Myanmar National Post

မိုင်းတုံမြို့၌ သံဃာတော်အပါး (၈၉) ပါး ဆွမ်းဆန်စိမ်းလောင်းလှုပွဲနှင့် (၄၃) ကြိမ်မြောက် စုပေါင်းမဟာဘုံကထိန် သင်္ကန်းဆက်ကပ်လှူဒါန်းရေစက်ချ အခမ်းအနားကျင်းပ



မိုင်းတုံ  ၊ နိုဝင်ဘာ ၂၅

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းတုံခရိုင်၊ မိုင်းတုံမြို့၌ သာသနာတော်နှစ် ၂၅၇၀ ခုနှစ်၊ ကော်‌ဇာသက္ကရာဇ် ၁၃၈၈ ခုနှစ်၊ တန်ဆောင်မုန်းလပြည့်‌နေ့၊ ခရစ်သက္ကရာဇ် ၂၀၂၆ ခုနှစ်၊ နို၀င်ဘာလ၂၄ရက်၊‌ အင်္ဂါနေ့ နံနက် ၆ အချိန်တွင် သံဃာ‌တော်များသိမ်ဝင်၍ သိမ်ထွက်တွင် သိမ်ဆွမ်းလောင်းခြင်း၊ (၇) နာရီအချိန်တွင် မြို့လုံးကျွတ်သံဃာတော်အပါး (၈၉)ပါးအား ဆွမ်းဆန်စိမ်း‌ လောင်းလှူပြီး‌နောက် နံနက် (၉) နာရီခွဲအချိန်၌  မြိုမငွေရတုဓမ္မာရုံ၌ (၄၃)ကြိမ်မြောက် စုပေါင်းမဟာဘုံကထိန်သင်္ကန်း ဆက်ကပ်လှူဒါန်း ရေစက်ချ အခမ်းအနားကျင်းပရာ ကြွရောက်တော်မူလာသော ဆရာတော်သံဃာတော် အရှင်သူမြတ်များနှင့် ဧည့်ပရိသတ်အ‌ပေါင်းတို့မှ ဆရာတော်အရှင်ဝါယမထံမှအနုမောဒန တရားတော်များ ချီးမြှင့်ခြင်းနှင့် (၄၃) ကြိမ်မြောက်စု‌ပေါင်းပဒေသာပင် ဘုံကထိန်ပြုလုပ်ခဲ့သည့် ပဒေသပင်(၂၃)၏ စုစုပေါင်းတန်ဖိုးသိန်း (၂၇,၀၁၁,၀၀၀ိ) ကျပ်တို့အားဘုန်းကြီးကျောင်း(၁၉) ကျောင်းအားလှူဒါန်း ရေစက်သွန်းချအမျှဝေခြင်း တရားတော်များချီးမြှင့်ခြင်း ဧည့်ပရိသတ်အပေါင်းတို့မှ ဩကာသဆုတောင်းခန်းဖြင့် ပြန်လည်ကန်တော့ခြင်း၊ ကြွရောက်တော်မူလာကြကုန်သော ဆရာတော်၊ သံဃာတော်  အရှင်သူမြတ်များနှင့် ဧည့်ပရိတ်သတ်အပေါင်းတို့မှ “ဗုဒ္ဓသာသနံစိရံတိဌတု” (၃)ကြိမ်ရွတ်ဆိုဆုတောင်း၍ဘုန်းကြီး ကျောင်း (၁၉) ကျောင်းမှဘုန်းဘုန်းတို့အား စာရေးတန်မဲပြုလုပ်၍ အခမ်းအနားပိတ်သိမ်းခဲ့သည်။ ၁၁ နာရီအချိန်တွင် မြို့မ‌မွေတော်ကျောင်းတိုက်၌ ဆရာတော် သံဃာတော်များကို ဆွမ်းကပ်ခြင်းနှင့် တက်ရောက်လာသော ဧည့်ပရိသတ်တို့ကိုဧည့် ခံကျွေးမွေးခဲ့ကြကြောင်း သိရသည်။

ဝင်းဝင်းခိုင်

https://t.me/MyanmarNationalPost

မူရင်းသတင်း — Myanmar National Post