
ရှန်ကျိုး-၂၄ အာကာသယာဉ်မှူးများအား ပို့ဆောင်နှုတ်ဆက်ပွဲ ကျင်းပ
တရုတ်နိုင်ငံ အနောက်မြောက်ပိုင်းရှိ ကျိုချွမ်ဂြိုဟ်တုလွှတ်တင်ရေးစင်တာတွင် တရုတ်အာကာသယာဉ်မှူးနှစ်ဦးနှင့် ပါကစ္စတန်အာကာသယာဉ်မှူးတစ်ဦး ပါဝင်သည့် ရှန်ကျိုး-၂၄ အာကာသယာဉ်မှူးများအား ပို့ဆောင်နှုတ်ဆက်သည့် အခမ်းအနားကို နိုဝင်ဘာ ၂၅ ရက် နံနက်အစောပိုင်းတွင် ကျင်းပခဲ့ကြောင်း တရုတ်နိုင်ငံ လူလိုက်ပါအာကာသအေဂျင်စီ (CMSA) က ထုတ်ပြန်ခဲ့သည်။
တရုတ်အာကာသယာဉ်မှူး ထန်းဟုန်ပေါ၊ ဝူရိနှင့် ပါကစ္စတန်အာကာသယာဉ်မှူး Muhammad Zeeshan Ali တို့သည် ပေကျင်းစံတော်ချိန် နံနက် ၅:၂၈ နာရီတွင် စတင်ထွက်ခွာခဲ့ကြသည်။

AI နည်းပညာဆိုင်ရာ ထိန်းချုပ်စည်းမျဉ်းများ ချမှတ်ရေး ပူးပေါင်းဆောင်ရွက်ကြရန် ကုလသမဂ္ဂအကြီးအကဲ တိုက်တွန်း
ဉာဏ်ရည်တုနည်းပညာ (AI) ဖွံ့ဖြိုးတိုးတက်မှုအတွက် ထိရောက်သော ထိန်းချုပ်စည်းမျဉ်းများ ချမှတ်နိုင်ရန်ရေးအတွက် ပူးပေါင်းဆောင်ရွက်ကြရန် ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရက်စ်က နိုဝင်ဘာ ၂၄ ရက်တွင် တိုက်တွန်းပြောကြားခဲ့သည်။
AI နည်းပညာသည် စီးပွားရေးလုပ်ငန်းများ၊ လူမှုအဖွဲ့အစည်းများနှင့် လုံခြုံရေးကဏ္ဍများကို လက်ရှိအဖွဲ့အစည်းများနှင့် လိုက်လျောညီထွေဖြစ်နိုင်အောင် ပိုမိုမြန်ဆန်စွာ ပြောင်းလဲပေးလျက်ရှိကြောင်း လျင်မြန်သော နည်းပညာအပြောင်းအလဲခေတ်တွင် ပဋိပက္ခဖြေရှင်းရေးဆိုင်ရာ ကုလသမဂ္ဂလုံခြုံရေးကောင်စီ၏ တံခါးဖွင့် အချေအတင်ဆွေးနွေးပွဲ၌ ၎င်းက ပြောကြားခဲ့သည်။

တရုတ်နိုင်ငံက ဗြိတိန်နှင့် ဆက်ဆံရေးကို ရင့်ကျက် တည်ငြိမ်၍ ရေရှည်တည်တံ့သော ဖွံ့ဖြိုးတိုးတက်မှု မြှင့်တင်မည်ဟု တရုတ်နိုင်ငံခြားရေးဝန်ကြီး ပြောကြား
တရုတ်နိုင်ငံအနေဖြင့် ဗြိတိန်နိုင်ငံနှင့်အတူ နှစ်နိုင်ငံဆက်ဆံရေးကို ရင့်ကျက် တည်ငြိမ်ပြီး ရေရှည်တည်တံ့သော ဖွံ့ဖြိုးတိုးတက်မှု မြှင့်တင်ဆောင်ရွက်ရန် အသင့်ရှိကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိက နိုဝင်ဘာ ၂၄ ရက်တွင် ပြောကြားခဲ့သည်။
တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေးဗျူရိုအဖွဲ့ဝင်လည်းဖြစ်သူ ဝမ်ရိက ဗြိတိန်နိုင်ငံခြားရေးဝန်ကြီး အက်ဒ် မီလီဘန်းနှင့် တယ်လီဖုန်းဖြင့်ဆက်သွယ်ဆွေးနွေးစဉ် နှစ်နိုင်ငံဆက်ဆံရေး၊ နိုင်ငံတကာရေးရာကိစ္စရပ်များနှင့် စပ်လျဉ်း၍ အဆိုပါပြောကြားချက်ကို ထည့်သွင်းပြောဆိုခဲ့ခြင်းဖြစ်သည်။

