
၂၀၀၉ ခုနှစ်မှာ ပြင်သစ်နိုင်ငံ၊ ဆန်မီရှဲလ်မြို့မှ အမည်မဖော်လိုသူ မိသားစုတစ်စုဟာ ယူရိုသန်း ၅၀ တန် EuroMillions ထီဆုကြီး ဆွတ်ခူးခဲ့ပါတယ်။ သူတို့ဟာ ရရှိလာတဲ့ ငွေတွေဟာ ဇိမ်ခံသုံးဖြုန်းမယ့်အစား သူတို့ရပ်ရွာအတွက် ကူညီပေးဖို့ အသုံးပြုခဲ့ပါတယ်။
ဒေသခံ ဘိုးဘွားရိပ်သာတစ်ခုရဲ့ အကြွေးတွေကို ဆပ်ပေးတာ အပါအဝင် ဒေသတွင်း စီမံကိန်းတွေကို ကူညီပံ့ပိုးဖို့ ယူရို ၄၀၀,၀၀၀ လှူဒါန်းခဲ့ပါတယ်။ ဒါ့အပြင် ၁၆ နှစ်ကျော်ကြာအောင် နှစ်စဉ် ယူရို ၈၀,၀၀၀ လောက် ထည့်ဝင်လှူဒါန်းပြီး ကလေး ၁၈၀ လောက်အတွက် ကျောင်းနေ့လယ်စာ အခမဲ့ စားသောက်နိုင်ဖို့ ကူညီပေးခဲ့ပါတယ်။
ဒီနှစ်ထဲမှာတော့ သူတို့မိသားစုက ကျောင်းသား/သူလေးတွေအတွက် တစ်နပ်စာကို ၁.၈ ယူရိုနှုန်း ဆက်လက်လှူဒါန်းပေးခဲ့တဲ့အပြင် ကျောင်းစားသောက်ခန်းမမှာ လေအေးပေးစက်တွေ၊ အသံလုံစနစ်တွေ တပ်ဆင်ပေးဖို့အတွက်လည်း လှူဒါန်းပေးခဲ့ပါတယ်။
ဒေသအကျိုး သယ်ပိုးပြီး လူပေါင်းများစွာရဲ့ဘဝကို ဝန်ထုပ်ဝန်ပိုးတွေ လျှော့ချပေးနိုင်ခဲ့ပေမဲ့ အဲဒီမိသားစုကတော့ အမည်ဖော်ပြခြင်းမရှိဘဲ တိတ်တဆိတ် အေးချမ်းစွာ ဆက်လက်နေထိုင်ခဲ့ပါတယ်။
Ref: A family won $54M in the lottery, then quietly paid their town’s school lunch bill for 16 years
NZ (ရိုးရာလေး)