Xinhua Myanmar

တရုတ်နိုင်ငံအနေဖြင့် ဗြိတိန်နိုင်ငံနှင့် ဆက်ဆံရေး ရင့်ကျက်တည်ငြိမ်ပြီး စဉ်ဆက်မပြတ် တိုးတက်ကောင်းမွန်အောင် မြှင့်တင်မည်ဟု တရုတ်နိုင်ငံခြားရေးဝန်ကြီး ပြောကြား

တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေးဗျူရိုအဖွဲ့ဝင်၊ တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိ ဖိလစ်ပိုင်နိုင်ငံ မနီလာမြို့၌ ဗြိတိန်နိုင်ငံခြားရေးဝန်ကြီး အက်ဒ် မီလီဘန်းနှင့် ၂၀၂၆ ခုနှစ် ဇူလိုင် ၂၃ ရက်က တွေ့ဆုံစဉ် (ဆင်ဟွာ)

ပေကျင်း၊ နိုဝင်ဘာ ၂၅ ရက် (ဆင်ဟွာ)

နှစ်နိုင်ငံဆက်ဆံရေး ရင့်ကျက်တည်ငြိမ်ပြီး စဉ်ဆက်မပြတ် တိုးတက်ကောင်းမွန်အောင် မြှင့်တင်ရေးအတွက် ဗြိတိန်နိုင်ငံနှင့် လက်တွဲဆောင်ရွက်ရန် အသင့်ရှိကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိက နိုဝင်ဘာ ၂၄ ရက်၌ ပြောကြားခဲ့သည်။

တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေးဗျူရို အဖွဲ့ဝင်လည်းဖြစ်သူ ဝမ်က ဗြိတိန်နိုင်ငံခြားရေးဝန်ကြီး အက်ဒ် မီလီဘန်းနှင့် နှစ်နိုင်ငံဆက်ဆံရေးနှင့် နိုင်ငံတကာရေးရာ ကိစ္စရပ်များကို တယ်လီဖုန်းဖြင့် ဆက်သွယ်ဆွေးနွေးစဉ် အထက်ပါအတိုင်း ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။

ယခုနှစ်ဆန်းပိုင်းမှစ၍ နှစ်နိုင်ငံခေါင်းဆောင်များ၏ လမ်းညွှန်မှုအောက်တွင် တရုတ်-ဗြိတိန် ဆက်ဆံရေး တိုးတက်ကောင်းမွန်လာစေရန် အပြုသဘောဆောင်သည့် တိုးတက်မှုများရရှိခဲ့ရာ ယင်းအား နှစ်ဖက်စလုံးက တန်ဖိုးထားထိန်းသိမ်းသင့်သည်ဟု ဝမ်က ဆိုသည်။

တရုတ်နိုင်ငံနှင့် ဗြိတိန်နိုင်ငံကြား ရေရှည်တည်တံ့ခိုင်မြဲသော ဘက်စုံမဟာဗျူဟာမြောက် မိတ်ဖက်ဆက်ဆံရေး ဖော်ဆောင်ခြင်းက နှစ်နိုင်ငံအတွက်သာမက နှစ်နိုင်ငံပြည်သူများအတွက်လည်း အခြေခံအကျိုးစီးပွားများကို အပြည့်အဝ ဖြည့်ဆည်းပံ့ပိုးပေးနိုင်သည်ကို သမိုင်းနှင့် အချက်အလက်များက သက်သေပြလိမ့်မည်ဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။

လာမည့်နှစ်သည် တရုတ်-ဗြိတိန် သံအမတ်ကြီးအဆင့် သံတမန်ဆက်ဆံရေး ထူထောင်ခြင်း ၅၅ နှစ်မြောက် နှစ်ပတ်လည်အထိမ်းအမှတ်ဖြစ်ရာ ယခင်အောင်မြင်မှုများအပေါ် အခြေခံ၍ ရှေ့သို့ဆက်လက်ဖော်ဆောင်ရမည့် နှစ်နိုင်ငံဆက်ဆံရေးအတွက် အရေးပါသောနှစ်တစ်နှစ် ဖြစ်လာမည်ဟုလည်း ၎င်းက မှတ်ချက်ပြုခဲ့သည်။

ဒေသတွင်းနှင့် ကမ္ဘာကြီး၏ တည်ငြိမ်အေးချမ်းမှုကို ကာကွယ်စောင့်ရှောက်ရာတွင် အပြုသဘောဆောင်သည့် အခန်းကဏ္ဍမှ ပါဝင်ရေးအတွက် ဗြိတိန်နိုင်ငံနှင့် လက်တွဲဆောင်ရွက်ရန် တရုတ်နိုင်ငံက အသင့်ရှိကြောင်း ဝမ်က ထုတ်ဖော်ပြောကြားခဲ့သည်။

