共同发展方面立场一致,如今在太空探索领域也携手并进,这充分体现了两国友谊的广度与深度。  

他称赞两位巴基斯坦航天员穆罕默德·齐尚·阿里和胡拉姆·达乌德以无与伦比的努力、自律和奉献精神完成了训练。  

夏巴兹还向巴基斯坦太空与高层大气研究委员会以及参与此次太空任务的巴高校及科学家致敬,期待他们准备的科学实验随此次任务进入太空。他表示,在巴多方共同努力下,巴基斯坦正朝着太空研究和现代科学领域的新高度迈进。(完)

图说1:11月25日凌晨,神舟二十四号载人飞行任务航天员乘组出征仪式在酒泉卫星发射中心问天阁圆梦园广场举行。这是航天员汤洪波(右)、武毅(中)、穆罕默德·齐尚·阿里(左)在出征仪式上。 新华社记者 张笑宇 摄

图说2:2022年10月28日,巴基斯坦总理夏巴兹·谢里夫在首都伊斯兰堡的总理府接受中国媒体联合采访。新华社发(艾哈迈德·卡迈勒摄)

မူရင်းသတင်း — Xinhua Myanmar