Myanmar Digital News

ဒဗလျူတီအေကမ္ဘာ့အဆင့် (၁) နေရာ၌ အယ်လီနာ ရီဘာကီနာ ရပ်တည်

၂၀၂၆ ရာသီပိတ်တင်းနစ်ပြိုင်ပွဲ WTA Finals ယှဉ်ပြိုင်ကစားပြီးချိန်တွင် ဒဗလျူတီအေကမ္ဘာ့အဆင့် ရပ်တည်မှုတွင် ကာဇက်စတန်တင်းနစ်မယ်  အယ်လီနာ ရီဘာကီနာက   ၈၀၉၉  မှတ်ဖြင့် အဆင့် (၁) နေရာ၌ ဆက်လက်ရပ်တည်နိုင်ခဲ့သည်။

ရီဘာကီနာသည် ၂၀၂၆ ရာသီပြိုင်ပွဲ WTA Finals ကို ဒဏ်ရာကြောင့် ပါဝင်ယှဉ်ပြိုင်နိုင်ခဲ့ခြင်း  မရှိသော်လည်း ဒုတိယနေရာမှ အန်ဒရေဗာထက် ၂၉၃ မှတ်အသာဖြင့် အဆင့်(၁) နေရာတွင် ဆက်လက်ရပ်တည်နိုင်ခဲ့ခြင်းဖြစ်သည်။ WTA Finals နောက်ဆုံးဗိုလ်လုပွဲတွင် အနိုင်ရဗိုလ်စွဲခဲ့သည့်    အန်ဒရေဗာသည်   ပီဂူလာ၊ ကိုကိုဂေါ့ဖ်နှင့် ဆာဘယ်လင်ကာတို့ကို ကျော်ဖြတ်ကာ အဆင့်(၂) နေရာတွင် ရပ်တည်နိုင်ခဲ့သည်။

မိုးဇက်

မူရင်းသတင်း — Myanmar Digital News