တရုတ်နိုင်ငံနှင့် ဗြိတိန်နိုင်ငံတို့သည် နှစ်နိုင်ငံခေါင်းဆောင်များ ချမှတ်ထားသည့် လမ်းညွှန်ချက်အတိုင်း လိုက်နာဆောင်ရွက်သင့်ပြီး နောက်တစ်ဆင့်အနေဖြင့် အဆင့်မြင့်အလွှာ အပြန်အလှန် ကူးလူးဆက်ဆံမှုများအတွက် ခိုင်မာကောင်းမွန်သည့် အစီအစဉ်များ ရေးဆွဲခြင်း၊ နယ်ပယ်အသီးသီးတွင် ပူးပေါင်းဆောင်ရွက်နိုင်မည့် အလားအလာများ အပြည့်အဝဖော်ထုတ်ခြင်းနှင့် နှစ်နိုင်ငံ ဘက်စုံမဟာဗျူဟာမြောက် မိတ်ဖက်ဆက်ဆံရေး စဉ်ဆက်မပြတ် မြှင့်တင်ခြင်းတို့ လုပ်ဆောင်သင့်ကြောင်းလည်း ဝမ်က ဆိုသည်။

ဗြိတိန်နိုင်ငံအနေဖြင့် တရုတ်တစ်နိုင်ငံတည်း မူဝါဒကို အလေးအနက် လိုက်နာကျင့်သုံးပြီး နှစ်နိုင်ငံဆက်ဆံရေး နိုင်ငံရေးအခြေခံအုတ်မြစ်ကို ထိန်းသိမ်းကာကွယ်မည်ဟု မျှော်လင့်ကြောင်း ဝမ်က ပြောသည်။

တရုတ်နိုင်ငံသည် ၁၅ ကြိမ်မြောက် ငါးနှစ်စီမံကိန်းကာလ (၂၀၂၆-၂၀၃၀) အတွင်း တံခါးဖွင့်လှစ်မှုကို ဆက်လက်တိုးချဲ့သွားမည်ဖြစ်ပြီး နှစ်နိုင်ငံကြား လက်တွေ့ပူးပေါင်းဆောင်ရွက်မှုများအတွက် အခွင့်အလမ်းများ ကျယ်ကျယ်ပြန့်ပြန့် ဖန်တီးပေးမည်ဖြစ်ကြောင်း ဝမ်က ပြောကြားသည်။

ဗြိတိန်နိုင်ငံဘက်က လွတ်လပ်စွာကုန်သွယ်ရေး မူဝါဒကို လိုက်နာကျင့်သုံးပြီး ပွင့်လင်းမြင်သာသည့် ချဉ်းကပ်မှုကို လက်ကိုင်ပြုကာ ဗြိတိန်နိုင်ငံ၌ ပူးပေါင်းဆောင်ရွက်နိုင်ရန် တရုတ်စီးပွားရေးလုပ်ငန်းများအတွက် တည်ငြိမ်သော မူဝါဒပိုင်းဆိုင်ရာ မျှော်မှန်းချက်များနှင့် သင့်လျော်ကောင်းမွန်သော စီးပွားရေးဝန်းကျင်တစ်ခု ဖန်တီးပေးမည်ဟုလည်း တရုတ်နိုင်ငံက မျှော်လင့်ကြောင်း ၎င်းက ထပ်လောင်းပြောကြားခဲ့သည်။ (Xinhua)

သတင်းအပြည့်အစုံကို ဖော်ပြပါလင့်ခ်မှတစ်ဆင့် ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။

https://english.news.cn/20261124/7cbf550fa8784fed823cdb08280eb3a2/c.html

..................................

(English Version)

China to promote mature, steady and sustainable development of ties with Britain -- FM

BEIJING, Nov. 24 (Xinhua) -- China stands ready to work with Britain to promote the mature, steady and sustainable development of bilateral relations, Chinese Foreign Minister Wang Yi said Tuesday.

Wang, also a member of the Political Bureau of the Communist Party of China Central Committee, made the remarks in phone talks with British Foreign Secretary Ed Miliband on bilateral relations and international issues.

Since the beginning of this year, under the guidance of the leaders of both countries, positive progress has been made in improving China-Britain relations, which is worth being cherished by both sides, Wang said.

History and facts will prove that developing a long-term and stable comprehensive strategic partnership between China and Britain fully serves the fundamental interests of both countries and their peoples, he said.

Next year will mark the 55th anniversary of diplomatic relations at the ambassadorial level between China and Britain, making it an important year for the bilateral relationship to build on past achievements and forge ahead, he noted.

Wang expressed China's readiness to work with Britain to play a constructive role in safeguarding regional and world peace and stability.

China and Britain should follow the direction charted by the leaders of the two countries, make sound plans for the next stage of high-level exchanges, fully unleash the potential for cooperation across various fields, and continuously enrich their comprehensive strategic partnership, Wang said.

Wang expressed his hope that Britain will earnestly abide by the one-China principle and uphold the political foundation of bilateral relations.

China will continue to expand opening up during the 15th Five-Year Plan period (2026-2030), and create broad opportunities for practical cooperation between the two countries, said Wang.

China hopes that the British side will uphold the principle of free trade and adopt an open approach, and provide Chinese enterprises with stable policy expectations and a favorable business environment for cooperation in Britain, he added.

https://english.news.cn/20261124/7cbf550fa8784fed823cdb08280eb3a2/c.html

Photo caption: Chinese Foreign Minister Wang Yi, also a member of the Political Bureau of the Communist Party of China Central Committee, meets with British Foreign Secretary Ed Miliband in Manila, the Philippines, July 23, 2026. (Xinhua/Zhao Chenjie)

မူရင်းသတင်း — Xinhua Myanmar