CarsDB

နိုဝင်ဘာ ၂၇ ကွမ်ကျိုးကားပြပွဲကြီးမတိုင်မီတွင် BYD ၏ next-gen BYD Han မော်ဒယ်သစ် ထွက်ရှိလာ

နိုဝင်ဘာ ၂၇ ရက်တွင် ကျင်းပမည့် ၂၀၂၆ ကွမ်ကျိုးကားပြပွဲကြီးမတိုင်မီတွင် BYD ၏ next-gen မော်ဒယ်သစ်ဖြစ်သော BYD Han မှာ ထုတ်လုပ်ရေးလိုင်းမှ ထွက်ရှိလာပြီး အရောင်မှာ စွဲမက်ဖွယ် စိမ်းပြာရောင် (cyan-blue) ဖြစ်ကြောင်း IT home က ဖော်ပြသည်။

ယခင်က Han မော်ဒယ်သစ်ကို အများပြည်သူသုံး လမ်းမများပေါ်တွင် စမ်းသပ်မောင်းနှင်နေပုံ တွေ့ခဲ့ကြရာတွင် ဝိုင်နီရောင် (burgundy) ဖြင့် ဖြစ်သည်။

ယခုနောက်ဆုံးထွက်ပေါ်လာသော ဓာတ်ပုံများအရ fastback အမိုးဒီဇိုင်း၊ semi-hidden တံခါးလက်ကိုင်၊ multi-spoke ဘီးများနှင့် ထောင့်ကျကျ နောက်ပိုင်းကိုယ်ထည် ဒီဇိုင်းတို့ကို တွေ့ရသည်။

ကားနောက်ပိုင်းတွင် တရုတ်ရိုးရာ ကြိုးထုံးဒီဇိုင်း နောက်မီးတန်းနှင့် ခရိုမီယမ် ဘန်ပါအနားကွပ်တို့ ပါသည်။

လူကြိုက်များနေသည့် ကားမော်ဒယ်သစ်တစ်မျိုးကို ကွမ်ကျိုးကားပြပွဲကြီးတွင် ပွဲဦးထွက် မိတ်ဆက်ပြသ သွားမည်ဖြစ်ကြောင်း BYD Dynasty စီးရီး၏ အထွေထွေမန်နေဂျာ Lu Tian က နိုဝင်ဘာလ အစောပိုင်းတွင် ပြောခဲ့ဖူးသည်။

((အရွယ်အစား ပိုမိုကြီးမားလာသည့် Han မော်ဒယ်သစ်))

မော်ဒယ်သစ် Han ၏ အရွယ်အစားမှာ အလျား 5,156 mm ၊ ဗျက် 1,969 mm နှင့် wheelbase 3,030 mm ရှိကြောင်း တရုတ်စက်မှုနှင့် သတင်းအချက်အလက် နည်းပညာဝန်ကြီးဌာန (MIIT) သို့ တင်သွင်းထားသည့် အချက်အလက်များတွင် ဖော်ပြထားသည်။

ဈေးကွက်ထဲမှ ရှိရင်းစွဲမော်ဒယ်ထက် အလျား ၁၆၁ မီလီမီတာ၊ ဗျက် ၅၉ မီလီမီတာနှင့် wheelbase ၁၁၀ မီလီမီတာ ပိုမိုကြီးမားလာသည်။

အကြီးစား 5,256 mm Da Han EV ၏ ဈေးနှုန်းမှာ အနိမ့်ဆုံး ယွမ် ၂၃၅,၉၀၀ (ဒေါ်လာ ၃၅,၃၂၅) မှ စတင်ပြီး ဈေးကွက်ထဲမှ လက်ရှိ Han မော်ဒယ်မှာ ယွမ် ၁၆၈,၈၀၀ (ဒေါ်လာ ၂၅,၂၈၀) မှ စသည်။

ယခု ထွက်ရှိလာမည့် မော်ဒယ်သစ်၏ ဈေးနှုန်းကိုမူ မသိရသေးချေ။


(BYD Han မော်ဒယ်သစ်၏ ဘေးဖက်မြင်ကွင်း။ ဓာတ်ပုံ Credit-CNC)

Soueast S09 2025

2,590 သိန်း

Jetour X70 2020

1,680 သိန်း

Soueast DX3 2020

1,580 သိန်း

Suzuki Carry 2007

556 သိန်း

Toyota Vitz 2006

810 သိန်း

GAC GN8 2020

3,200 သိန်း

Suzuki Ertiga 2017

1,380 သိန်း

Toyota Mark X 2006

1,350 သိန်း

Honda Fit GE6 2009

Call for Price

Toyota Alphard 2008

3,200 သိန်း

((EV ဗားရှင်း ၃ မျိုးနှင့် Plug-in Hybrid တစ်မျိုး))

နောက်ယက် ဗားရှင်း နှစ်မျိုး လာမည် ဖြစ်သည်။

Standard model မှာ အထွက်အား 245 kW (329 hp) ရှိပြီး 76.7 kWh LFP Blade ဘက်ထရီ သုံးထားသည်။

CLTC စံနှုန်းအရ မောင်းနိုင်မည့် range မှာ ၇၇၅ ကီလို ဖြစ်သည်။

အားပိုကောင်းသော နောက်ယက်ဗားရှင်းတွင် 88.7 kWh ဘက်ထရီနှင့် 300 kW (402 hp) မော်တာတို့ သုံးထားသည်။
မောင်းနိုင်မည့် CLTC range မှာ ၈၇၅ ကီလို ဖြစ်သည်။

AWD ဗားရှင်းတွင် 200 kW ရှေ့မော်တာနှင့် 320 kW နောက်မော်တာတို့ သုံးထားပြီး စုစုပေါင်းအထွက်အား 520 kW (697 hp) ရှိသည်။ မောင်းနိုင်မည့် CLTC range မှာ ကီလို ၇၃၀ ဖြစ်သည်။

Plug-in hybrid ဗားရှင်းတွင် 1.5-litre turbocharged အင်ဂျင်ကို 200 kW (268 hp) မော်တာနှင့် ပေါင်းစပ်ပေးထားသည်။ ဘက်ထရီမှာ 45.36 kWh ဖြစ်ပြီး မောင်းနိုင်မည့် CLTC range မှာ ကီလို ၄၀၀ ဖြစ်သည်။

BYD Flash Charging စနစ် support ပေးထားပြီး ၁၀ မှ ၉၇ ရာခိုင်နှုန်းအထိ အားသွင်းကြာချိန်မှာ ၉ မိနစ်သာ ဖြစ်သည်။

(မော်ဒယ်သစ် BYD Han ၏ နောက်ပိုင်းမြင်ကွင်း။ ဓာတ်ပုံ Credit- CNC)

(CarsDB Team မှ ရေးသား ဖော်ပြသည်။)

Credit: CarsDB.com

Ref: Next-generation BYD Han rolls off production line ahead of Guangzhou Auto Show (carnewschina)

မူရင်းသတင်း — CarsDB