
ရီယိုဒီဂျနေးရိုး၊ နိုဝင်ဘာ ၂၅ ရက် (ဆင်ဟွာ)
ဗစ်တိုးရီးယားအသင်းသည် နိုဝင်ဘာ ၂၃ ရက်က ယှဉ်ပြိုင်ကစားခဲ့သည့် ဘရာဇီးစီးရီးအေ ပွဲစဉ်တွင် အင်တာနာစီယွန်နယ်အသင်းကို ဒုတိယပိုင်းသွင်းဂိုး ၃ ဂိုးအပါအဝင် ၅-၂ ဂိုးဖြင့်အနိုင်ရရှိခဲ့ပြီး တန်းဆင်းအန္တရာယ် စိုးရိမ်ရမှုများ လျှော့ချနိုင်ခဲ့သည်။
ပွဲချိန်ပထမပိုင်း ဗီတင်ဟို၏ သွင်းဂိုးမတိုင်မီနှင့် အပြီးတွင် ရီနေးနှင့်ဒီယေဂိုတာဇီယာတို့က ဂိုးသွင်းယူခဲ့ကြပြီး နောက် ပွဲချိန် ၅၇ မိနစ်တွင် ရာမွန်က အဝေးမှအပြင်းကန်သွင်းချက်ဖြင့် ၃-၁ ဂိုး ရလဒ်ဖြစ်စေခဲ့သည်။
ပွဲကစားချိန် မိနစ် ၇၀ တွင် ဗီတင်ဟို၏ဖြတ်တင်ပေးပို့မှုမှတစ်ဆင့် အလာရန်ဒရိုက အနီးကပ်ပိတ်သွင်းကာ ဂိုးကွာဟချက်ကို လျှော့ချနိုင်ခဲ့သဖြင့် ပွဲပြီးခါနီးအချိန်အထိ အကြိတ်အနယ် ဖြစ်စေခဲ့သည်။
သို့သော် နောက်ဆုံးမိနစ်များတွင် ဂါဘရီရယ်လ်ဘာရားယက်စ်နှင့် ရီနာတိုကိုင်ဇာတို့၏ သွင်းဂိုးများဖြင့် ဧည့်သည် ဗစ်တိုးရီးယားအသင်း၏အနိုင်ရလဒ်ကို ပိုမိုခိုင်မာစေခဲ့သည်။
ရာသီကုန်ရန် ပွဲစဉ် ၂ ပွဲသာ ကျန်ရှိတော့ချိန်တွင် ဗစ်တိုးရီးယားအသင်းသည် အသင်း ၂၀ ပါဝင်သည့် အမှတ်ပေး ဇယား၌ ရမှတ် ၄၄ မှတ်ဖြင့် အဆင့် ၁၃ နေရာတွင် ရပ်တည်နေပြီး အင်တာနာစီယွန်နယ်အသင်းမှာမူ ဗစ်တိုးရီးယားအသင်းထက် ၆ မှတ်လျော့နည်းကာ အဆင့် ၁၈ နေရာတွင် ရှိနေသည်။
ရီယိုဒီဂျနေရိုးမြို့ရှိ Nilton Santos အားကစားကွင်းတွင် အစောပိုင်း ယှဉ်ပြိုင်ကစားခဲ့သည့် ပွဲစဉ်တွင် အိမ်ရှင် ဘိုတာဖိုဂိုအသင်းက ဆော်ပေါ်လိုအသင်းကို ၁-၁ ဂိုးဖြင့် သရေကျခဲ့သည်။ ဆော်ပေါ်လိုအသင်းအတွက် ပက်ဒရိုလီမာက ပထမဆုံးဂိုးသွင်းယူခဲ့သော်လည်း ဘိုတာဖိုဂိုတိုက်စစ်မှူး တီကွင်ညိုဆွာရစ်က ချေပဂိုး ပြန်လည်သွင်းယူနိုင်ခဲ့ခြင်းဖြစ်သည်။ (Xinhua)
…………….
(English Version)
Vitoria routs Internacional to boost survival hopes
RIO DE JANEIRO, Nov. 23 (Xinhua) -- Vitoria eased relegation fears with three second-half goals en route to a 5-2 win at Internacional in Brazil's Serie A on Monday.
Rene and Diego Tarzia scored either side of Vitinho's first-half strike before Ramon made it 3-1 with a 57th-minute drive.
Alerrandro reduced the deficit in the 70th minute by bundling home from close range after Vitinho's cross to ensure a tense finish.
The visitors pulled away in the final minutes with goals from Gabriel Baralhas and Renato Kayzer.
Vitoria is now 13th in the 20-team standings with 44 points with two matchdays remaining in the season. Internacional is 18th, six points further back.
Earlier, Botafogo drew 1-1 at home to Sao Paulo after Tiquinho Soares canceled out Pedro Lima's opener at the Nilton Santos stadium in Rio de Janeiro.
Photo caption: Calleri (L) of Sao Paulo vies with Vitao of Flamengo during the 2026 Brazilian Serie A 20th round match between Flamengo and Sao Paulo at the Maracana Stadium in Rio de Janeiro, Brazil, July 26, 2026. (Photo by Daniel Ramalho/Xinhua)