ရီယတ်မြို့ ဘဏ္ဍာရေးခရိုင်ကို ဟူသီအဖွဲ့ တိုက်ခိုက်မှုကြောင့် လူ ၁၁ ဦး ဒဏ်ရာရရှိခဲ့ဟု ဆော်ဒီအရပ်ဘက်ကာကွယ်ရေးဌာန ပြောကြား
ဆော်ဒီအာရေဗျနိုင်ငံ မြို့တော်ရီယတ်ရှိ ဘဏ္ဍာရေးစင်တာရှိ မျှော်စင်များအနက်တစ်ခုကို ပစ်မှတ်ထားတိုက်ခိုက်မှုကြောင့် လူ ၁၁ ဦး ဒဏ်ရာရရှိခဲ့ကြောင်းနှင့် အဆိုပါတိုက်ခိုက်မှုကို ဟူသီအဖွဲ့က လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း ဆော်ဒီအာဏာပိုင်များက နိုဝင်ဘာ ၂၄ ရက်တွင် ပြောကြားခဲ့သည်။
ဆော်ဒီအရပ်ဘက်ကာကွယ်ရေးဌာနက လူမှုကွန်ရက်ပလက်ဖောင်း X တွင် ထုတ်ပြန်ချက်အရ ဒဏ်ရာရရှိသူများတွင် ဆော်ဒီနိုင်ငံသားနှစ်ဦး၊ အိန္ဒိယနိုင်ငံသား နေထိုင်သူနှစ်ဦး၊ နီပေါနိုင်ငံသား နေထိုင်သူသုံးဦးနှင့် အီဂျစ်နိုင်ငံသား နေထိုင်သူလေးဦး ပါဝင်ကြောင်း သိရသည်။ (Xinhua)
………......
(English Version)
Daily World Briefing, Nov. 25
Send-off ceremony held for Shenzhou-24 astronauts
A send-off ceremony for the Shenzhou-24 crew, consisting of two Chinese astronauts and one Pakistani astronaut, was held early Wednesday morning at the Jiuquan Satellite Launch Center in northwest China, according to the China Manned Space Agency (CMSA).
Chinese astronauts Tang Hongbo, Wu Yi, and Pakistani astronaut Muhammad Zeeshan Ali set off at 5:28 a.m. (Beijing Time).
UN chief calls for cooperation to set up guardrails for AI
UN Secretary-General Antonio Guterres on Tuesday called for effective cooperation to set up guardrails for the development of artificial intelligence (AI).
AI is reshaping economies, societies and security faster than current institutions can adapt, he told a Security Council open debate on conflict resolution in an era of rapid technological change.
China to promote mature, steady and sustainable development of ties with Britain -- FM
China stands ready to work with Britain to promote the mature, steady and sustainable development of bilateral relations, Chinese Foreign Minister Wang Yi said Tuesday.
Wang, also a member of the Political Bureau of the Communist Party of China Central Committee, made the remarks in phone talks with British Foreign Secretary Ed Miliband on bilateral relations and international issues.
Saudi civil defense says 11 people injured in Houthi attack on Riyadh's financial district
Saudi authorities said on Tuesday that 11 people were injured in an attack targeting one of the towers at the financial center in Riyadh, which they attributed to the Houthi group.
The Saudi Civil Defense said on social media platform X that the injured included two Saudi citizens, two Indian residents, three Nepalese residents and four Egyptian residents.