
ပေကျင်း၊ နိုဝင်ဘာ ၂၅ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံနှင့် ကမ္ဘောဒီးယား နှစ်နိုင်ငံစစ်တပ်များသည် နိုဝင်ဘာလနှောင်းပိုင်းမှ ဒီဇင်ဘာလလယ်အထိ ကမ္ဘောဒီးယားနိုင်ငံ၌ ပူးတွဲစစ်ရေးလေ့ကျင့်မှုတစ်ရပ် ပြုလုပ်သွားမည်ဖြစ်ကြောင်း တရုတ်အမျိုးသား ကာကွယ်ရေးဝန်ကြီးဌာန၏ နိုဝင်ဘာ ၂၄ ရက် ထုတ်ပြန်သည့် ကြေညာချက်အရ သိရသည်။
“Golden Dragon-2026” ဟု အမည်ပေးထားသည့် အဆိုပါစစ်ရေးလေ့ကျင့်မှုတွင် ပူးတွဲအကြမ်းဖက်မှု တိုက်ဖျက်ရေး၊ ပင်လယ်ဓားပြမှုတိုက်ဖျက်မှုစစ်ဆင်ရေးများနှင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ကယ်ဆယ်ရေးလုပ်ငန်းများ အဓိကထားလေ့ကျင့်သွားမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ယခုလေ့ကျင့်မှုသည် တရုတ်နိုင်ငံနှင့် ကမ္ဘောဒီးယား နှစ်နိုင်ငံစစ်တပ်များ ပူးတွဲပြုလုပ်သည့် “Golden Dragon” စီးရီး၏ ၈ ကြိမ်မြောက် လေ့ကျင့်မှုအစီအစဉ် ဖြစ်သည်။
အဆိုပါလေ့ကျင့်မှုသည် ခေတ်သစ်တွင် အချိန်အခါမရွေး အစဉ်အမြဲခိုင်မာသော တရုတ်-ကမ္ဘောဒီးယား အနာဂတ်အေးအတူပူအမျှအသိုက်အဝန်း တည်ဆောက်ရေးအတွက် အပြုသဘောဆောင်သော အထောက်အကူဖြစ်စေမည်ဟုမျှော်လင့်ကြောင်း တရုတ်အမျိုးသားကာကွယ်ရေးဝန်ကြီးဌာနက မှတ်ချက်ပေး ပြောကြားခဲ့သည်။
“Golden Dragon” စီးရီးသည် တရုတ်နိုင်ငံနှင့် ကမ္ဘောဒီးယားနိုင်ငံ စစ်တပ်များအကြား ပုံမှန်ပြုလုပ်သည့် ပူးတွဲစစ်ရေးလေ့ကျင့်မှုတစ်ရပ်ဖြစ်ပြီး နိုင်ငံရေးအရအပြန်အလှန်ယုံကြည်မှုခိုင်မာစေရန်နှင့် စစ်ဘက်ဆိုင်ရာဖလှယ်မှုများ တိုးချဲ့ရန် ရည်ရွယ်ခြင်း ဖြစ်သည်။
တရုတ်နိုင်ငံသည် ၂၀၁၆ ခုနှစ်မှစတင်၍ အဆိုပါစစ်ရေးလေ့ကျင့်မှုတွင် တပ်ဖွဲ့ဝင်များ စေလွှတ်ပါဝင်ခဲ့ခြင်း ဖြစ်သည်။ (Xinhua)
…………….
(English Version)
China, Cambodia to conduct joint military exercise
BEIJING, Nov. 24 (Xinhua) -- The Chinese and Cambodian militaries will hold a joint exercise in Cambodia from late November to mid-December, according to a statement from China's Ministry of National Defense released on Tuesday.
The exercise, codenamed "Golden Dragon-2026," will focus on "joint counterterrorism and anti-piracy operations and humanitarian relief," said the statement.
This is the eighth edition of the "Golden Dragon" series involving these two militaries.
It is expected to contribute positively to building an all-weather China-Cambodia community with a shared future in the new era, the ministry noted.
The "Golden Dragon" series is a regular joint exercise between the Chinese and Cambodian militaries, aimed at strengthening political mutual trust and expanding military exchanges.
China first sent troops to participate in the exercise in 2016.
Photo caption: Chinese soldiers attend the Cambodia-China "Golden Dragon 2023" joint military exercise at the Royal Gendarmerie Training Center in Cambodia, March 23, 2023. (Photo by Phearum/Xinhua)