ရန်ကုန် နိုဝင်ဘာ ၂၄
၂၀၂၆ M-League ယူ-၂၀ လူငယ်လိဂ်ပြိုင်ပွဲ နောက်ဆုံးရက်သတ္တ ပတ်ဖြစ်သည့် ပွဲစဉ်(၂၆) ပထမနေ့ကို နိုဝင်ဘာ ၂၄ ရက်တွင် ဆက်လက်ကျင်းပရာ ဒဂုံစတားယူနိုက်တက်အသင်း တတိယဆုရရှိပြီး ရှမ်းယူနိုက်တက်ရှုံးပွဲကြောင့် Falcon အသင်း အဆင့်(၆)၌ ရပ်တည်ခွင့်ရရှိခဲ့သည်။
သန်လျင်သီဟဒီပကွင်း၌ကျင်းပသည့်ပွဲတွင် ဒဂုံစတားယူနိုက်တက်အသင်းက ရှမ်းယူနိုက်တက် အသင်းကို ခြောက်ဂိုး-တစ်ဂိုးဖြင့် အနိုင်ရခဲ့သည်။
ဒဂုံစတားယူနိုက်တက်အသင်းသည် ဂိုးပြတ်နိုင်ပွဲနှင့်အတူ တတိယနေရာရခဲ့ပြီး ဂိုးပြတ်ရှုံးခဲ့သည့် ရှမ်းယူနိုက်တက်အသင်းမှာမူ အဆင့်(၆)နေရာအား Falocn အသင်းကို လွှဲပေးခဲ့ရသည်။ ဒဂုံစတား ယူနိုက်တက်အသင်းအတွက် ဂိုးများကို ၃၀၊ ၃၈၊ ၄၇၊ ၈၈ မိနစ်တို့တွင် ညီနိုင်၊ ၆၉ မိနစ်တွင် အောင်ပြည့်ဖြိုးတို့က သွင်းယူပြီး ကျန်တစ်ဂိုးမှာ ၈၃ မိနစ်တွင် ရှမ်းယူနိုက်တက်အသင်းမှ ဆလိုင်းအံ့ဘွယ်နောင် ကိုယ့်ဂိုးကိုယ်သွင်းမိခဲ့ခြင်း ဖြစ်သည်။ ရှမ်းယူနိုက်တက်အသင်းအတွက် ချေပဂိုးတစ်ဂိုးကို ၆၇ မိနစ်တွင် ရှိုင်းအောင်က သွင်းယူသည်။
YUSC ကွင်း၌ကျင်းပသည့်ပွဲတွင် Falcon အသင်းက သစ္စာအားမာန်အသင်းကို နှစ်ဂိုး-ဂိုးမရှိဖြင့် အနိုင်ရရှိသည်။ မြန်မာ ယူ-၁၇ လူငယ်လက်ရွေးစင်အသင်းဖြစ်သော Falcon အသင်းသည် ရှမ်းယူနိုက်တက်အသင်း ရှုံးပွဲကိုအသုံးချကာ နိုင်ပွဲရယူပြီး အဆင့် (၆) နေရာရယူခဲ့သည်။ Falcon အသင်းအတွက် ဂိုးများကို ၆၃ မိနစ်တွင် ဟန်ထူးလွင်၊ ၉၀+၄ မိနစ်တွင် လင်းရောင်တို့က သွင်းယူခဲ့သည်။
ပွဲစဉ် (၂၆) ဒုတိယနေ့ကို နိုဝင်ဘာ ၂၆ ရက်တွင် ဆက်လက်ကျင်းပမည်ဖြစ်ပြီး သီဟဒီပကွင်း၌ ရတနာပုံအသင်းနှင့် ဧရာဝတီယူနိုက်တက်အသင်း၊ ဗဟန်းကွင်း၌ မြဝတီအသင်းနှင့် ရန်ကုန်စီးတီးအသင်းတို့ ယှဉ်ပြိုင်ကစားမည်ဖြစ်သည်။
သတင်း-ကိုညီလေး၊ ဓာတ်ပုံ-MLeague