ကင်ဘာရာ နိုဝင်ဘာ ၂၄
ဉာဏ်ရည်တု (AI) နှင့် နည်းပညာသစ်များသည် ကမ္ဘာ့အာဏာချိန်ခွင်လျှာ၊ စီးပွားရေးနှင့် စစ်ရေးအခြေအနေများကို အခြေခံကျကျ ပြောင်းလဲနေကြောင်း ဩစတြေးလျနိုင်ငံခြားရေးဝန်ကြီး ပင်နီဝေါင်က နိုဝင်ဘာ ၂၄ ရက်တွင် သတိပေးပြောကြားသည်။
ဖက်ဒရယ်လွှတ်တော်၌ မိန့်ခွန်းပြောကြားရာတွင် AI နည်းပညာသည် ယခင်က ပေါ်ပေါက်ခဲ့သည့် တော်လှန်ပြောင်းလဲမှုဖြစ်စေသော နည်းပညာများထက် ပိုမိုလျင်မြန်စွာပျံ့နှံ့လာပြီး လူမှုဘဝ၊ စီးပွားရေးနှင့် တပ်မတော်အသီးသီး၏ လုပ်ဆောင်ပုံများကို ပြောင်းလဲနေကြောင်း ၎င်းက ပြောသည်။
ထို့ကြောင့် အဆင့်မြင့် AI နည်းပညာဖွံ့ဖြိုးတိုးတက်ရေးပြိုင်ဆိုင်မှုတွင် အမြန်နှုန်းကိုသာ ဦးစားပေးပြီး ဘေးကင်းလုံခြုံမှုကို လျစ်လျူမရှုစေရန် မိတ်ဖက်နိုင်ငံများနှင့် ပူးပေါင်းဆောင်ရွက်သွားမည်ဟု ၎င်းက ပြောသည်။ နိုင်ငံ အချင်းချင်း ယုံကြည်မှုတည်ဆောက်ရေး၊ နည်းပညာဆိုင်ရာပြဿနာများ ဖြစ်ပေါ်လာပါက ပူးပေါင်းဖြေရှင်းရေးနှင့် AI နည်းပညာ၏ သက်ရောက်မှုအတိုင်း သင့်လျော်သည့် နိုင်ငံတကာတုံ့ပြန်မှုများ ဆောင်ရွက်ရေးတို့ လိုအပ်ကြောင်းလည်း ၎င်းက ပြောကြားသည်။
AI စည်းမျဉ်းများကို ကြီးကြပ်ရန် သီးခြားအဖွဲ့အစည်းတစ်ခု ဖွဲ့စည်းမည်ဖြစ်ပြီး လိုက်နာမှုမရှိသည့် ကုမ္ပဏီများကို ကြီးလေးသော ပြစ်ဒဏ်များ ချမှတ်သွားမည်ဖြစ်သော်လည်း ဩစတြေးလျနိုင်ငံသားအားလုံးအတွက် အကျိုးရှိစေမည့် စည်းကမ်းချက်များနှင့်အညီ အဆင့်မြင့် AI ရင်းနှီးမြှုပ်နှံမှုနှင့် ဆန်းသစ်တီထွင်မှုများကို ကြိုဆိုကြောင်း ဝန်ကြီးက ပြောကြားခဲ့သည်။
ဆင်ဟွာ